လိုက်ပ်ဇစ်ကို ကျော်ဖြတ်ပြီး ချန်ပီယံလိဂ် ကွာတားဖိုင်နယ်တက်ရောက်နိုင်မည်ဟု ယုံကြည်ကြောင်း လူးကပ်စ်မော်ရာ ပြောကြား

လိုက်ပ်ဇစ်ကို ကျော်ဖြတ်ပြီး ချန်ပီယံလိဂ် ကွာတားဖိုင်နယ်တက်ရောက်နိုင်မည်ဟု ယုံကြည်ကြောင်း လူးကပ်စ်မော်ရာ ပြောကြား
Photo: Getty Images
Photo: Getty Images
Published 22 February 2020

စပါးအသင်းတောင်ပံကစားသမား လူးကပ်စ်မော်ရာက လိုက်ပ်ဇစ်အသင်းကို အိမ်ကွင်းတွင် ရှုံးနိမ့်ခဲ့သော်လည်း မိမိတို့အနေဖြင့် ချန်ပီယံလိဂ်ကွာတားဖိုင်နယ်အဆင့်သို့ တက်ရောက်နိုင်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။ 

စပါးအသင်းတောင်ပံကစားသမား လူးကပ်စ်မော်ရာက လိုက်ပ်ဇစ်အသင်းကို အိမ်ကွင်းတွင် ရှုံးနိမ့်ခဲ့သော်လည်း မိမိတို့အနေဖြင့် ချန်ပီယံလိဂ်ကွာတားဖိုင်နယ်အဆင့်သို့ တက်ရောက်နိုင်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။ 

စပါးအသင်းသည် ဖေဖော်ဝါရီ (၁၉)ရက်က ကစားခဲ့သည့် ချန်ပီယံလိဂ်ရှုံးထွက် (၁၆)သင်းအဆင့် ပထမအကျော့တွင် အိမ်ကွင်း၌ လိုက်ပ်ဇစ်အသင်းကို (၀-၁)ဂိုးဖြင့် ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။ 

သို့သော် လူးကပ်စ်မော်ရာက မိမိတို့အနေဖြင့် လိုက်ပ်ဇစ်အသင်းကို ကျော်ဖြတ်နိုင်မည်ဟု ယုံကြည်ကြောင်းနှင့် အဓိကတိုက်စစ်မှူးဒဏ်ရာရနေခြင်းကို ဆင်ခြေပေးနေမည်မဟုတ်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ 

လူးကပ်စ်မော်ရာက "လိုက်ပ်ဇစ်နဲ့ပွဲက ရလဒ်က ကျွန်တော်တို့ ပြောင်းလဲပစ်နိုင်ပါတယ်။ ပွဲက မပြီးသေးပါဘူး။ ဒီရလဒ်က ကျွန်တော်တို့ လိုချင်တဲ့ ရလဒ် မဟုတ်ပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ အကောင်းဆုံးကစားနိုင်ခဲ့ပါတယ်။ ဂိုးသွင်းခွင့်တွေလည်း ရခဲ့တယ်။ ကျွန်တော်တို့အနေနဲ့ ဒုတိယအကျော့အတွက် ပြင်ဆင်ရမှာဖြစ်ပြီး နောက်တစ်ဆင့် တက်ရောက်နိုင်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ ကျွန်တော်တို့အနေနဲ့ လက်ရှိမှာ အသင်းရဲ့ အကောင်းဆုံးတိုက်စစ်မှူး(၂)ဦးကို ဆုံးရှုံးထားရပေမယ့် ဒါကို ဆင်ခြေပေးနေလို့ မရပါဘူး"ဟု ပြောကြားခဲ့သည်။ 

စပါးအသင်းတွင် အဓိကတိုက်စစ်မှူးများဖြစ်သည့် ဟာရီကိန်းနှင့် ဆွန်ဟောင်မင်တို့မှာ ဒဏ်ရာပြဿနာကြောင့် ဧပြီလအထိ အနားယူရမည်ဖြစ်ရာ တိုက်စစ်ပိုင်းပြဿနာများနှင့် ရင်ဆိုင်နေရသည်။ 

စပါးအသင်းသည် ယခုရာသီပြိုင်ပွဲစုံ (၆၆)ဂိုး သွင်းယူထားရာတွင် ဟာရီကိန်းနှင့် ဆွန်ဟောင်မင်တို့၏ နှစ်ဦးပေါင်းသွင်းဂိုးမှာ (၃၃) ဂိုးအထိ ရှိနေသည်။