ဆိပ်ကမ်းမြို့နယ်ကိုနှစ်ပိုင်းခွဲ၍ လမ်းမတော်နှင့် ဗိုလ်တထောင်မြို့နယ်သို့ ထည့်သွင်းခြင်းနှင့် လှိုင်သာယာမြို့နယ်အားနှစ်ခုခွဲ၍ တိုးချဲ့ပြင်ဆင်ဖွဲ့စည်းခြင်းကို ပြည်ထောင်စုလွှတ်တော် မှတ်တမ်းတင်

ဆိပ်ကမ်းမြို့နယ်ကိုနှစ်ပိုင်းခွဲ၍ လမ်းမတော်နှင့် ဗိုလ်တထောင်မြို့နယ်သို့ ထည့်သွင်းခြင်းနှင့် လှိုင်သာယာမြို့နယ်အားနှစ်ခုခွဲ၍ တိုးချဲ့ပြင်ဆင်ဖွဲ့စည်းခြင်းကို ပြည်ထောင်စုလွှတ်တော် မှတ်တမ်းတင်
Published 1 February 2020
စည်သူ၊ အောင်မင်းသိန်း

ဆိပ်ကမ်းမြို့နယ်ကို နှစ်ပိုင်းခွဲ၍ လမ်းမတော်နှင့် ဗိုလ်တထောင်မြို့နယ်သို့ ထည့်သွင်းခြင်းနှင့် လှိုင်သာယာမြို့နယ်အား နှစ်ခုခွဲ၍ တိုးချဲ့ပြင်ဆင် ဖွဲ့စည်းခြင်းများကို ပြည်ထောင်စုလွှတ်တော်က မှတ်တမ်းတင်ကြောင်း ကြေညာခဲ့သည်။

ဇန်နဝါရီ ၃၁ ရက်က ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် နိုင်ငံတော်သမ္မတရုံးက ပေးပို့ထားသော ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်၊ ရပ်ကွက်များ တိုးချဲ့ပြင်ဆင်ဖွဲ့စည်းခြင်း၊ ပယ် ဖျက်ခြင်းတို့ကို တင်ပြခြင်းနှင့် လွှတ်တော်က မှတ်တမ်းတင်ခြင်းကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

“ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အနောက်ပိုင်းခရိုင် ဆိပ်ကမ်းမြို့နယ်မှ မော်တင် ယာယီစျေးရပ်ကွက်ကို လမ်းမတော်မြို့နယ်အတွင်းသို့လည်းကောင်း၊ ဆိပ်ကမ်း မိသားစုရိပ်သာ၊ ရဲရိပ်သာ၊ ရပ်ကွက်နှစ်ရပ် ကွက်နဲ့ ရေပိုင်နက် ၁၀၄ စတုရန်းမိုင်တို့ကို ရန်ကုန်အရှေ့ပိုင်းခရိုင် ဗိုလ်တထောင်မြို့ နယ်အတွင်းသို့လည်းကောင်း ထည့်သွင်းဖွဲ့ စည်းပြီး ဆိပ်ကမ်းမြို့နယ်ကို ပယ်ဖျက်ခြင်း၊ ရန်ကုန်မြောက်ပိုင်းခရိုင် လှိုင်သာယာမြို့ နယ်ကို လှိုင်သာယာအရှေ့ပိုင်းမြို့နယ်နဲဲ့ လှိုင်သာယာ အနောက်ပိုင်းမြို့နယ်အဖြစ် တိုးချဲ့ပြင်ဆင်ဖွဲ့စည်းခြင်းတို့ကို နိုင်ငံတော် သမ္မတရုံးရဲ့ ၂၇ ရက် ၁  လ၊ ၂၀၂၀ ရက်စွဲပါ စာအမှတ် ၅၀၈(၅)/၁၂/ သမ္မတရုံးဖြင့် ပြည်ထောင်စုလွှတ်တော်သို့ ပေးပို့ထားပါ တယ်။ အထက်ပါမြို့နယ် ရပ်ကွက်များ တိုး ချဲ့ပြင်ဆင်ဖွဲ့စည်းခြင်းကို ပြည်ထောင်စုလွှတ် တော်ဆိုင်ရာ ဥပဒေပုဒ်မ ၅၈ အရ လွှတ်တော် က မှတ်တမ်းတင်ကြောင်း ကြေညာပါတယ်” ဟု ပြည်ထောင်စုလွှတ်တော်နာယက ဦးတီခွန်မြတ်က လွှတ်တော်၌ ပြောကြားသည်။

ရန်ကုန်အနောက်ပိုင်းခရိုင်တွင် မူလက မြို့နယ် ၁၃ မြို့နယ်ရှိသော်လည်း လက်ရှိပြင် ဆင်ဖွဲ့စည်းမှုအရ မြို့နယ် ၁၂ မြို့နယ်သာ ပါဝင်တော့မည်ဖြစ်ပြီး မြို့နယ်အဖြစ်မှ ပယ်ဖျက်ခဲ့သော ဆိပ်ကမ်းမြို့နယ်သည် လူဦး ရေ ၂၀၀၀ ကျော်ခန့်သာရှိကာ အများစုသည် အစိုးရဝန်ထမ်းများဖြစ်သည့်အပြင် မဲပေးနိုင် သော လူဦးရေ ၈၀၀ ခန့်သာရှိကြောင်း သိရ သည်။

ရန်ကုန်အနောက်ပိုင်းခရိုင်တွင်ပါဝင်သော ဆိပ်ကမ်းမြို့နယ်သည် ၂၀၁၈ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် NLD  ပါတီ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကို ရှုံးနိမ်ခဲ့သည့် မြို့နယ်ဖြစ်ခြင်းကြောင့် အခြားမြို့နယ်တစ်ခုတွင်ပေါင်းထည့်ရန် စီစဉ်ခြင်းဖြစ်သည်ဆို သော ဝေဖန်ပြောဆိုမှုများလည်း ရှိခဲ့သည်။

ထို့ပြင် ဆိပ်ကမ်းမြို့နယ်ကို ဖျက်သိမ်း ပြီး အခြားမြို့နယ်များအတွင်း ထည့်သွင်းရန် လက်ရှိအစိုးရ၏ စီစဉ်နေမှုနှင့်ပတ်သက်၍ မြို့နယ်နေ ပြည်သူများက ၂၀၁၉ ခုနှစ် အောက်တိုဘာ ၃၀ ရက်က ဆန္ဒဖော်ထုတ်မှု တစ်ခုပြုလုပ်ခဲ့ကြကြောင်းလည်း သိရသည်။

 

 

Most Read

Most Recent