နည်းပြချင်းပြိုင်ဆိုင်မှုမဟုတ်ဘဲ အသင်းချင်းပြိုင်ဆိုင်မှုသာ ဖြစ်ကြောင်း ဇီဒန်း ပြောကြား

နည်းပြချင်းပြိုင်ဆိုင်မှုမဟုတ်ဘဲ အသင်းချင်းပြိုင်ဆိုင်မှုသာ ဖြစ်ကြောင်း ဇီဒန်း ပြောကြား
Photo: Getty Images
Photo: Getty Images
Published 25 February 2020

ရီးယဲလ်မက်ဒရစ်အသင်းနည်းပြ ဇီဒန်းက မိမိနှင့် ဂွါဒီယိုလာ ယှဉ်ပြိုင်မှုဟု မီဒီယာများ ဖော်ပြနေခြင်းကို ငြင်းဆန်ပယ်ချခဲ့ပြီး နည်းပြချင်းပြိုင်ဆိုင်မှုမဟုတ်ဘဲ အသင်းချင်းပြိုင်ဆိုင်မှုသာဖြစ်ကြောင်း ပြောကြားခဲ့သည်။

ရီးယဲလ်မက်ဒရစ်အသင်းသည် ချန်ပီယံလိဂ်ရှုံးထွက် (၁၆)သင်းအဆင့် ပထမအကျော့ပွဲစဉ်အဖြစ် ဖေဖော်ဝါရီ (၂၆)ရက်တွင် နည်းပြ ဂွါဒီယိုလာ၏ မန်စီးတီးအသင်းကို အိမ်ကွင်း ဘာနေဗျူးတွင် လက်ခံကစားရမည်ဖြစ်သည်။ 

ဇီဒန်းက မန်စီးတီးနည်းပြ ဂွါဒီယိုလာမှာ မိမိအတွက် ကမ္ဘာ့အကောင်းဆုံးနည်းပြဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဇီဒန်းက "မီဒီယာတွေ ဖော်ပြနေသလို ဇီဒန်း Vs ဂွါဒီယိုလာ မဟုတ်ပါဘူး။ ရီးယဲလ် Vs မန်စီးတီးသာ ဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ အရမ်းကောင်းတဲ့ နည်းပြတွေ အများကြီးရှိပါတယ်။ ဒါပေမဲ့ ကျွန်တော့်အတွက် ဂွါဒီယိုလာ အကောင်းဆုံးနည်းပြပါ။ ဂွါဒီယိုလာအနေနဲ့ ဒါကို ဘာစီလိုနာနဲ့ ဘိုင်ယန်မြူးနစ်အသင်းတွေမှာ သက်သေပြပြီးပါပြီ။ ဂွါဒီယိုလာနဲ့ ကျွန်တော် စကားပြောခဲ့ဖူးပါတယ်။ သူဟာ အလွန်ရိုးသားပြီး ကျွန်တော်တို့အကြား အလွန်ကောင်းတဲ့ စကားဝိုင်းတစ်ခု ဖြစ်ခဲ့ပါတယ်။ ရီးယဲလ်မက်ဒရစ်နဲ့ မန်စီးတီးပွဲဟာ အရမ်းကောင်းတဲ့ ပွဲစဉ်တစ်ပွဲ ဖြစ်လာမှာပါ"ဟု ပြောကြားခဲ့သည်။ 

ထို့ပြင် ဇီဒန်းက မိမိတို့အနေဖြင့် ဘာနေဗျူးကွင်းတွင် ကစားမည့် မန်စီးတီးအသင်းနှင့် ချန်ပီယံလိဂ်ရှုံးထွက် (၁၆) သင်းအဆင့်ပွဲစဉ်၌ အသင်းပရိသတ်များ ဂုဏ်ယူနိုင်အောင် အစွမ်းကုန်ကြိုးစားသွားမည်ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။