အဲရစ်ဆင်အတွက် ကမ်းလှမ်းမှုမရသေးကြောင်းနှင့် ကွန်တီ၏ထုတ်ဖော်ပြောကြားမှုကို မော်ရင်ဟို ဝေဖန်

အဲရစ်ဆင်အတွက် ကမ်းလှမ်းမှုမရသေးကြောင်းနှင့် ကွန်တီ၏ထုတ်ဖော်ပြောကြားမှုကို မော်ရင်ဟို ဝေဖန်
Photos: Getty Images
Photos: Getty Images
Published 19 January 2020

စပါးအသင်းနှင့် စာချုပ်သက်တမ်း ခြောက်လသာကျန်ရှိတော့သည့် ဒိန်းမတ် လက်ရွေးစင်ကွင်းလယ်လူ အဲရစ်ဆင်ကို အင်တာမီလန်အသင်းက ခေါ်ယူရန် ကြိုးပမ်းနေပြီး ကစားသမားနှင့် ပုဂ္ဂိုလ်ရေးသဘောတူညီ မှုရထားပြီဖြစ်ကြောင်း မီဒီယာများက ဖော်ပြလျက်ရှိသည်။

 

စပါးအသင်းနည်းပြ မော်ရင်ဟိုက ကွင်းလယ်လူ အဲရစ်ဆင်အတွက် တရားဝင်ကမ်းလှမ်းမှုမရှိသေးသလို အင်တာမီလန်အသင်းနည်းပြ ကွန်တီအနေဖြင့် အပြောင်းအရွှေ့ကိစ္စကို ထုတ်ဖော်ပြောကြားခြင်းမပြုသင့် ကြောင်း ဝေဖန်ပြောကြားခဲ့သည်။

စပါးအသင်းနှင့် စာချုပ်သက်တမ်း ခြောက်လသာကျန်ရှိတော့သည့် ဒိန်းမတ် လက်ရွေးစင်ကွင်းလယ်လူ အဲရစ်ဆင်ကို အင်တာမီလန်အသင်းက ခေါ်ယူရန် ကြိုးပမ်းနေပြီး ကစားသမားနှင့် ပုဂ္ဂိုလ်ရေးသဘောတူညီ မှုရထားပြီဖြစ်ကြောင်း မီဒီယာများက ဖော်ပြလျက်ရှိသည်။

ထို့ပြင် အဲရစ်ဆင်၏အေးဂျင့် မာတင်ရွှတ်နှင့် အင်တာမီလန်အသင်း အမှုဆောင်ချုပ် မာရော့တာတို့ ဇန်နဝါရီ ၁၆ ရက် တွင် မီလန်မြို့ရှိ စားသောက်ဆိုင်တစ်ခုမှ အတူထွက်လာကြောင်း Sky Sport Italia သတင်းဌာနက ဓာတ်ပုံနှင့်တကွဖော်ပြခဲ့ပြီးနောက် အပြောင်းအရွှေ့သတင်းများ ပိုမို ထွက်ပေါ်လာသလို အင်တာမီလန်အသင်း နည်းပြ ကွန်တီကလည်း ရာသီကုန်တွင် စာချုပ်ကုန်ဆုံးမည့် ကစားသမားကို ခေါ်ယူရန်စီစဉ် နေကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

သို့ ဖြစ်ရာ မော်ရင်ဟိုက သတင်းစာရှင်းလင်းပွဲ၌ ယင်းသတင်းများနှင့်ပတ်သက်၍ တုံ့ပြန်ပြောကြားခြင်းဖြစ်သည်။ "အဲဒီအကြောင်းကို အင်တာမီလန်နဲ့ သူ့ရဲ့အေးဂျင့်ကို ခင်ဗျားတို့သွားမေးသင့်တယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့က ကျွန်တော့်ထက်ပိုပြီး သိနေလို့ပါ။ သူတို့ဘက်ကသာ ယုံကြည်မှုရှိတယ်ဆိုရင် ကျွန်တော်တို့ဆီကို ကမ်းလှမ်းဖို့ အသင့်ဖြစ်နေမှာပေါ့။ ဒါပေမဲ့ ဘာမှရောက်မလာသေးပါဘူး။ အဲဒါကြောင့် ဒီအပြောင်းအရွှေ့အကြောင်းကို လူတွေပြောတဲ့အခါ၊ အထူးသဖြင့် ဒီကိစ္စအတွက် တာဝန်ရှိသူတွေကိုယ်တိုင်က ပြောတဲ့အခါ ကျွန်တော် နည်းနည်းတော့ အံ့အားသင့်မိတယ်။ ကျွန်တော့်ဘက်က ပြောနိုင်တာ ဒါ အကုန်ပါပဲ။ ဇန်နဝါရီ ၃၁ ရက်မတိုင်ခင်အထိ ကစားသမားရဲ့ခေါင်းထဲမှာ အပြည့်အဝအာရုံ မစိုက်ထားနိုင်ဘူးဆိုတာ ပုံမှန်ပဲလို့ ကျွန်တော်ထင်တယ်" ဟု ၎င်းက ဆိုခဲ့သည်။

ထို့ပြင် ကွန်တီ၏ပြောကြားမှုနှင့်ပတ်သက်၍ မော်ရင်ဟိုက "ဒီကိစ္စအကြောင်းကို အန်တိုနီယိုက လူသိရှင်ကြားပြောခဲ့တယ်လို့ ကျွန်တော်ထင်တယ်။ ကျွန်တော်တို့လို နည်းပြ တွေအနေနဲ့ အပြောင်းအရွှေ့ကိစ္စတွေနဲ့ပတ် သက်ရင် တစ်စုံတစ်ခုမဖြစ်သေးခင်အချိန်အထိ ခပ်ဆိတ်ဆိတ်ပဲနေသင့်တယ်လို့ထင်တယ်။ ခင်ဗျားတို့က ကျွန်တော့်ကို ကစားသမား A၊ B ဒါမှမဟုတ် C အကြောင်း မေးလာမယ်ဆိုရင် သူတို့တွေက ကျွန်တော့်ကစား သမားမဟုတ်ဘူးဆိုရင် ဘယ်လိုပြန်ပြောလို့ရပါ့မလဲ။ ကိုယ့်ကစားသမားဖြစ်မလာခင်အထိ တခြားအသင်းရဲ့ ကစားသမားအကြောင်းကို မပြောသင့်ဘူးလို့ထင်တယ်" ဟု ဆက်လက် ပြောကြားခဲ့သည်။

 

 

Most Read

Most Recent