ဆန်းချက်ဇ်အား ရာသီကုန်တွင် မန်ယူအသင်းသို့ ပြန်လည် ပို့ဆောင်ရန် အင်တာမီလန် စီစဉ်

ဆန်းချက်ဇ်အား ရာသီကုန်တွင် မန်ယူအသင်းသို့ ပြန်လည် ပို့ဆောင်ရန် အင်တာမီလန် စီစဉ်
Published 24 February 2020

 

စီးရီးအေကလပ် အင်တာမီလန်အသင်းသည် မန်ယူအသင်း၏ ချီလီတောင်ပံကစားသမားဖြစ်သူ ဆန်းချက်ဇ်အား ယခုရာသီကုန်တွင် မန်ယူအသင်း သို့ ပြန်လည်ပို့ဆောင်ရန် စီစဉ်နေကြောင်း သိရှိရသည်။ 

အီတလီသတင်းစာ Tuttsports ၏ ဖော်ပြချက်အရ အင်တာမီလန်အသင်းတာဝန်ရှိသူများသည် ဆန်းချက်ဇ်အား အပြီးသတ်ဝယ်ယူရန် ဆန္ဒမရှိကြောင်း သိရသည်။ 

၎င်းအား ပြီးခဲ့သည့်နွေရာသီက အငှားခေါ်ယူစဉ်ကပင် ရာသီကုန်တွင် အပြီးခေါ်ယူမည်ဆိုသည့်အချက်ကို ထည့်သွင်းချုပ်ဆိုထားခြင်းမရှိဘဲ အငှားစာချုပ်သက်သက်ဖြင့်သာ ခေါ်ယူ  ခဲ့ခြင်းဖြစ်ကြောင်းလည်း သိရှိရသည်။ 

ဆန်းချက်ဇ် ၏ လစာငွေမှာ တစ်နှစ်လျှင် ယူရို(၁၂)သန်းခန့်ရှိရာ ယင်းပမာဏမှာလည်း အင်တာမီလန်အသင်းအတွက် များပြားသည့်ပမာဏတစ်ခုဖြစ်နေကြောင်း သိရသည်။ 

ဆန်းချက်ဇ်သည် အင်တာမီလန်အသင်းတွင် ယခုရာသီ၌ စီးရီးအေပွဲစဉ်(၈)ပွဲအပါအဝင် ပြိုင်ပွဲစုံ(၁၃)ပွဲကစားထားပြီး အသင်းအတွက် တစ်ဂိုးသာသွင်းယူထားနိုင်ကြောင်း သိရှိရသည်။ 

ဆန်းချက်ဇ်သည် မန်ယူအသင်းတွင်လည်း ပြိုင်ပွဲစုံ (၄၅)ပွဲကစားရာ၌ (၅)ဂိုးသာသွင်းယူနိုင်ခဲ့သည်။

 

Most Read

Most Recent