၂၀၂၀ ပြည့်နှစ်အတွက် ပထမဆုံးဂရင်းစလင်းပြိုင်ပွဲဖြစ်သည့် သြစတြေးလျအိုးပင်းပြိုင်ပွဲ ဇန်နဝါရီ ၂၀ ရက်တွင် စတင်ကျင်းပမည်ဖြစ်ပြီး ဂျိုကိုဗစ်နှင့် ဆရီနာဝီလျံ ဗိုလ်စွဲရန် ရေပန်းစား

၂၀၂၀ ပြည့်နှစ်အတွက် ပထမဆုံးဂရင်းစလင်းပြိုင်ပွဲဖြစ်သည့် သြစတြေးလျအိုးပင်းပြိုင်ပွဲ ဇန်နဝါရီ ၂၀ ရက်တွင် စတင်ကျင်းပမည်ဖြစ်ပြီး ဂျိုကိုဗစ်နှင့် ဆရီနာဝီလျံ ဗိုလ်စွဲရန် ရေပန်းစား
Photos: Getty Images
Photos: Getty Images
Published 19 January 2020

အမျိုးသားတစ်ဦးချင်းနှင့် အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲ၏ လက်ရှိချန်ပီယံများမှာ ဆားဘီးယား နိုင်ငံသား ဂျိုကိုဗစ်နှင့် ဂျပန်နိုင်ငံသူ အိုဆာကာတို့ဖြစ်ပြီး ယခုနှစ်အတွက် ဆီဒင် (နိုင်ခြေအဆင့်) သတ်မှတ် ရာတွင် ဂျိုကိုဗစ်က ဆီဒင် ၂ နှင့် အိုဆာကာက ဆီဒင် ၃ သတ်မှတ်ခံထားရသည်။

 

၂၀၂၀ ပြည့်နှစ်အတွက် ပထမဆုံး ဂရင်းစလင်းတင်းနစ်ပြိုင်ပွဲဖြစ်သည့် သြစတြေးလျအိုးပင်းပြိုင်ပွဲကို သြစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့၌ ဇန်နဝါရီ ၂၀ ရက်တွင် စတင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

အမျိုးသားတစ်ဦးချင်းနှင့် အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲ၏ လက်ရှိချန်ပီယံများမှာ ဆားဘီးယား နိုင်ငံသား ဂျိုကိုဗစ်နှင့် ဂျပန်နိုင်ငံသူ အိုဆာကာတို့ဖြစ်ပြီး ယခုနှစ်အတွက် ဆီဒင် (နိုင်ခြေအဆင့်) သတ်မှတ် ရာတွင် ဂျိုကိုဗစ်က ဆီဒင် ၂ နှင့် အိုဆာကာက ဆီဒင် ၃ သတ်မှတ်ခံထားရသည်။

ဆီဒင်သတ်မှတ်ချက်ကို ကမ္ဘာ့အဆင့် ရပ်တည်မှုအတိုင်း သတ်မှတ်ခြင်းဖြစ်ပြီး အမျိုးသား ပြိုင်ပွဲတွင် ရာဖေးလ်နဒါးလ် (စပိန်) က ဆီဒင် ၁၊ ဂျိုကိုဗစ်က ဆီဒင် ၂၊ ၀ါရင့်ဆွစ်ဇာလန်ကစားသမား ဖက်ဒါရာက ဆီဒင် ၃၊ ရုရှားကစားသမား မက်ဗီဒက်ဗ်က ဆီဒင် ၄ နှင့် သြ စတြီးယားကစားသမား ဒေါ်မနစ်ထင်းမ်က ဆီဒင် ၅ သတ်မှတ်ခံထားရသည်။

အမျိုးသမီးပြိုင်ပွဲတွင်လည်း ကမ္ဘာ့အဆင့် ၁ ကစားသမားဖြစ် သည့် အိမ်ရှင်သြစတြေးလျနိုင်ငံသူ ဘာတီက ဆီဒင် ၁၊ ပလစ်ကိုဗာ(ချက်) က ဆီဒင် ၂၊ အိုဆာကာက ဆီဒင် ၃၊ ဟာလပ် (ရိုမေးနီးယား) က ဆီဒင် ၄ နှင့် ဆဗီတိုလီနာ (ယူကရိန်း) က ဆီဒင် ၅ သတ်မှတ်ခံရသည်။

