Laureus အကောင်းဆုံးဆုကို မက်ဆီနှင့် ဟာမီလ်တန် ပူးတွဲဆွတ်ခူး

Laureus အကောင်းဆုံးဆုကို မက်ဆီနှင့် ဟာမီလ်တန် ပူးတွဲဆွတ်ခူး
Photos: Laureus Twitter, AFP & AP
Photos: Laureus Twitter, AFP & AP
Published 18 February 2020

Laureus တစ်နှစ်တာအကောင်းဆုံး အမျိုးသားအားကစားသမားဆုကို ဘာစီလိုနာအသင်းတိုက်စစ်မှူး မက်ဆီနှင့် မာစီဒီးစ်အသင်းမှ ဗြိတိန်နာမည်ကြီးဖော်မြူလာဝမ်း ကားမောင်းသမား ဟာမီလ်တန်တို့က ပူးတွဲ ရရှိခဲ့သည်။

Laureus တစ်နှစ်တာအကောင်းဆုံး အမျိုးသားအားကစားသမားဆုကို ဘာစီလိုနာအသင်းတိုက်စစ်မှူး မက်ဆီနှင့် မာစီဒီးစ်အသင်းမှ ဗြိတိန်နာမည်ကြီးဖော်မြူလာဝမ်း ကားမောင်းသမား ဟာမီလ်တန်တို့က ပူးတွဲ ရရှိခဲ့သည်။

    

၂၀၂၀ Laureus ဆုပေးပွဲအခမ်းအနားကို ဂျာမနီနိုင်ငံ၊ ဘာလင်မြို့၌ ဖေဖော်ဝါရီ (၁၇) ရက်က ကျင်းပခဲ့ပြီး မက်ဆီမှာ ဆုပေးပွဲအခမ်းအနားသို့ တက်ရောက်နိုင်ခြင်းမရှိခဲ့ကြောင်း သိရသည်။ 

သို့သော် ဘာစီလိုနာအသင်း၏ Twitter စာမျက်နှာ$ တင်ရှိထားသည့် ဗီဒီယိုဖိုင်တွင် ယင်းဆုရရှိခြင်းနှင့်ပတ်သက်ပြီး မက်ဆီက "အသင်းလိုက်အားကစားနည်းတစ်ခုကနေ ဒီဆုကို ပထမဆုံးဆွတ်ခူးနိုင်တဲ့ အားကစားသမားဖြစ်လို့ ကျွန်တော်  ဂုဏ်ယူမိပါတယ်"ဟု ပြောကြားခဲ့သည်။ 

မက်ဆီသည် ယင်းဆုကို ပထမဆုံးရရှိသည့်ဘောလုံးသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပြီး အဆိုပါဆု၏ (၂၀)နှစ်တာသမိုင်းတွင်လည်း ပထမဆုံးအကြိမ် ပူးတွဲချီးမြှင့်မှုလည်းဖြစ်ခဲ့သည်။ 

တစ်နှစ်တာ အမျိုးသမီးအကောင်းဆုံးအားကစားသမားဆုကိုမူ အမေရိကန်ကျွမ်းဘားမယ် ဆီမွန်ဘိုင်းစ်က ဆွတ်ခူးရရှိခဲ့သည်။ ဆီမွန်ဘိုင်းစ်သည် ဂျာမနီနိုင်ငံ၊ စတုဂတ်မြို့တွင်ကျင်းပခဲ့သည့် ၂၀၁၉ ကမ္ဘာ့ချန်ပီယံရှစ်ပြိုင်ပွဲတွင် ရွှေတံဆိပ်(၅)ခုအထိ ဆွတ်ခူးခဲ့ပြီး ပြိုင်ပွဲသမိုင်းတွင် စံချိန်တင်အဖြစ် ရွှေတံဆိပ်စုစုပေါင်း (၂၅)ခုအထိ ရရှိခဲ့သည်။ 

 

ထို့ပြင် အသက် (၂၂) နှစ်အရွယ်သာရှိသေးသူ ၎င်းအနေဖြင့်  အဆိုပါဆုကို ၂၀၁၇၊ ၂၀၁၉ ခုနှစ်များ၌လည်း ရရှိခဲ့သောကြောင့် (၃)ကြိမ်မြောက်ဆွတ်ခူးခြင်း ဖြစ်ပြီး ဆရီနာဝီလျံ(၄ ကြိမ်)ပြီးနောက် ဒုတိယအအောင်မြင်ဆုံး အမျိုးသမီးအားကစားသမားဖြစ်လာခဲ့သည်။ 

အကောင်းဆုံးအား ကစားအသင်းဆုကို ကမ္ဘာ့ဖလားရပ်ဘီချန်ပီယံ တောင်အာဖရိကအသင်းက ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။ 

 

တောင်ဖရိကအသင်းသည် လီဗာပူးလ်ဘောလုံးကလပ်၊ အမေရိကန်အမျိုးသမီးဘောလုံးအသင်းများကို ကျော်ဖြတ်ကာ အကောင်းဆုံးဆု ဆွတ်ခူးခဲ့ခြင်းလည်းဖြစ်သည်။ အဆိုပါဆုပေးပွဲ အခမ်းအနားတွင် အထက်ပါ ဆု(၃)ဆုအပြင် အခြားဆုအမျိုးအစားပေါင်း (၈)မျိုးအထိ ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

 

 

Most Read

Most Recent