ဂရန်နာဒါ နှင့် အက်စ်ပန်ညို (စနေညနေ ၆း၃၀ နာရီ)
အက်စ်ပန်ညိုကတော့ နည်းပြသစ် အဘယ်လာဒိုလက်ထဲမှာ တက်ရိပ်ပြလာတယ်။ အဝေးကွင်းကစားပုံလည်း တိုးတက်လာပြီး ခံစစ်ပိုင်းကလည်း ပိုပြီးမာကျောလာတယ်။ ဂရန်နာဒါကလည်း အိမ်ကွင်းမာကျောတဲ့အသင်းဖြစ်ပေမယ့် ဂိုးသွင်းအားပုံမှန်မရှိပါဘူး။ အက်စ်ပန်ညိုနဲ့ ဂိုးအနည်းကိုပဲ ရွေးထားချင်တယ်။

ရီးယဲလ်မက်ဒရစ် နှင့် အက်သလက်တီကို (စနေည ၉း၃၀ နာရီ)
ရီးယဲလ်မက်ဒရစ်ကတော့ ခြေလှမ်းမှန်မှန်နဲ့ ထိပ်ဆုံးနေရာကို ယူထားနိုင်ပါပြီ။ အသင်းမှာလည်း အဓိကလူဟောင်းက စားသမားအများစုရဲ့ခြေစွမ်းက တစ်ပွဲထက်တစ်ပွဲ တိုးတက်လာနေတယ်။ အထူးသဖြင့် အခုနောက်ပိုင်းပွဲတွေမှာ ကွင်းလယ်ပိုင်းက လုပ်အားနှုန်းရော၊ ဂိုးသွင်းအားပါတက်လာတာက အသင်းဟန်ချက်ကို ပိုညီသလိုဖြစ်လာစေတယ်။ အက်သလက်တီကိုကတော့ နည်းပြ ဆီ>မန်နီလက်ထက် အဆိုးဆုံးအခြေအနေတစ်ခုကို ရင်ဆိုင်နေရတယ်။ အသင်းကနိုင်ပွဲရဖို့ အတော်လေး ရုန်းကန်နေရပြီး အဝေးကွင်းမှာဆို ပိုဆိုးနေတာ တွေ့ရတယ်။ တိုက်စစ်အတွက်ရာသီအစမှာ ယာအိုဖီးလစ်လို လူငယ်ခြေတက်ကို စံချိန်တင်ကြေးနဲ့ခေါ်ထားနိုင်ပေမယ့် ဒီရာသီတိုက်စစ်ပိုင်းက အတော်လေးကို အားနည်းနေပြီး သွင်းဂိုး (၂၂)ဂိုးသာ ရထားသေးလို့ ထိပ်ပိုင်းအသင်းတွေထဲမှာ ဂိုးသွင်းအားအနည်းဆုံးဖြစ်နေတယ်။ ဒီလိုဖိအားတွေကြောင့်ပဲ အခုပွဲမှာ အက်သ လက်တီကို ပိုဂရုစိုက်ကစားလာဖို့ ရှိနေတယ်။ ဂိုးနည်းသရေပွဲက ဖြစ်နေခြေအများဆုံးလို့ ထင်တယ်။
မာယော့ကာ နှင့် ဗယ်လာဒိုလစ် (စနေည ၁၂းဝ၀ နာရီ)
ဒီရာသီလာလီဂါမှာတော့ မာယော့ကာရဲ့အိမ်ကွင်းကစား အားကောင်းနေတာကိုတွေ့ရတယ်။ ဗယ်လာဒိုလစ်ရဲ့ တိုက်စစ် မရှိဘဲ ခံစစ်သက်သက်နဲ့ကစားနေပုံအရတော့ အိမ်ရှင်မာယော့ကာနဲ့ ဂိုးအနည်းကိုပဲ ရွေးထားကြည့်ချင်တယ်။

ဗလင်စီယာ နှင့် ဆယ်လ်တာဗီဂို (တနင်္ဂနွေနံနက် ၂း၃၀ နာရီ)
ဆယ်လ်တာဗီဂိုကတော့ အခုနောက်ပိုင်း ခံစစ်ကိုပိုအားပြုရင်း သရေပွဲတွေ ပိုများလာနေတာတွေ့ရတယ်။ နောက်ဆုံးကစားထားတဲ့ လာလီဂါ (၃)ပွဲစလုံး သရေကစားထားတယ်။ စပိန်ဘုရင့်ဖလားကလည်း ထွက်လိုက်ရပြီဖြစ်လို့ လာလီဂါမှာ တန်းဆင်းဇုန်ကလွတ်အောင် ပိုရုန်းလာတော့မှာ သေချာတယ်။ ဗလင်စီယာကလည်း ဘာစီလိုနာကိုနိုင်လိုက်လို့ စိတ်ဓာတ်အားကောင်းနေနိုင်တယ်။ ဒါပေမဲ့ ဒီပွဲမတိုင်ခင် ဘုရင့်ဖလားပွဲ နွှဲထားရလို့ ပွဲပန်းမှုရှိနေနိုင်တာက သတိပြုစရာပါပဲ။ အင်အားပြည့်ကစားလာမယ့် ဆယ်လ်တာဗီဂိုနဲ့ ဂိုးအနည်းပဲရွေးထားချင်တယ်။















