တစ်နိုင်ငံလုံးရှိ အားကစားနှင့် ကာယ သိပ္ပံကျောင်း ခြောက်ကျောင်းတွင် မျိုးဆက်သစ်လူငယ်အားကစားသမားများ လေ့ကျင့်မွေးမြူရေးအတွက် ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်မည်ဖြစ်ကြောင်း ဇန်နဝါရီ ၈ ရက်က မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ် အလုပ်အမှုဆောင်များ ရွေးချယ်တင်မြှောက်ရေးကြီးကြပ်ကော်မရှင်အဖွဲ့ဂုဏ်ပြုပွဲအခမ်း အနားတွင် ကျန်းမာရေးနှင့်အားကစားဝန် ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးက ပြောကြားသည်။
“ဝန်ကြီးဌာနအနေနဲ့ တစ်နိုင်ငံလုံးမှာ ရှိတဲ့ အားကစားနဲ့ ကာယသိပ္ပံကျောင်း ခြောက်ကျောင်းရဲ့ သင်တန်းသားရွေးချယ်ပုံ နည်းလမ်းနဲ့ စံသတ်မှတ်ချက်တွေ သင်ကြား ပုံနည်းစနစ်တွေ ကျောင်းအလိုက် အထူးပြု သင်ကြားမယ့် အားကစားနည်းသတ်မှတ်ချက်တွေအပြင် အားကစားကိုသာ အဓိက လေ့ကျင့်သင်ကြားပေးပြီး အားကစားနဲ့ မဆိုင်တဲ့ အခြားဘာသာရပ်စာတွေကို တတ်နိုင်သမျှ လျှော့ချသွားပါမယ်။ နောက်နည်းပြ တွေရဲ့ အရည်အချင်းမြှင့်တင်ရေး၊ ထူးချွန်မယ့် အလားအလာရှိမယ့် မျိုးဆက်သစ်လူငယ် အားကစားသမားတွေကို ထောက်လှမ်း ရှာဖွေခြင်းအပါအဝင် ထူးချွန်အားကစားသမားတွေ လေ့ကျင့်မွေးမြူနိုင်ရေးအတွက် ပြု ပြင်ပြောင်းလဲမှုတွေကို ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်”ဟု ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားသည်။
အဆိုပါကိစ္စရပ်များအတွက် ကျောင်း အုပ်ကြီးများ၊ ဒုတိယကျောင်းအုပ်ကြီးများ၊ နည်းပြများနှင့် အားကစားသမားများ ပါဝင်သော ဆွေးနွေးနှီးနှောဖလှယ်ပွဲ တစ်ခုလည်း ခေါ်ယူကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ကျောင်းခြောက်ကျောင်းတွင် အားကစားသမားတစ်ဦးချင်းစီ၏ ကျန်းမာကြံ့ခိုင်မှုအခြေအနေ၊ လေ့ကျင့်မှုအခြေအနေ၊ စွမ်းဆောင်ရည်တိုးတက်မှုနှင့် စံချိန်တို့ ကို တစ်နှစ်ပတ်လုံး စောင့်ကြပ်ကြည့်ရှုကာ ကွန်ပျူတာဖြင့် စနစ်တကျမှတ်တမ်းတင်ထားရန်၊ အားကစားအမျိုးအစားအလိုက် လိုအပ်သည့် အာဟာရဖွံ့ဖြိုးပြည့်ဝမှုရှိစေ ရေးအတွက် အားကစားသမားများကိုအစားအစာများ စနစ်တကျ ကျွေးမွေးရမည်ဖြစ်ကြောင်း၊ ဝန်ကြီးဌာနမှ အားကစားသမား များ အာဟာရဖွံ့ဖြိုးမှုရှိစေရေး ပံ့ပိုးဆောင် ရွက်သွားမည်ဖြစ်ကြောင်းနှင့် ကျောင်း ခြောက်ကျောင်းတွင် အားကစားသမားများ ဆေးလိပ်နှင့်အရက် သောက်သုံးခြင်းကိုတင်းကျပ်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ် ကြောင်းလည်း သိရသည်။
လက်ရှိ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရှိ အားကစားနှင့်ကာယပညာ သိပ္ပံကျောင်းများအားလုံးတွင် ဆေးလိပ်နှင့် ဆေးရွက်ကြီးသုံးစွဲမှုကို စည်းကမ်းတင်းကျပ်ထားပြီး အားကစားသမားများ သုံးစွဲခြင်းရှိ ပါက ချက်ချင်းထုတ်ပယ်ရန် ညွှန်ကြားထား ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး၏ပြောကြားချက် အရသိရသည်။
“ဆေးလိပ်နဲ့ဆေးရွက်ကြီး သုံးစွဲမှုကြောင့် အဆုတ်၊ နှလုံးရောဂါတွေ ကင်ဆာ ရောဂါတွေအပါအဝင် ရောဂါအမျိုးမျိုး ဖြစ်နိုင်သလို ဘဝနေထိုင်မှုအရည်အသွေးကျဆင်း တာအချိန်မတိုင်ခင် စောစီးစွာသေဆုံးတာ၊ ရောဂါဖြစ်ပွားသူရဲ့ မိသားစုဝင်တွေ စိတ်သောကရောက်တာ၊ လူမှုစီးပွားဘဝ ထိ ခိုက် တာတွေ အများကြီးဖြစ်တဲ့အတွက် နိုင်ငံအတွက်ဆုံးရှုံးမှုတွေ အများကြီးရှိပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ဆိုရင် စံပြအနေနဲ့ ဆေးလိပ်နဲ့ဆေးရွက်ကြီးသုံးစွဲသူတွေကိုအလုပ်ခန့်ထားတာမျိုးမရှိပါဘူး။ ဝန်ကြီးဌာ နက အား^ကာသိပ္ပံကျောင်းတွေမှာ ဆေး လိပ်နဲ့ ဆေးရွက်ကြီးသုံးစွဲမှုကို စည်းကမ်း တင်းတင်းကျပ်ကျပ်ထားတယ်။ အားကစား သမားတွေ သုံးစွဲတာတွေ့ရင် ချက်ချင်းထုတ် ပယ်တာလုပ်ဖို့ ညွှန်ကြားထားတယ်”ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန် ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားသည်။
ဆေးလိပ်နှင့်ဆေးရွက်ကြီးအပေါ် အခွန်တိုးမြှင့်ကောက်ခံပြီး ရရှိသောအခွန်များ ကို ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ တွင် ပြန်လည်ခွဲဝေအသုံးပြုနိုင်ရန် အခြား နိုင်ငံများတွင် မည်ကဲ့သို့ကောက်ခံသည်၊ မည်ကဲ့သို့ခွဲဝေဖြန့်ပေးသည်ဆိုသည့် အတွေ့ အကြုံများကို ကျန်းမာရေးနှင့် အားကစားဝန် ကြီးဌာနက လေ့လာမှုများ လုပ်ဆောင်နေကြောင်း သိရသည်။















