တရားမျှတခြင်း၊ လွတ်လပ်ခြင်း၊ သာတူညီမျှ အခွင့်အရေးရရှိခြင်းနှင့် ကိုယ့်ကြမ္မာကိုယ် ဖန်တီးခွင့်ရှိသည့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး ရည်မှန်းချက်ကို အကောင်အထည်ဖော်ရေး တိုင်းရင်းသားပြည်သူအားလုံး စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်ကြရန် နိုင်ငံတော်သမ္မတ တိုက်တွန်း

တရားမျှတခြင်း၊ လွတ်လပ်ခြင်း၊ သာတူညီမျှ အခွင့်အရေးရရှိခြင်းနှင့် ကိုယ့်ကြမ္မာကိုယ် ဖန်တီးခွင့်ရှိသည့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး ရည်မှန်းချက်ကို အကောင်အထည်ဖော်ရေး တိုင်းရင်းသားပြည်သူအားလုံး စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်ကြရန် နိုင်ငံတော်သမ္မတ တိုက်တွန်း
(၇၂) နှစ်မြောက် ကချင်ပြည်နယ်နေ့အခမ်းအနား မြစ်ကြီးနားမြို့တွင် ကျင်းပနေစဉ်
(၇၂) နှစ်မြောက် ကချင်ပြည်နယ်နေ့အခမ်းအနား မြစ်ကြီးနားမြို့တွင် ကျင်းပနေစဉ်
Published 11 January 2020
ထွန်းလင်းအောင်(မြစ်ကြီးနား)

တရားမျှတခြင်း၊ လွတ်လပ်ခြင်း၊ သာတူညီမျှအခွင့်အရေးရရှိခြင်းနှင့် ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်ရှိသည့် ဒီမိုကရေစီဖက်ဒရယ်  ပြည်ထောင်စုတည်ဆောက်ရေး ရည်မှန်း ချက်ကို အကောင်အထည်ဖော်ရေး တိုင်းရင်း သားပြည်သူအားလုံး စည်းလုံးညီညွတ်စွာ ပူး ပေါင်းဆောင်ရွက်ကြရန် နိုင်ငံတော်သမ္မတ က ပြောကြားသည်။

မြစ်ကြီးနားမြို့ စီတာပူရပ်ကွက် မနော် ကွင်းတွင် ဇန်နဝါရီ ၁၀ ရက် ကျင်းပသည့်  ၇၂ ကြိမ်မြောက် ကချင်ပြည်နယ်နေ့အခမ်း အနားသို့ပေးပို့သည့် နိုင်ငံတော်သမ္မတဦးဝင်း မြင့်၏ သဝဏ်လွှာတွင် ထိုသို့ထည့်သွင်းဖော် ပြထားခြင်းဖြစ်ပြီး အဆိုပါသဝဏ်လွှာကို ကချင်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က ဖတ်ကြားခဲ့သည်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ   ၂၁ ရာစု ပင်လုံ အစည်းအဝေးမှရရှိလာသည့် ဖယ်ဒရယ်ဆိုင်ရာ ဘုံသဘောတူညီချက်များအရ တိုင်းရင်းသားပြည်သူများ အားလုံး မျှော်လင့်တောင့်တလျက်ရှိသည့် တရားမျှ တခြင်း၊ လွှတ်လပ်ခြင်း၊ သာတူညီမျှအခွင့် အရေးရရှိခြင်းနှင့် ကိုယ့်ကြမ္မာကိုယ် ဖန်တီး ခွင့်ရှိခြင်းဟူသည့် အနှစ်သာရများ ပြည့်ဝ သော ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးဟူသော ရည်မှန်းချက်ပန်း တိုင်ကို အကောင်အထည်ဖော်ဆောင်ရွက် နိုင်ရန် တိုင်းရင်းသား ပြည်သူအားလုံးက ပြည်ထောင်စု စိတ်ဓာတ်အရင်းခံကာ စည်း လုံးညီညွတ်စွာ ဥမကွဲသိုက်မပျက်ဆောင် ရွက်သွားကြရန် နေ့ထူးနေ့မြတ်တွင် တိုက် တွန်းကြောင်း နိုင်ငံတော်သမ္မတ၏သဝဏ်လွှာတွင် ဖော်ပြခဲ့သည်။

