ဆီဗီလာတိုက်စစ်မှူး ဟာနန်ဒက်ဇ် မေဂျာလိဂ်ပြိုင်ပွဲ၏ စံချိန်တင်လစာဖြင့် LA ဂလက်ဆီအသင်းသို့ ပြောင်းရွှေ့မည်

ဆီဗီလာတိုက်စစ်မှူး ဟာနန်ဒက်ဇ် မေဂျာလိဂ်ပြိုင်ပွဲ၏ စံချိန်တင်လစာဖြင့် LA ဂလက်ဆီအသင်းသို့ ပြောင်းရွှေ့မည်
Photos: Getty Images
Photos: Getty Images
Published 19 January 2020

အမေရိကန်နိုင်ငံထုတ် Sports Illustrated မဂ္ဂဇင်း၏ ဖော်ပြချက်အရ ဆီဗီလာအသင်းသည် ပြောင်းရွှေ့ကြေးအတွက် LA ဂလက်ဆီအသင်း၏ ကမ်းလှမ်းမှုကို လက်ခံလိုက်ပြီဖြစ်ပြီး မကြာမီ အတည်ပြုကြေညာ ချက်ထုတ်ပြန်ဖွယ်ရှိကြောင်း သိရသည်။

 

ဆီဗီလာအသင်း၏ မက္ကဆီကိုလက်ရွေးစင်တိုက်စစ်မှူး ဟာနန်ဒက်ဇ်သည် မေဂျာ လိဂ်ပြိုင်ပွဲ၏ စံချိန်တင်လစာနှုန်းထားဖြင့် LA ဂလက်ဆီအသင်းသို့ ပြောင်းရွှေ့ကစားမည်ဖြစ်ကြောင်း သိရသည်။

အမေရိကန်နိုင်ငံထုတ် Sports Illustrated မဂ္ဂဇင်း၏ ဖော်ပြချက်အရ ဆီဗီလာအသင်းသည် ပြောင်းရွှေ့ကြေးအတွက် LA ဂလက်ဆီအသင်း၏ ကမ်းလှမ်းမှုကို လက်ခံလိုက်ပြီဖြစ်ပြီး မကြာမီ အတည်ပြုကြေညာ ချက်ထုတ်ပြန်ဖွယ်ရှိကြောင်း သိရသည်။

LA ဂလက်ဆီအသင်းသည် ပြီးခဲ့သည့်ရာသီကုန်တွင် ၀ါရင့်ဆွီဒင်တိုက်စစ်မှူး အီဘရာဟီမိုဗစ်နှင့် လမ်းခွဲခဲ့သောကြောင့် ၎င်းနေရာ အစားထိုးရန်အတွက် ဟာနန်ဒက်ဇ်ကို ပြန်လည်ခေါ်ယူခြင်းဖြစ်သည်။

ဟာနန်ဒက်ဇ် အနေဖြင့် လက်ရှိတွင် လစာအများဆုံးရရှိနေသည့် တိုရွန်တိုအသင်းကွင်းလယ်လူ မိုက်ကယ်ဘရက်ဒလေ၏ တစ်နှစ်လစာ ဒေါ်လာ ခြောက်သန်းကိုကျော်၍ လစာအများဆုံး ကစားသမားအဖြစ် ရပ်တည်ခွင့်ရမည်ဖြစ်ကြောင်း သိရသည်။

အသက် ၃၁ နှစ်ရှိပြီဖြစ်သည့် ဟာနန်ဒက်ဇ်သည် ဂွါဒါလာဟာရာ၊ မန်ယူ၊ ရီးယဲလ်မက်ဒရစ်၊ လေဗာကူဆင်၊ ဝက်စ်ဟမ်းနှင့် ဆီဗီလာအသင်းတို့၌ ကစားဖူးသူဖြစ်ပြီး ဆီဗီလာသို့ရောက်ရှိပြီးနောက် ခြောက်လအကြာ မှာပင် လမ်းခွဲခဲ့ခြင်းဖြစ်သည်။

 

 

Most Read

Most Recent