ချယ်လ်ဆီးနှင့်ပွဲတွင် ပါဝင်ကစားရန် အီဂါလို အသင့်ဖြစ်နေပြီဟု ဆိုးလ်ရှား ပြောကြား

ချယ်လ်ဆီးနှင့်ပွဲတွင် ပါဝင်ကစားရန် အီဂါလို အသင့်ဖြစ်နေပြီဟု ဆိုးလ်ရှား ပြောကြား
Photos: Manchester United & Getty Images
Photos: Manchester United & Getty Images
Published 15 February 2020

မန်ယူအသင်းနည်းပြ ဆိုးလ်ရှားက အသင်းတိုက်စစ်မှူးသစ် အီဂါလိုအနေဖြင့် လိုအပ်ပါက ချယ်လ်ဆီးနှင့်ပွဲတွင် ပါဝင်ကစားရန် အသင့်ဖြစ်နေပြီဟု ပြောကြားခဲ့သည်။ 

မန်ယူအသင်းနည်းပြ ဆိုးလ်ရှားက အသင်းတိုက်စစ်မှူးသစ် အီဂါလိုအနေဖြင့် လိုအပ်ပါက ချယ်လ်ဆီးနှင့်ပွဲတွင် ပါဝင်ကစားရန် အသင့်ဖြစ်နေပြီဟု ပြောကြားခဲ့သည်။ 

ပြီးခဲ့သည့် ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် တရုတ်ကလပ် ရှန်ဟိုင်းရှင်ဟွာအသင်းမှ မန်ယူအသင်းသို့ ရာသီဝက်အငှားဖြင့် ပြောင်းရွှေ့လာခဲ့သည့် နိုင်ဂျီရီးယားတိုက်စစ်မှူး အီဂါလိုသည် လက်ရှိအချိန်အထိ မန်ယူအသင်းနှင့်အတူ လေ့ကျင့်မှု ပြုလုပ်ခြင်းမရှိသေးကြောင်း သိရသည်။ 

သို့သော် ဆိုးလ်ရှားက အီဂါလိုမှာ ပွဲကစားရန် အသင့်ဖြစ်နေပြီဖြစ်ပြီး ချယ်လ်ဆီးနှင့်ပွဲတွင် အရန်အဖြစ် အသုံးပြုဖွယ်ရှိကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ 

ဆိုးလ်ရှားက "ကျွန်တော်က ဘောလုံးသမားဘဝမှာ တိုက်စစ်မှူးအဖြစ် ကစားခဲ့သူပါ။ တိုက်စစ်မှူးတွေက အသင်းနဲ့အတူ အများကြီးလေ့ကျင့်ဖို့ မလိုပါဘူး။ ချယ်လ်ဆီးနဲ့ပွဲမှာ အီဂါလိုအနေနဲ့ အရန်ခုံကထလာပြီး ကျွန်တော်တို့အသင်းအတွက် ဂိုးသွင်းပေးနိုင်ပါတယ်။ အီဂါလိုအနေနဲ့ ချယ်လ်ဆီးအသင်းနဲ့ ယှဉ်ပြိုင်မယ့် မန်ယူအသင်းလူစာရင်းမှာ ပါဝင်လာပါ။ သူ့အနေနဲ့ တစ်ကိုယ်တော် လေ့ကျင့်ခန်းတွေလည်း လုပ်ပြီးပါပြီး။ ချယ်လ်ဆီးနဲ့ပွဲမှာ သူ ကစားမလားဆိုတော့ စောင့်ကြည့်ကြတာပေါ့"ဟု ပြောကြားခဲ့သည်။ 

မန်ယူအသင်းသည် ပရီးမီးယားလိဂ်ပွဲစဉ် (၂၆)အဖြစ် ဖေဖော်ဝါရီ (၁၇)ရက်တွင် ချယ်လ်ဆီးအသင်းကို အဝေးကွင်း၌ သွားရောက်ယှဉ်ပြိုင်ရမည်ဖြစ်သည်။ 

အသက် (၃၀)နှစ်အရွယ်ရှိ အီဂါလိုသည် ဝက်ဖို့ဒ်အသင်းနှင့်အတူ ပရီးမီးယားလိဂ်တွင် (၂)ရာသီကစားခဲ့ဖူးပြီး (၆၁)ပွဲတွင် (၁၉)ဂိုး သွင်းယူခဲ့သည်။