လီဗာပူးလ်အသင်းမှာ ချန်ပီယံလိဂ်ပြိုင်ပွဲတွင် အခက်ခဲဆုံးပြိုင်ဘက်ဖြစ်သည်ဟု ယာအိုဖီးလစ် ပြောကြား

လီဗာပူးလ်အသင်းမှာ ချန်ပီယံလိဂ်ပြိုင်ပွဲတွင် အခက်ခဲဆုံးပြိုင်ဘက်ဖြစ်သည်ဟု ယာအိုဖီးလစ် ပြောကြား
Photos: Getty Images
Photos: Getty Images
Published 8 February 2020

အက်သလက်တီကိုမက်ဒရစ်တိုက်စစ်မှူး ယာအိုဖီးလစ်က ချန်ပီယံလိဂ်ရှုံးထွက် (၁၆)သင်းအဆင့်တွင် တွေ့ဆုံနေသည့် လီဗာပူးလ်အသင်းမှာ အခက်ခဲဆုံးပြိုင်ဘက်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ 

 

အက်သလက်တီကိုမက်ဒရစ်တိုက်စစ်မှူး ယာအိုဖီးလစ်က ချန်ပီယံလိဂ်ရှုံးထွက် (၁၆)သင်းအဆင့်တွင် တွေ့ဆုံနေသည့် လီဗာပူးလ်အသင်းမှာ အခက်ခဲဆုံးပြိုင်ဘက်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ 

လီဗာပူးလ်အသင်းသည် ချန်ပီယံလိဂ်လက်ရှိချန်ပီယံဖြစ်သလို၊ ယခုရာသီတွင် ခြေစွမ်းပြနေသဖြင့် ယာအိုဖီးလစ်က ယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။ 

ယာအိုဖီးလစ်က "လီဗာပူးလ်နဲ့ ပွဲစဉ်က အရမ်းကို ခက်ခဲတဲ့ ပွဲစဉ်တစ်ပွဲ ဖြစ်လာမှာပါ။ လက်ရှိ ချန်ပီယံလိဂ် ရှုံးထွက် (၁၆)သင်းအဆင့် တက်ရောက်ထားတဲ့ အသင်းတွေအားလုံးထဲမှာ လီဗာပူးလ်အသင်းက အခက်ခဲဆုံးပြိုင်ဘက် ဖြစ်နိုင်ပါတယ်။ လီဗာပူးလ်အသင်းဟာ လက်ရှိမှာ အကောင်းဆုံးခြေစွမ်းကို ပိုင်ဆိုင်ထားသလို၊ ရလဒ်တွေလည်း တောက်လျှောက်ကောင်းနေပါတယ်။ ပြီးတော့ သူတို့က ချန်ပီယံလိဂ် လက်ရှိချန်ပီယံဖြစ်လို့ သူတို့နဲ့ ကစားရမယ့် ပွဲစဉ်ဟာ အရမ်းခက်ခဲမှာ သေချာပါတယ်။ ချန်ပီယံလိဂ်ပွဲစဉ်တိုင်းက ခက်ခဲတာ မှန်ပါတယ်။ ဒါပေမဲ့ လီဗာပူးလ်နဲ့ပွဲက ပိုခက်ခဲမှာပါ"ဟု ပြောကြားခဲ့သည်။ 

လီဗာပူးလ်အသင်းသည် ယခုရာသီ ပရီးမီးယားလိဂ်ပွဲစဉ် (၂၅) အပြီးတွင် ရမှတ် (၇၃)မှတ်ဖြင့် အမှတ်ပေးဇယားကို ဦးဆောင်နေပြီး ဒုတိယနေရာမှ မန်စီးတီးအသင်း (၅၁ မှတ်)ကို (၂၂) မှတ်အထိ ဖြတ်ထားသည်။ 

အက်သလက်တီကိုအသင်းမှာမူ ယခုရာသီကုန်တွင် ရုန်းကန်နေရပြီး လာလီဂါပွဲစဉ် (၂၂)အပြီးတွင် ရမှတ် (၃၆)မှတ်ဖြင့် အဆင့် (၆)နေရာ၌ ရပ်တည်နေကာ အဆင့် (၁)နေရာမှ ရီးယဲလ်မက်ဒရစ်အသင်း (၄၉ မှတ်)နှင့် (၁၃)မှတ်အထိ ကွာဟနေသည်။ 

အက်သလက်တီကိုအသင်းနှင့် လီဗာပူးလ်အသင်းတို့၏ ချန်ပီယံလိဂ်ရှုံးထွက် (၁၆)သင်းအဆင့် ပထမအကျော့ပွဲစဉ်ကို ဖေဖော်ဝါရီ (၁၈)ရက်တွင် အက်သလက်တီကိုအသင်း၏ အိမ်ကွင်း ဝန်ဒါမက်ထရိုပိုလီတာနိုတွင် ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။