ပြင်သစ်-မြန်မာ နှစ်နိုင်ငံအကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် မြန်မာနိုင်ငံမှ စီးပွားရေးမိတ်ဖက်များ လာရောက်ရှာဖွေခြင်းဖြစ်ကြောင်းနှင့် စီးပွားရေးအခွင့်ခြင်းဖြစ်ကြောင်းနှင့် စီးပွားရေးအခွင့်အလမ်းသစ်များနှင့် စိန်ခေါ်မှုအသစ်များအတွက် ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်သံအမတ်ကြီး H.E Mr. Christian Lechevy က ပြောကြားခဲ့ကြောင်း ကုန်သည်စက်မှုအသင်းချုပ်မှသိရ သည်။
ပြင်သစ်နိုင်ငံအခြေစိုက် French Myanmar Business Council နှင့် ASEAN Committee of MEDEF International ၏ ဥက္ကဋ္ဌ MR. Francois CORBIN နှင့်မြန် မာနိုင်ငံဆိုင်ရာပြင်သစ်သံအမတ်ကြီး H.E Mr. Christian Lechervy တို့ဦးဆောင်မှု ဖြင့် ပြင်သစ်-မြန်မာလုပ်ငန်းရှင်အချင်းချင်း စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ အကျိုးတူပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် စီးပွားရေးတွေ့ဆုံပွဲကို ဖေဖော်ဝါရီ ၃ ရက် ညနေပိုင်းက ကုန်သည်စက်မှုအသင်းချုပ် UMFCCI ၌ ကျင်းပခဲ့ရာ မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်သံအမတ်ကြီး H.E Mr. Christian Lechevy က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံ၌ စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန်အတွက် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများကို မြှင့်တင်နိုင်မည့်ကြီးမားသော အခွင့်အလမ်းသစ်များရှိသည့် အချိန်အခါဖြစ်ကြောင်း ကုန်သည်စက်မှုအသင်းချုပ်ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းက ပြောကြားသည်။
ထို့ပြင် ပြင်သစ်နိုင်ငံသည် စက်မှုကဏ္ဍ၊ သိပ္ပံနှင့် နည်းပညာကဏ္ဍနှင့် စီးပွားရေးကဏ္ဍတို့တွင် အလွန်ဖွံ့ဖြိုးတိုးတက်လျက် ရှိသဖြင့် ပြင်သစ်လုပ်ငန်းရှင်များအား မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် ပိုမိုကြီးမားသော အခန်းကဏ္ဍမှပါဝင်၍ နှစ်နိုင်ငံ အပြန်အလှန်အကျိုးစံစားခွင့်များဖြင့် ပူးပေါင်ေးဆာင်ရွက်စေလိုကြောင်း ဥက္ကဋ္ဌဦးဇော်မင်းဝင်းက ဆက်လက်ပြောကြားသည်။
မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်သံအမတ်ကြီး H.E Mr. Christian Lechevy က ပြင်သစ်လုပ်ငန်းရှင်များသည် အနာဂတ်တွင် နှစ်နိုင်ငံအကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် မြန်မာနိုင်ငံမှ စီးပွားရေးမိတ်ဖက်များ လာရောက်ရှာဖွေခြင်းဖြစ်ကြောင်းနှင့် စီးပွားရေးအခွင့်ခြင်းဖြစ်ကြောင်းနှင့် စီးပွားရေးအခွင့်အလမ်းသစ်များနှင့် စိန်ခေါ်မှုအသစ်များအတွက် ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ပြင်သစ်ကိုယ်စားလှယ်အဖွဲ့တွင် စွမ်းအင်လုပ်ငန်း၊ ရေနှင့် အမှိုက်သန့်စင်ခြင်းလုပ်ငန်း၊ ဓာတ်ငွေ့လုပ်ငန်း၊ စားသောက်ကုန်လုပ်ငန်း၊ ရေကြောင်းနှင့် ကုန်းတွင်းပို့ဆောင်ရေးလုပ်ငန်း၊ ကုန်သွယ်ရေးလုပ်ငန်းများမှ စီးပွားရေးလုပ်ငန်းရှင် ၂၀ ဦး ပါဝင်ခဲ့ကြောင်း သိရသည်။
အဆိုပါဆွေးနွေးပွဲတွင် အသင်းချုပ်ဒုတိယဥက္ကဋ္ဌ ဒေါက်တာမောင်မောင်လေးမှ မြန်မာနိုင်ငံ၏ ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုအခြေအနေများနှင့် လက်ရှိစီးပွားရေးအခြေအနေများကို ရှင်းလင်းပြောကြားခဲ့ပြီး မြန်မာ-ပြင်သစ်နှစ်နိုင်ငံလုပ်ငန်းရှင်အချင်းချင်း စီးပွားရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နိုင်ရန် အပြန်အလှန် ဆွေးနွေးခဲ့ကြောင်း သိရသည်။
ဖေဖော်ဝါရီ ၃ ရက် နံနက်ပိုင်းက ကုန်သည်စက်မှုအသင်းချုပ်သို့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့အခြေစိုက် ဘယ်လ်ဂျီယံသံရုံးမှ သံအမတ်ကြီးဦးဆောင်၍ ဘယ်လ်ဂျီယံစီးပွားရေးလုပ်ငန်း ၁၅ ဦးပါဝင်သော ကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံရှိ စီးပွားရေးအခွင့်အလမ်းများကို သက်ဆိုင်ရာလုပ်ငန်းကဏ္ဍများအလိုက် အပြန်အလှန်ဆွေးနွေးရန် မြန်မာစီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။
မြန်မာ-ဘယ်လ်ဂျီယံ နှစ်နိုင်ငံအကြား စီးပွားရေးလုပ်ငန်းရှင်များအချင်းချင်း မိတ်ဆက်ခြင်းများ ပြုလုပ်ကြပြီး ဘယ်လ်ဂျီယံဘက်မှ ဆောက်လုပ်ရေး၊ နည်းပညာ၊ ကလေးအာဟာရနှင့် ဆေးဘက်ဆိုင်ရာ ပစ္စည်းကိရိယာများ၊ ဓာတ်ငွေ့နှင့် စွမ်းအင်၊ လေထုညစ်ညမ်းမှုထိန်းချုပ်ခြင်းဆိုင်ရာ ပစ္စည်းကိရိယာများ၊ စိုက်ပျုးရေး၊ တိရစ္ဆာန်မျိုးရိုးဗီဇအစရှိသည့် နယ်ပယ်များမှ စီးပွားရေးလုပ်ငန်းရှင်များ ပါဝင်ကြကြောင်း သိရသည်။










