ဝင်းစိန်တောရ မြန်မာ-အီရန်-ထိုင်း ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲတွင် သွေးသစ်ဝင်းလှိုင် အလဲထိုးအနိုင်ရခဲ့ပြီး စိုးလင်းဦး၊ ထွန်းထွန်းမင်းတို့ ပူးတွဲသရေရလဒ်များ ထွက်ပေါ်

ဝင်းစိန်တောရ မြန်မာ-အီရန်-ထိုင်း ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲတွင် သွေးသစ်ဝင်းလှိုင် အလဲထိုးအနိုင်ရခဲ့ပြီး စိုးလင်းဦး၊ ထွန်းထွန်းမင်းတို့ ပူးတွဲသရေရလဒ်များ ထွက်ပေါ်
Photos: Myanmar Lethwei Collection
Photos: Myanmar Lethwei Collection
Published 21 January 2020

 

ဝင်းစိန်တောရ မြန်မာ-အီရန်-ထိုင်း ရရိုးရာလက်ဝှေ့စိန်ခေါ်ပွဲကို ဇန်နဝါရီ ၁၈၊ ၁၉၊ ၂၀ ရက်များက မွန်ပြည်နယ် မုဒုံမြို့နယ်ရှိ ဝင်းစိန်တောရတွင် ကျင်းပခဲ့ရာ သွေးသစ်ဝင်းလှိုင်က ပြိုင်ဘက်ကို အလဲထိုးဖြင့်အနိုင်ရခဲ့ပြီး စိုးလင်းဦး၊ ထွန်းထွန်းမင်းတို့က ပြိုင်ဘက်များနှင့် ပူးတွဲသရေရလဒ် ထွက်ပေါ်ခဲ့ သည်။ 

အဆိုပါမြန်မာ့ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲကို သုံးရက်တိုင်တိုင် ကျင်းပခဲ့ခြင်းဖြစ်ပြီး ဇန်နဝါရီ ၁၈ ရက်ပွဲစဉ်များ၌ သွေးသစ်ဝင်းလှိုင်က အဓိကတွဲဆိုင်းအဖြစ် ယှဉ်ပြိုင်ထိုးသတ်ခဲ့ပြီး ပြိုင်ဘက် အီရန်လက်ဝှေ့သမား ရေဇာကို ဒုတိယအချီတွင် အလဲထိုးကာ အနိုင်ရခဲ့သည်။ 

သွေးသစ်ဝင်းလှိုင်သည် ပြိုင်ဘက်ကို ဖိအားပေးကာ ထိုးသတ်နိုင်ခဲ့ခြင်းဖြစ်ပြီး ဒုတိယအချီတွင် ဘယ်ဒူးတိုက်ချက်ဖြင့် ပွဲသိမ်းနိုင်ခဲ့ခြင်းဖြစ်သည်။ 

ဒုခေါင်ပွဲအဖြစ် ထိုးသတ်ခဲ့သော ဗျဂ္ဃနှင့် မွေထိုင်းလက်ဝှေ့သမား မီဘွန်း(ထိုင်း) တို့၏ ပွဲစဉ်မှာ ပူးတွဲသရေရလဒ်သာ ထွက်ပေါ်ခဲ့သည်။ 

ဇန်နဝါရီ ၁၉ ရက်တွင် ယှဉ်ပြိုင်ခဲ့သော ရိုးရာလက်ဝှေ့ စိန်ခေါ်ပွဲများ၌ စိုးလင်းဦးက မွေထိုင်းလက်ဝှေ့သမား ဝုန်းဆီလီ(ထိုင်း) နှင့် အဓိကတွဲဆိုင်းအဖြစ် ယှဉ်ပြိုင်ထိုးသတ်ခဲ့ရာ ပူးတွဲ သရေရလဒ် ထွက်ပေါ်ခဲ့သည်။ 

ဝုန်းဆီလီသည် စိုးလင်းဦး၏ လက်သီးချက်များကြောင့် အနားတောင်းခဲ့ရသော်လည်း ငါးချီပြီးဆုံးသည်အထိ အကောင်းဆုံးခုခံနိုင်ခဲ့ပြီး ပူးတွဲသရေရလဒ်ကို ရယူနိုင်ခဲ့သည်။ 

ဒုခေါင်ပွဲတွင် ထိုးသတ်ခဲ့သော ရဲသွေးနီမှာ ကောင့်လန်ဖုန်း(ထိုင်း) ကို အနိမ့်သရေဖြင့်သာ ထိုးသတ်နိုင်ခဲ့သည်။

ဇန်နဝါရီ ၂၀ ရက်တွင် ယှဉ်ပြိုင်သောတွဲဆိုင်းများတွင် ထွန်းထွန်းမင်းက ကေဝမ်း (အီရန်) နှင့် အဓိကတွဲဆိုင်းအဖြစ် ယှဉ်ပြိုင်ခဲ့ကြရာ ငါးချီပြီးဆုံးသည်အထိ အလဲထိုးနိုင် ခဲ့ခြင်းမရှိဘဲ ပူးတွဲသရေရလဒ်သာ ထွက်ပေါ်ခဲ့သည်။ 

ကေဝမ်း၏ ခံစစ်ကစားပုံကြောင့် ထွန်းထွန်းမင်း အခက်တွေ့ခဲ့ပြီး ခေါင်းတိုက် ချက်များ၊ တံတောင်ရိုက်ချက်များဖြင့် ထွန်း ထွန်းမင်းကို ပြန်လည်ဖိအားပေးနိုင်ခဲ့သည်။ 

ဒုခေါင်ပွဲအဖြစ် ယှဉ်ပြိုင်ခဲ့သော မင်းထက်အောင် (မြန်မာ)နှင့် စင်ရိုင်း(ထိုင်း) တို့၏ ပွဲစဉ်တွင် အရပ်အမောင်းအားသာသော စင်ရိုင်းက ပွဲအစတွင် ဖိအားပေးနိုင်ခဲ့သော်လည်း တိုက်စစ်တင်ကစားခဲ့သော မင်းထက်အောင်ကြောင့် အရှုံးပေးခဲ့ရသည်။

 

Most Read

Most Recent