လှိုင်သာယာမြို့နယ်၊ စက်မှုဇုန် ၃ ရှိ မာမားခေါက်ဆွဲခြောက်စက်ရုံ မီးလောင်မှု ဖေဖော်ဝါရီ ၁ ရက် မွန်းလွဲပိုင်းက ဖြစ်ပွားခဲ့သည်။

ဖေဖော်ဝါရီ ၁ ရက် မွန်းလွဲ ၂ နာရီဝန်းကျင်ခန့်တွင် လှိုင်သာယာမြို့နယ် စက်မှုဇုန် ၃ ဆိပ်ကမ်းသာလမ်းရှိ မာမား ခေါက်ဆွဲခြောက်စက်ရုံတွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရသဖြင့် သက်ဆိုင်ရာ မီးသတ်တပ်ဖွဲ့များနှင့် အခြားတာဝန်ရှိသူများမှ သွားရောက်ခဲ့သည်။

အဆိုပါ မီးလောင်မှုအား မီးသတ်တပ်ဖွဲ့မှ level 3 အဆင့်သတ်မှတ်ခဲ့ပြီး မီးလောင်မှုအား တစ်နာရီခန့် ငြိမ်းသတ်ခဲ့ရကြောင်း သိရသည်။

မီးလောင်ရသည့် အကြောင်းအရင်းအား သက်ဆိုင်ရာမှ ဆက်လက်စစ်ဆေးနေကြောင်း သိရသည်။















