အတ္တလန်တာနှင့်ပွဲစဉ်မှာ ခက်ခဲမည်ဖြစ်ကြောင်း အသင်းဖော်များကို ဆိုလာ သတိပေး

အတ္တလန်တာနှင့်ပွဲစဉ်မှာ ခက်ခဲမည်ဖြစ်ကြောင်း အသင်းဖော်များကို ဆိုလာ သတိပေး
Photo: Getty Images
Photo: Getty Images
Published 19 February 2020

ဗလင်စီယာကွင်းလယ်လူ ဆိုလာက အတ္တလန်တာနှင့်ပွဲစဉ်မှာ ခက်ခဲမည်ဖြစ်ကြောင်း အသင်းဖော်များကို သတိပေးပြောကြားခဲ့သည်။ 

ဗလင်စီယာကွင်းလယ်လူ ဆိုလာက အတ္တလန်တာနှင့်ပွဲစဉ်မှာ ခက်ခဲမည်ဖြစ်ကြောင်း အသင်းဖော်များကို သတိပေးပြောကြားခဲ့သည်။ 

ဗလင်စီယာအသင်းသည် ချန်ပီယံလိဂ်ရှုံးထွက် (၁၆)သင်းအဆင့် ပထမအကျော့ပွဲစဉ်အဖြစ် (မြန်မာစံတော်ချိန် ကြာသပတေးနံနက် ၂:၃၀ နာရီတွင်) အတ္တလန်တာအသင်းကို အဝေးကွင်း၌ ယှဉ်ပြိုင်ရမည်ဖြစ်သည်။ 

ဗလင်စီယာအသင်းအနေဖြင့် ချန်ပီယံလိဂ်ရှုံးထွက် (၁၆)သင်းအဆင့်တွင် အတ္တလန်တာအသင်းနှင့် တွေ့ဆုံခြင်းမှာ ကံကောင်းသည်ဟု ပရိသတ်များပြောဆိုနေကြသော်လည်း ဆိုလာက အတ္တလန်တာမှာ အသင်းကောင်းတစ်သင်းဖြစ်ပြီး မိမိတို့အနေဖြင့် သတိထားကစားရမည်ဖြစ်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ 

ဆိုလာက "လူတွေကတော့ အတ္တလန်တာအသင်းနဲ့ တွေ့တာ ဗလင်စီယာအသင်းအတွက် ကံကောင်းတယ်လို့ ပြောနေကြပါတယ်။ ဒါပေမဲ့ အတ္တလန်တာအသင်းမှာ အရည်အချင်းရှိတဲ့ ကစားသမားတွေ အများကြီးရှိပါတယ်။ ပြီးတော့ အတ္တလန်တာက စီးရီးအေပြိုင်ပွဲမှာ ခြေစွမ်းပြနေတဲ့အသင်းဖြစ်လို့ ကျွန်တော်တို့အနေနဲ့ ပွဲအစအဆုံးအာရုံစူးစိုက်မှုအပြည့်နဲ့ ကစားဖို့ လိုပါတယ်။ ဇာပါတာ၊ မူရီရယ်လ်၊ အီလီချစ်နဲ့ ဂိုဆန်တို့က ကျွန်တော်တို့အသင်းကို ကောင်းကောင်းဒုက္ခပေးနိုင်သူတွေပါ။ ပြီးတော့ ပါပူးဂိုးမက်ဇ်ကလည်း အရမ်းကောင်းပါတယ်"ဟု ပြောကြားခဲ့သည်။ 

ဗလင်စီယာအသင်းသည် အတ္တလန်တာအသင်းနှင့်ကစားမည့်ပွဲစဉ်တွင် အသင်းအဓိက ကစားသမားများ ဒဏ်ရာပြဿနာများနှင့် ရင်ဆိုင်နေရခြင်းကြောင့် အခက်အခဲများနှင့် ရင်ဆိုင်ရဖွယ်ရှိနေကြောင်း စပိန်မီဒီယာများက သုံးသပ်ခဲ့ကြသည်။ 

သို့သော် ဆိုလာက မိမိတို့အနေဖြင့် အတ္တလန်တာအသင်းကို အကောင်းဆုံးယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်းနှင့် အိမ်ကွင်းတွင် ကစားရမည့် ဒုတိယအကျော့ပွဲစဉ်မှာ အဆုံးအဖြတ်ဖြစ်လာမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ 

 

 

Most Read

Most Recent