သြစတြေးလျတင်းနစ်အဖွဲ့ချုပ်သည် ယခုနှစ် သြစတြေးလျအိုးပင်း ပြိုင်ပွဲအတွက် ဆုကြေးကို ယခင်နှစ်ထက် တိုးမြှင့်ထားပြီး ပြိုင်ပွဲတစ်ခုလုံး အတွက် သြစတြေးလျဒေါ်လာ ၇၁ သန်း (အမေရိကန်ဒေါ်လာ ၄၈ ဒသမ ၈၉ သန်း) ပေးအပ်ချီးမြှင့်မည် ဖြစ်သည်။

ဆုကြေးများကို အမျိုးသားနှင့် အမျိုးသမီး တန်းတူချီးမြှင့်မည်ဖြစ်ပြီး တစ်ဦးချင်းပြိုင်ပွဲ၌ ချန်ပီယံဆုရရှိသူမှာ သြစတြေးလျဒေါ် လာ ၄ ဒသမ ၁၂ သန်း (အမေရိကန် ဒေါ်လာ ၂ ဒသမ ၈၃ သန်း) ဆွတ်ခူး ရရှိမည်ဖြစ်သည်။ ယင်းပမာဏမှာ ယခင်နှစ်ထက် သြစတြေးလျဒေါ်လာ ၂၀၀၀၀ သာပိုများသော်လည်း ပြိုင်ပွဲ တစ်ခုလုံးအတွက် ဆုကြေးမှာ ၂၀၁၉ ခုနှစ်ထက် သြစတြေးလျဒေါ်လာ ၈ ဒသမ ၅ သန်း မြင့်တက်လာကြောင်း သိရသည်။

 ပြိုင်ပွဲမစတင်မီ ပွဲစဉ်များ ရေးဆွဲပြီးနောက် ဗိုလ်စွဲရန် ရေပန်းစားမှုစာရင်းအရ အမျိုးသားပြိုင်ပွဲတွင် လက်ရှိချန်ပီယံ ဂျိုကိုဗစ်က အလေးပေးမှု ၆/၅ ဖြင့် ထိပ်ဆုံး နေရာ ရပ်တည်လျက်ရှိပြီး ကမ္ဘာ့အဆင့် ၁ နဒါးလ်က ၉/၂၊ မက်ဗီဒက်ဗ်က ၈/၁၊ ဖက်ဒါရာက ၁၀/၁ ဖြင့် အစဉ်လိုက်ရပ်တည်နေသည်။

အမျိုးသမီးပြိုင်ပွဲတွင်မူ ဆီဒင် ၈ သာ သတ်မှတ်ခံရသည့် ၀ါရင့်အမေရိကန် တင်းနစ်မယ် ဆရီနာဝီလျံက အလေးပေးမှု ၄/၁ ဖြင့် ရေပန်းအစားဆုံး ဖြစ်နေပြီး ဘာတီက ၁၅/၂၊ ချန်ပီယံ အိုဆာကာက ၈/၁ ဖြင့် ရပ်တည် လျက်ရှိသည်။

အသက် ၃၈ နှစ်ရှိပြီ ဖြစ်သည့် ဆရီနာဝီလျံသည် သြစတြေးလျအိုးပင်းပြိုင်ပွဲတွင် ခုနစ် ကြိမ်ဗိုလ်စွဲထားပြီး ဂရင်းစလင်းချန်ပီယံဆု စုစုပေါင်း ၂၃ ကြိမ်ဖြင့် Open Era ၌ အအောင်မြင်ဆုံးအဖြစ် ရပ်တည်နေသလို ယခုပြိုင်ပွဲတွင် ချန်ပီယံဆုရယူနိုင်ပါက သြစတြေးလျဂန္ထဝင်တင်းနစ်မယ် မာဂရက်ကော့၏ သမိုင်းတစ်လျှောက် ၂၄ ကြိမ် စံချိန်ကို အမီလိုက်နိုင်မည်ဖြစ်သည်။

 

 

Most Read

Most Recent