ဘိုင်ယန်မြူးနစ်ကို သုံးဂိုးပြတ်ရှုံးနိမ့်ခြင်းမှာ ချယ်လ်ဆီးအသင်းအတွက် ဥရောပပြိုင်ပွဲများတွင်ဂိုးအပြတ်ဆုံး အိမ်ကွင်းရှုံးနိမ့်မှုအဖြစ် မှတ်တမ်းဝင်ခဲ့ပြီး ယခုရာသီ ပြိုင်ပွဲစုံအိမ်ကွင်းရှုံးပွဲ ရှစ်ပွဲရှိလာ

Photos: AFP
Photos: AFP
Published 26 February 2020

ချယ်လ်ဆီးအသင်းသည် အိမ်ကွင်း၌ကစားရသော်လည်း ဘိုင်ယန်မြူးနစ်ကို အဘက်ဘက်မှမယှဉ်နိုင်ဘဲ ပွဲချိန်တစ်လျှောက်လုံး ဖိအားပေးခံခဲ့ရပြီး ၅၁၊ ၅၄ မိနစ်တွင် နာဘရီနှင့် ၇၆ မိနစ်တွင် လီဝန်ဒေါစကီးတို့၏သွင်းဂိုးများ ခွင့်ပြုခဲ့ရခြင်းဖြစ်သည်။ ယင်းပွဲရလဒ်မှာ ချယ်လ်ဆီးအတွက် ဥရောပပြိုင်ပွဲ၌ ဂိုးအပြတ်ဆုံး အိမ်ကွင်းရှုံးနိမ့်မှုဖြစ်သလို ၁၉၈၅- ၁၉၈၆ ရာသီတွင် ပြိုင်ပွဲစုံအိမ်ကွင်းရှုံးပွဲ ရှစ်ပွဲရှိခဲ့သည့်စံချိန်ကိုလည်း လိုက်မီသွားပြီဖြစ်သည်။

ဘိုင်ယန်မြူးနစ်အသင်းအား အိမ်ကွင်း၌ သုံးဂိုးပြတ်ရှုံးနိမ့်ခြင်းမှာ ချယ်လ်ဆီးအသင်းအတွက် ဥရောပပြိုင်ပွဲများတွင် ဂိုးအပြတ်ဆုံး အိမ်ကွင်းရှုံးနိမ့်မှုအဖြစ် မှတ်တမ်းဝင်ခဲ့ပြီး ယခုရာသီ ပြိုင်ပွဲစုံအိမ်ကွင်းရှုံးပွဲမှာလည်း ရှစ်ပွဲအထိရှိလာကြောင်း သိရသည်။

မနေ့က ယှဉ်ပြိုင်ကစားသည့် ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပထမအကျော့ တတိယနေ့ပွဲစဉ်တွင် ဘိုင်ယန်မြူးနစ်အသင်းက ချယ်လ်ဆီးအသင်းကို အဝေးကွင်း၌ (၃-၀) ဂိုးဖြင့် ဂိုးပြတ်အနိုင်ရခဲ့ခြင်းဖြစ်သည်။ 

ချယ်လ်ဆီးအသင်းသည် အိမ်ကွင်း၌ကစားရသော်လည်း ဘိုင်ယန်မြူးနစ်ကို အဘက်ဘက်မှမယှဉ်နိုင်ဘဲ ပွဲချိန်တစ်လျှောက်လုံး ဖိအားပေးခံခဲ့ရပြီး ၅၁၊ ၅၄ မိနစ်တွင် နာဘရီနှင့် ၇၆ မိနစ်တွင် လီဝန်ဒေါစကီးတို့၏သွင်းဂိုးများ ခွင့်ပြုခဲ့ရခြင်းဖြစ်သည်။ ယင်းပွဲရလဒ်မှာ ချယ်လ်ဆီးအတွက် ဥရောပပြိုင်ပွဲ၌ ဂိုးအပြတ်ဆုံး အိမ်ကွင်းရှုံးနိမ့်မှုဖြစ်သလို ၁၉၈၅- ၁၉၈၆ ရာသီတွင် ပြိုင်ပွဲစုံအိမ်ကွင်းရှုံးပွဲ ရှစ်ပွဲရှိခဲ့သည့်စံချိန်ကိုလည်း လိုက်မီသွားပြီဖြစ်သည်။

သို့ဖြစ်ရာ ချယ်လ်ဆီးအသင်းနည်းပြ လမ်းပတ်က "ဘိုင်ယန်မြူးနစ်ရဲ့အဆင့်အတန်းက အရမ်းကောင်းလွန်းပါတယ်။ ကျွန်တော့် ကစားသမားတွေအတွက်တော့ သင်ခန်းစာ ကောင်းကောင်းယူရမှာပါ။ ဒါက ချန်ပီယံလိဂ်ရဲ့ ပကတိအခြေအနေမှန်ပါပဲ။ ပွဲစချိန်ကနေ ပြီးဆုံးချိန်အထိ ယုံကြည်မှုမရှိတဲ့အချက်က ကျွန်တော့်အတွက် စိတ်အပျက်ရဆုံးပါပဲ" ဟု ပြောကြားခဲ့သည်။ 

ယင်းပွဲတွင် ထုတ်ပယ်ခံရသည့် အလွန်ဆိုနှင့် အဝါကတ်ပြခံရသည့် ဂျော်ဂျင်ဟိုမှာ ဒုတိယအကျော့ပွဲကို လွဲချော်မည်ဖြစ်သည်။

Most Read

Most Recent