နိုင််ငံတော်သမ္မတ၏ သဝဏ်လွှာတွင် ကချင်ပြည်နယ်တွင် ကချင်မျိုးနွယ်စုခြောက် မျိုး၊ ရှမ်းမျိုးနွယ်စုငါးမျိုး၊ ဗမာတိုင်းရင်းသား မျိုးနွယ်စုများနှင့် အခြားတိုင်းရင်းသားမျိုး နွယ်စုများ စုစုပေါင်း ၁၇ သိန်းနီးပါးနေ ထိုင်သည့် ပြည်နယ်တစ်ခုဖြစ်ကြောင်း၊ သာ ယာလှပပြီး သဘာဝသယံဇာတများ ပေါကြွယ်ဝသည့် ကချင်ပြည်နယ်သည် လက်နက်ကိုင် ပဋိပက္ခများကြောင့် ပြည်နယ်၏ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ထိထိရောက်ရောက် ဆောင် ရွက်နိုင်ခြင်း မရှိသေးကြောင်း၊ နယ်မြေတည်ငြိမ်အေးချမ်းပြီး တရားဥပဒေစိုးမိုးမှသာ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ပြည်နယ်တွင်နေထိုင်ကြသည့် တိုင်းရင်းသားအား လုံးကလည်း ငြိမ်းချမ်းရေးရရှိရန် အလွန်လိုလားမည်ဟုယုံကြည်ကြောင်း ဖော်ပြထားသည်။

ထို့ပြင် သမိုင်းတစ်လျှောက်ကြုံခေါင့် ကြုံခဲ နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်း လမ်းဖြင့်ဖြေရှင်းမည့် စစ်မှန်သော ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုကြီး ပေါ်ပေါက်လာ ရေးအတွက် သမိုင်းဝင်နိုင်ငံရေး တွေ့ဆုံဆွေး နွေးပွဲများနှင့်ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုရာပင်လုံညီလာခံကို ကျင်းပ လျက်ရှိရာ တတိယအစည်းအဝေးအထိ အောင်မြင််စွာကျင်းပခဲ့ပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ်ဆိုင်ရာ ဘုံသဘောတူညီချက် ၅၁ ချက်ကိုလည်း ရရှိထားပြီဖြစ်ကြောင်း နိုင်ငံတော်သမ္မတ၏ သဝဏ်လွှာတွင်ပါရှိသည်။

မြစ်ကြီးနားမြို့တွင် ကျင်းပသည့် ကချင် ပြည်နယ်နေ့အခမ်းအနားသို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့ပြီး မနောအကအစီအစဉ်တွင်လည်း ပါဝင်ဆင်နွဲခဲ့သည်။ 

၁၉၄၈ ခုနှစ် ဇန်နဝါရီ ၁၀ ရက်တွင် ကျင်းပခဲ့သည့် ပထမဆုံး ကောင်စီအစည်း အဝေးတွင် ကချင်ပြည်နယ်အစိုးရအဖွဲ့ စတင်ဖွဲ့စည်းခဲ့သည့်နေ့ကို ကချင်ပြည်နယ် နေ့အဖြစ် သတ်မှတ်ခဲ့သည်။ ကချင်မျိုးနွယ်စု တွင် ဂျိန်းဖော၊ လချိတ်၊ လဝေါ်၊ ဇိုင်ဝါး ၊ ရဝမ်၊ လီဆူး စသည့် မျိုးနွယ်စုခြောက်ခုရှိပြီး ယင်း မျိုးနွယ်စု အားလုံးပါဝင်သော မနောပွဲကို မြစ်ကြီးနားမြို့ စီတာပူမနောကွင်းတွင် ဇန်နဝါရီ ၁၀ ရက်တွင် ကျရောက်သော ကချင်ပြည်နယ်နေ့နှင့်အတူ တစ်ချိန်တည်း ကျင်းပခြင်း ဖြစ်သည်။

မနောပွဲတော်ကို ယခင် ကချင်ဒူဝါများ လက်ထက်ကတည်းက မိမိတို့နှင့် သက်ဆိုင်သောနယ်မြေများတွင် ကျင်းပခဲ့ပြီး သီးနှံများ ဖြစ်ထွန်းသော ချမ်းသာကြွယ်ဝမှုကိုပြသော ဆွပ်မနော၊ စစ်တိုက်ရာတွင် အောင်မြင်သော အထိမ်းအမှတ် ပဒါန်မနော၊ အကြီးအကဲများ သေဆုံးပြီးနောက် ကျင်းပသည့် ဂျူမနော စသည့် မနောပွဲအမျိုးမျိုးရှိသည်။

 

 

Most Read

Most Recent