ချန်ပီယံလိဂ်ပွဲစဉ်မတိုင်မီ ဆီမြွန်နီနှင့် ကလော့ပ် အပြန်အလှန်ချီးကျူးမှုများ ပြုလုပ်

ချန်ပီယံလိဂ်ပွဲစဉ်မတိုင်မီ ဆီမြွန်နီနှင့် ကလော့ပ် အပြန်အလှန်ချီးကျူးမှုများ ပြုလုပ်
Photos: Getty Images
Photos: Getty Images
Published 18 February 2020

အက်သလက်တီကိုအသင်းနည်းပြ ဆီမြွန်နီနှင့် လီဗာပူးလ်အသင်းနည်းပြ ယာဂန်ကလော့ပ်တို့သည် ချန်ပီယံလိဂ်ရှုံးထွက် (၁၆)သင်းအဆင့်ပွဲစဉ်မတိုင်မီ အပြန်အလှန်ချီးကျူးပြောဆိုမှုများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။ 

အက်သလက်တီကိုအသင်းနည်းပြ ဆီမြွန်နီနှင့် လီဗာပူးလ်အသင်းနည်းပြ ယာဂန်ကလော့ပ်တို့သည် ချန်ပီယံလိဂ်ရှုံးထွက် (၁၆)သင်းအဆင့်ပွဲစဉ်မတိုင်မီ အပြန်အလှန်ချီးကျူးပြောဆိုမှုများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။ 

အက်သလက်တီကိုနှင့် လီဗာပူးလ်အသင်းတို့သည် ယနေ့ည (မြန်မာစံတော်ချိန် ဗုဒ္ဓဟူးနံနက် ၂:၃၀ နာရီ)တွင် ချန်ပီယံလိဂ်ရှုံးထွက် (၁၆)သင်းအဆင့် ပထမအကျော့ပွဲစဉ်အဖြစ် အက်သလက်တီကိုအသင်း၏ အိမ်ကွင်း ဝန်ဒါမက်ထရိုပိုလီတာနိုတွင် ကစားကြမည်ဖြစ်သည်။ 

ယင်းပွဲအကြို ပြုလုပ်ခဲ့သည့် မီဒီယာတွေ့ဆုံပွဲတွင် နှစ်ဖက်အသင်းနည်းပြများသည် ပြိုင်ဘက်များကို ချီးကျူးပြောဆိုမှုများပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ 

အက်သလက်တီကိုအသင်းနည်းပြ ဆီမြွန်နီက ကလော့ပ်၏ လီဗာပူးလ်အသင်းမှာ ဘောလုံးလောက၏ ထာဝရအကောင်းဆုံး အသင်းများထဲတွင် တစ်သင်းအပါအဝင်ဖြစ်လာမည်ဖြစ်ပြီး လီဗာပူးလ်အသင်းသည် ခေတ်တစ်ခုကို တည်ဆောက်နိုင်လိမ့်မည်ဟု ချီးကျူးပြောကြားခဲ့သည်။ 

လီဗာပူးလ်အသင်းနည်းပြ ကလော့ပ်ကလည်း မိမိအနေဖြင့် အက်သလက်တီကိုအသင်းမှာ လက်ရှိတွင် အခက်အခဲများနှင့် ရင်ဆိုင်နေရသော်လည်း အသင်းတိုင်းကို ဒုက္ခပေးနိုင်စွမ်းရှိသည့်အသင်းဖြစ်ပြီး မိမိအနေဖြင့် အက်သလက်တီကိုနည်းပြ ဆီမြွန်နီ၏ စိတ်အားပြင်းပြမှုကို လိုက်မမီနိုင်ကြောင်း ပြောကြားခဲ့သည်။ 

 

Most Read

Most Recent