စပိန်လာလီဂါပွဲစဉ် (၂၀) ပွဲကြိုသုံးသပ်ချက်

စပိန်လာလီဂါပွဲစဉ် (၂၀) ပွဲကြိုသုံးသပ်ချက်
Published 18 January 2020

 

လီဗန်တေး - အလာဗတ်စ် (စနေညနေ ၆း၃၀ နာရီ)

လီဗန်တေးမှာ ဒဏ်ရာပြဿနာတွေ၊ ပွဲပယ်ပြစ်ဒဏ်တွေ ကြောင့် အင်အားနည်းနေနိုင်တယ်။ ဒါပေမဲ့ အလာဗတ်စ်က လည်း အဝေးကွင်းကစားပုံ အတော်လေးဆိုးရွားနေလို့ အိမ် ကွင်းမှာ လီဗန်တေး မျက်နှာမပျက်အောင်တော့ ကစားနိုင်လိမ့် မယ်ထင်တယ်။ အိမ်ကွင်း (၉)ပွဲမှာ (၅)ပွဲအထိအနိုင်ရပြီး (၂) ပွဲသာရှုံးထားတဲ့ လီဗန်တေးရဲ့အိမ်ကွင်းအားကို အလာဗတ်စ် ထိန်းဖို့ခက်မှာပါ။ လီဗန်တေးနဲ့ ဂိုးအများပဲ ရွေးထားချင်တယ်။

ရီးယဲလ်မက်ဒရစ် - ဆီဗီလာ (စနေည ၉း၃၀ နာရီ)

၂၀၂၀ ကို စပိန်စူပါဖလားချန်ပီယံဆုနဲ့ စဖွင့်ထားနိုင်တဲ့ ရီးယဲလ်မက်ဒရစ်ကတော့ လာလီဂါဒုတိယအကျော့အစမှာ ပွဲကျပ်တစ်ပွဲနဲ့ ရင်ဆိုင်ရဖို့ရှိနေတယ်။ ဆီဗီလာကို ပထမအ ကျော့ အဝေးကွင်းပွဲမှာတုန်းက ပွတ်ကာသီကာ အနိုင်ရထားပေ မယ့်လည်း ခြေစွမ်းပိုင်းမှာတော့ သိသိသာသာ အသာစီးမရခဲ့ပါ ဘူး။ အခုလည်း နောက်တန်းမှာ အသင်းခေါင်းဆောင် ရာမို့စ် ဒဏ်ရာကြောင့် မပါနိုင်ဖို့များနေပြီး တိုက်စစ်မှာ ဘန်ဇီမာနဲ့ ဘေးလ်တို့လည်း မသေချာသေးလို့ လူစုံတက်စုံသာ ပွဲမထုတ် နိုင်ခဲ့ရင် အိမ်ကွင်းမှာ ဆီဗီလာကို ခက်ခက်ခဲခဲရင်ဆိုင်ရဦးမယ့် ပုံပါပဲ။ အထူးသဖြင့် အခုနောက်ပိုင်း ရီးယဲလ်ရဲ့တိုက်စစ်ပိုင်းက လည်း ပြောစရာဖြစ်နေပြီး ဂိုးသွင်းနှုန်း သိသိသာသာကျဆင်း နေတာကို တွေ့ရတယ်။ ဆီဗီလာကလည်း ဂိုးမပေးရအောင် အထူးဂရုစိုက်ကစားနေတဲ့အသင်းဖြစ်လို့ ဂိုးသွင်းနှုန်း ပုံမှန်မရှိ တဲ့ ရီးယဲလ်တိုက်စစ်အတွက် ဂိုးရဖို့ခက်ခဲဦးမှာပါ။ ဘာနေဗျူးမှာ ဆိုပေမယ့် လက်ရှိကစားအားအရတော့ ဆီဗီလာနဲ့ ဂိုးအနည်း ကိုပဲ ကြိုက်နေမိတယ်။

အိုဆာဆူနာ - ဗယ်လာဒိုလစ် (စနေည ၁၂းဝ၀ နာရီ)

ဒီပွဲကတော့ အိုဆာဆူနာရဲ့ အိမ်ကွင်းတိုက်စစ်နဲ့ ဗယ် လာဒိုလစ်ခံစစ် အားပြိုင်မယ့်ပွဲမျိုးပါပဲ။ ဒီနှစ်သင်းမှာ အခု နောက်ပိုင်း ဗယ်လာဒိုလစ်ကစားပုံ ပိုငြိမ်လာသလိုတွေ့နေရတဲ့ အပြင် တိုက်စစ်ကပါ ဂိုးတွေသွင်းလာနိုင်တာတွေ့ရလို့ အခု တလော ခံစစ်လျော့လာတဲ့ အိုဆာဆူနာအိမ်ကွင်းမှာ ထင်တိုင်း ပေါက်ဖို့ မလွယ်ဘူး။ ဂိုးနည်းသရေပွဲပဲ မှန်းထားချင်တယ်။

အီဘာ - အက်သလက်တီကို (တနင်္ဂနွေနံနက် ၂း၃၀ နာရီ)

နှစ်သစ်မှာ အက်သလက်တီကိုရဲ့ အဝေးကွင်းခြေစွမ်း ကို မျှော်လင့်နိုင်ပြီလားဆိုတာ စောင့်ကြည့်ရတော့မယ်။ ၂၀၁၉ ရဲ့ နောက်ဆုံးအဝေးကွင်းပွဲကိုတော့ အက်သလက်တီကို အနိုင် ရထားတယ်။ ခံစစ်ပိုင်းမှာ လိုအပ်ချက်ရှိနေသေးပေမယ့် မိုရာ တာရဲ့သွင်းဂိုးတွေကိုတော့ အဝေးကွင်းမှာ ပိုမျှော်လင့်လို့ရလာ တဲ့ပုံမျိုးတော့ တွေ့နေရတယ်။ အခုရင်ဆိုင်ရမယ့် အီဘာက လည်း ဒီရာသီတစ်လျှောက် ပုံမှန်ခြေမျိုးမရှိဘဲဖြစ်နေပြီး ရုန်း ကန်နေရတယ်။ ဒဏ်ရာပြဿနာတွေလည်းရှိနေတဲ့အပြင် ဒီပွဲ မှာ ပွဲပယ်ပြဿနာတွေပါထပ်ကြုံနေရလို့ လူအင်အားပိုင်းမှာ တောင့်တင်းမှုမရှိနိုင်ဘူး။ ဒီလိုကစားအားမျိုးနဲ့တော့ နှစ်သစ်မှာ ပြန်အရှိန်ယူနေတဲ့ အက်သလက်တီကိုကို ကျော်ဖြတ်ဖို့ဆိုတာ မဖြစ်နိုင်သလောက်ပါပဲ။ ဒါပေမဲ့ အိမ်ကွင်းမှာ ခပ်ရဲရဲတုံ့ပြန် ကစားလေ့ရှိတဲ့ အီဘာရဲ့ကစားပုံကတော့ အက်သလက်တီကို ကို စိတ်ကြိုက်ကစားခွင့်ပေးဖို့ မရှိပါဘူး။ အက်သလက်တီကို ခက်ခက်ခဲခဲအနိုင်ယူရဖို့ရှိပြီး ဂိုးလည်းနည်းမယ်။

 

Most Read

Most Recent