အီဂါလိုကို မမှတ်မိသည့်အတွက် လေ့ကျင့်ရေးကွင်းအတွင်းမှမန်ချက်စတာတက္ကသိုလ်အမျိုးသမီးဘောလုံးသမားများ နှင်ထုတ်ခဲ့

အီဂါလိုကို မမှတ်မိသည့်အတွက် လေ့ကျင့်ရေးကွင်းအတွင်းမှမန်ချက်စတာတက္ကသိုလ်အမျိုးသမီးဘောလုံးသမားများ နှင်ထုတ်ခဲ့
Photos: Getty Images
Photos: Getty Images
Published 23 February 2020

မန်ချက်စတာမြို့ရှိ Wythenshawe လေ့ကျင့်ရေးကွင်းတွင် တစ်ဦးတည်းလေ့ကျင့်ရေးပြုလုပ်နေသော အီဂါလိုကို ယင်းကွင်းသို့ရောက်ရှိလာသော မန်ချက်စတာတက္ကသိုလ် အမျိုးသမီးဘောလုံးအသင်းမှ ကစားသမားများကမှတ်မိခြင်းမရှိသဖြင့် နှင်ထုတ် ခဲ့ခြင်းဖြစ်သည်။ 

 

မန်ယူအသင်း၏နိုင်ဂျီးရီးယား တိုက်စစ်မှူး အီဂါလိုအား မန်ချက်စတာတက္ကသိုလ်အမျိုးသမီးဘောလုံးအသင်းမှ ကစားသမားများက မမှတ်မိ၍ လေ့ကျင့်ရေးကွင်းအတွင်းမှ နှင်ထုတ်ခဲ့ကြောင်း သိရှိရသည်။

ယင်းအဖြစ်အပျက်မှာ ပြီးခဲ့သည့် ဆောင်းရာသီအလှည့်ကျအနားပေးချိန်ကာလအတွင်း ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။ မန်ယူအသင်းသည် နားရက်ကာလအတွင်း စပိန်နိုင်ငံသို့ လေ့ကျင့်ရေးခရီးထွက်ခွာရာတွင် အီဂါလိုမှာ အသင်းနှင့်အတူ မလိုက်ပါဘဲ မန်ချက်စတာမြို့တွင်သာ ကျန်နေရစ်ခဲ့သည်။ 

တရုတ်စူပါလိဂ်မှ ရောက်ရှိလာသော အီဂါလို သည် ဝူဟန်ဗိုင်းရပ်စ်ပြဿနာကြောင့် ဗြိတိန်မှ ထွက်ခွာအပြီးတွင် ပြည်ဝင်ခွင့်ပြန်မရမည်ကို စိုးရိမ်သဖြင့် မန်ချက်စတာမြိုတွင် ကျန်နေရစ်ခြင်းဖြစ်သည်။

မန်ချက်စတာမြို့ရှိ Wythenshawe လေ့ကျင့်ရေးကွင်းတွင် တစ်ဦးတည်းလေ့ကျင့်ရေးပြုလုပ်နေသော အီဂါလိုကို ယင်းကွင်းသို့ရောက်ရှိလာသော မန်ချက်စတာတက္ကသိုလ် အမျိုးသမီးဘောလုံးအသင်းမှ ကစားသမားများကမှတ်မိခြင်းမရှိသဖြင့် နှင်ထုတ် ခဲ့ခြင်းဖြစ်သည်။ 

ယင်းလေ့ကျင့်ရေးကွင်းရှိ အကူဝန်ထမ်းတစ်ဦးက ၎င်းအားမှတ်မိခဲ့ပြီး ကြားဝင်ဖျန်ဖြေပေးခဲ့သဖြင့် အီဂါလိုမှာ ပြီးဆုံးသည်အထိ ပြန်လည်လေ့ကျင့်ခွင့်ရရှိခဲ့ကြောင်း မျက်မြင်တွေ့ရှိသူတစ်ဦးကပြောကြားခဲ့သည်။

 

Most Read

Most Recent