ဆောက်သမ်တန် နှင့် ဘန်လေ (စနေည ရးဝ၀ နာရီ)
စနေ အစောဆုံးပွဲအဖြစ်ကစားကြမယ့် ဒီနှစ်သင်းက ဇယားအလယ်ကအသင်းတွေဖြစ်ပြီး သူတို့ကြားမှာ ခြားနားမှုက ဂိုးကွာခြားချက်သာရှိတယ်။ လက်ရှိအချိန်မှာ နှစ်သင်းစလုံးရဲ့ခြေစွမ်းပိုင်းကလည်း ကျေနပ်စရာအနေအထားမှာရှိပါတယ်။ ဒါပေမဲ့ ဆောက်သမ်တန်ကစားတာပိုကောင်းပြီး၊ တိုက်စစ်ပိုင်းကလည်း ပိုအားရစရာကောင်းပါတယ်။ ဆောက်သမ်တန် နိုင်လိမ့်မယ်။
နောဝစ်ချ် နှင့် လီဗာပူးလ် (စနေည ၁၂းဝ၀ နာရီ)
လီဗာပူးလ်က နောဝစ်ချ်ကို ရာသီအဖွင့်ပွဲမှာ (၄-၁)ဂိုးနဲ့ အနိုင်ရထားတယ်။ လက်ရှိအချိန်မှာလည်း လီဗာပူးလ်ရဲ့ ခြေစွမ်းက ရပ်တန့်လို့မရတဲ့ ပုံစံဖြစ်နေပြီး Carrow Road မှာကစားမယ့် ဒီပွဲမှာလည်း နိုင်ပွဲအတွက် အဆင်သင့်ဖြစ်နေတဲ့ပုံပေါ်ပါတယ်။ နှစ်သင်းစလုံးက အားလပ်ရက်အနားယူခရီးစဉ်ကနေ ပြန်လာတဲ့အသင်းတွေဖြစ်ပြီး နောဝစ်ချ်က တန်းဆင်းဇုန်အန္တရာယ်အတွက် လီဗာပူးလ်ရဲ့ ပရီးမီးယားလိဂ် (၁၇)ပွဲဆက် နိုင်ပွဲရစံချိန်ကို ရပ်တန့်နိုင်ဖို့ ကြိုးစားရမှာဖြစ်တယ်။ မန်စီးတီးက ဒီတစ်ပတ်ပွဲမရှိတဲ့အတွက် လီဗာပူးလ်က ဒီပွဲနိုင်ရင် ဒုတိယနေရာကို (၂၅)မှတ်အထိ အမှတ်ဖြတ်နိုင်မယ့်အနေအထားဖြစ်နေတယ်။ သူတို့က ဒီရာသီမှာ မန်ယူတစ်သင်းတည်းကို အမှတ်လျော့ခဲ့တာဖြစ်ပြီး ပွဲတိုင်းအနိုင်ကစားထားတဲ့ အရှိန်နဲ့ အင်အားက အရမ်းကြီးနေပြီး အဝေးကွင်းဖြစ်နေတာတစ်ခုတည်းနဲ့ နောဝစ်ချ်ကို အမှတ်ခွဲပေးစရာအခြေအနေမဟုတ်ဘူးလို့လည်း ယူဆရတယ်။ အင်အားပြည့်နေတဲ့အပြင် အဓိကကစားသမားတစ်ဦးဖြစ်တဲ့ မာနေလည်း လေ့ကျင့်ခန်းပြန်ဆင်းနေပြီဖြစ်လို့ နောဝစ်ချ်အတွက် သတင်းဆိုးပါပဲ။ မာနေ မကစားနိုင်ရင်တောင် ဒီပွဲကို လီဗာပူးလ်အနိုင်ကစားဖို့ အခက်အခဲမရှိပါဘူး။ လီဗာပူးလ် အနိုင်ရမယ်။ (၀-၂)လောက်ဖြစ်မယ်။