ကမ္ဘာ့ပြောင်းရွှေ့ကြေးအမြင့်ဆုံးဂိုးသမား ကယ်ပါကို ပွဲထွက်စာရင်းမှ ချန်လှပ်နေခြင်းအတွက်ဘုတ်အဖွဲ့နှင့် ပြဿနာမရှိဟု ချယ်လ်ဆီးအသင်းနည်းပြ လမ်းပတ် တုံ့ပြန်

ကမ္ဘာ့ပြောင်းရွှေ့ကြေးအမြင့်ဆုံးဂိုးသမား ကယ်ပါကို ပွဲထွက်စာရင်းမှ ချန်လှပ်နေခြင်းအတွက်ဘုတ်အဖွဲ့နှင့် ပြဿနာမရှိဟု ချယ်လ်ဆီးအသင်းနည်းပြ လမ်းပတ် တုံ့ပြန်
Photos: Getty Images
Photos: Getty Images
Published 23 February 2020

၂၀၁၈ ခုနှစ် နွေရာသီတွင် ဘီလ်ဘာအိုအသင်းမှ ချယ်လ်ဆီး အသင်းသို့ ဂိုးသမားများအတွက် ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၇၂ သန်း (ယူရိုသန်း ၈၀) ဖြင့် ရောက်ရှိလာသူ ကယ်ပါသည် မနေ့က စပါးအသင်းနှင့် ယှဉ်ပြိုင် ကစားသည့် လန်ဒန်ဒါဘီပွဲအပါအဝင် လေးပွဲဆက်တိုက် ပွဲထွက်စာရင်းမှ ချန်လှပ်ခံခဲ့ရသည်။ 

 

ချယ်လ်ဆီးအသင်းနည်းပြ လမ်းပတ်က ကမ္ဘာ့ပြောင်းရွှေ့ကြေးအမြင့်ဆုံးဂိုးသမား ကယ်ပါကို ပွဲထွက်စာရင်းမှ ဆက်တိုက်ချန်လှပ်နေခြင်းအတွက် ဘုတ်အဖွဲ့နှင့် မည်သည့်ပြဿနာမျှမရှိကြောင်း တုံ့ပြန်ပြောကြားခဲ့သည်။

၂၀၁၈ ခုနှစ် နွေရာသီတွင် ဘီလ်ဘာအိုအသင်းမှ ချယ်လ်ဆီး အသင်းသို့ ဂိုးသမားများအတွက် ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၇၂ သန်း (ယူရိုသန်း ၈၀) ဖြင့် ရောက်ရှိလာသူ ကယ်ပါသည် မနေ့က စပါးအသင်းနှင့် ယှဉ်ပြိုင် ကစားသည့် လန်ဒန်ဒါဘီပွဲအပါအဝင် လေးပွဲဆက်တိုက် ပွဲထွက်စာရင်းမှ ချန်လှပ်ခံခဲ့ရသည်။ 

၎င်းသည် ယခုရာသီ ပွဲစဉ် ၂၄ ပြီးဆုံးချိန်အထိ ပွဲထွက်ကစားသမားအဖြစ် ဆက်တိုက်ကစားခွင့်ရခဲ့သော်လည်း အမှားများလာသဖြင့် အာဆင်နယ် အသင်းနှင့် နှစ်ဂိုးစီသရေကျသည့် လန်ဒန်ဒါဘီပွဲနောက်ပိုင်း ပွဲထွက်စာရင်းမှ ချန်လှပ်ခံထားရခြင်းဖြစ်သည်။ ၎င်းအား ချန်လှပ်ထားခြင်းကြောင့် အနာဂတ်တွင် ပြန်လည်ရောင်းချလိုပါက အကျိုးအမြတ် လျော့နည်းနိုင်သဖြင့် ဘုတ်အဖွဲ့နှင့် လမ်းပတ်အကြား ပြဿရှိလာနိုင်ကြောင်း ဗြိတိန်မီဒီယာများက ခန့်မှန်းဖော်ပြလျက်ရှိသည်။ 

သတင်းစာရှင်းလင်းပွဲတွင် ယင်းအခြေအနေနှင့်ပတ်သက်၍ သတင်းထောက်များက မေးမြန်းရာ လမ်းပတ်က " ပြဿနာရှိတယ်ဆိုတာ လုံးဝမဟုတ်ပါဘူး။ အဲဒီခေါင်းကြီးပိုင်းသတင်းတွေက လူတွေစိတ်ဝင်စားလာအောင်လုပ်နေကြတာပါ။ ကျွန်တော်က ဘုတ်အဖွဲ့အပြင် အသင်းမှာရှိသူအားလုံးနဲ့ အတူတူပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့တွေအားလုံးက အကောင်းဆုံးဆိုတာတွေပဲ ဖြစ်ချင်ကြလို့ပါ။ ပြီးတော့ ကျွန်တော်က ဆုံးဖြတ်ချက်တွေချရတဲ့သူပါ။ ဂိုးသမား နေရာအတွက်လည်း ကျွန်တော်ပဲ ဆုံးဖြတ်တာပါ။ မကြာသေးခင်က အပြောင်းအလဲလုပ်ခဲ့တယ်ဆိုပေမဲ့ ဒါက နောက်ဆုံးအခြေအနေမဟုတ်ပါဘူး။ ကယ်ပါအပါအဝင် ကစားသမားအားလုံးအနေနဲ့ ကောင်းမွန်တဲ့ ကြိုးစားအားထုတ်မှုနဲ့ လေ့ကျင့်ကြဖို့ ကျွန်တော်မှာထားပြီးသားပါ။ အခြေအနေတွေက အပြောင်းအလဲ ဖြစ်နိုင်ပါသေးတယ်။ ဒါပေမဲ့ အသင်းအတွက် အကောင်းဆုံးတွေပဲဖြစ်ချင်ပါတယ်"  ဟု ပြန်လည်ဖြေကြားခဲ့သည်။

ချယ်လ်ဆီးအသင်းသည် ဖေဖော်ဝါရီ ၂၅ ရက်တွင် ချန်ပီယံလိဂ် ပထမအကျော့အဖြစ် ဘိုင်ယန်မြူးနစ်၊ ဖေဖော်ဝါရီ ၂၉ ရက်တွင် ဘုန်းမောက်၊ မတ် ၃ ရက်တွင် FA ဖလားပွဲအဖြစ် လီဗာပူးလ်တို့နှင့် ကစားရမည်ဖြစ်ရာ ကွင်းလယ်လူ ကွန်တေ၏ ဒဏ်ရာပြဿနာမှာ ထိုးနှက်ချက် ဖြစ်သည်ဟု လမ်းပတ်က ဆိုခဲ့သည်။

 

Most Read

Most Recent