ထိုင်း လက်ဝတ်ရတနာဆိုင် ဓားပြတိုက်ခံရမှုတွင် သေနတ်သမား၏ပစ်ခတ်မှုကြောင့် ကလေးငယ်တစ်ဦး အပါအဝင် လူသုံးဦး သေဆုံး

ထိုင်း လက်ဝတ်ရတနာဆိုင် ဓားပြတိုက်ခံရမှုတွင် သေနတ်သမား၏ပစ်ခတ်မှုကြောင့် ကလေးငယ်တစ်ဦး အပါအဝင် လူသုံးဦး သေဆုံး
ဘန်ကောက်မြောက်ဘက် လု့ပ်ဘူရီပြည်နယ်တွင် ရော်ဘင်ဆင်ကုန်တိုက်၌  ဓားပြတိုက်မှုအတွင်း ဒဏ်ရာရသူတစ်ဦးကို ကုသပေးနေစဉ်  (Photo: AFP)
ဘန်ကောက်မြောက်ဘက် လု့ပ်ဘူရီပြည်နယ်တွင် ရော်ဘင်ဆင်ကုန်တိုက်၌ ဓားပြတိုက်မှုအတွင်း ဒဏ်ရာရသူတစ်ဦးကို ကုသပေးနေစဉ် (Photo: AFP)
Published 10 January 2020
Ref: AP/AFP

ထိုင်းနိုင်ငံအလယ်ပိုင်းရှိ စျေးဝယ်ကုန် တိုက်တစ်ခုအတွင်းသို့ မျက်နှာဖုံးစွပ်ထား သော သေနတ်သမားတစ်ဦး ဝင်ရောက်လာ ခဲ့ပြီး ကုန်တိုက်အတွင်းရှိ ရွှေဆိုင်တစ်ဆိုင်၌ ပစ်ခတ်မှုလုပ်ဆောင်ခဲ့ရာ အသက် နှစ်နှစ် အရွယ် ကလေးငယ်တစ်ဦးအပါအဝင် လူ သုံးဦးသေဆုံးသွားခဲ့ကြောင်း၊ ယင်းနောက် သေနတ်သမားသည် ရွှေဆိုင်ကို ဓားပြတိုက်ခဲ့ပြီး ထွက်ပြေးလွတ်မြောက်သွားခဲ့ကြောင်း ရဲတပ်ဖွဲ့က ဇန်နဝါရီ ၁၀ ရက်တွင် ပြောကြား ခဲ့သည်။

ယင်းဖြစ်ရပ်သည် ဘန်ကောက်မြို့မှ မြောက်ဘက် ၁၄၅ ကီလိုမီတာ (မိုင် ၉၀) ခန့် အကွာ လု့ပ်ဘူရီပြည်နယ်၌ တည်ဆောက် ထားသော Robinson ကုန်တိုက်တွင်ဖြစ်ပွား ခဲ့ခြင်းဖြစ်သည်။ Robinson ကုန်တိုက်မှ ရိုက်ယူထားသည့် CCTV မှတ်တမ်းတွင် ပြောင်းရှည် အသံတိတ်ကိရိယာတပ်ဆင် ထားသော ပစ္စတိုသေနတ်တစ်လက်ကို ကိုင် ဆောင်ထားသည့် အမျိုးသားတစ်ဦးသည် ဇန်နဝါရီ ၉ ရက် ည ၈ နာရီဝန်းကျင်တွင် ရွှေ ဆိုင်အနီးသို့ ချဉ်းကပ်လာကာ ရောင်းသူတစ် ဦးနှင့် နောက်ထပ်လူတစ်ဦးကို သေနတ်ဖြင့် ပစ်ခတ်ခဲ့ပြီးနောက် ရွှေဆိုင်ကောင်တာကို ဖျက်ဆီးပြီး ရွှေဘယက်အများအပြားကို ယူ ဆောင်သွားခဲ့သည်ကို တွေ့မြင်ရသည်။

သေနတ်သမားသည် ကုန်တိုက်အတွင်း သို့ တစ်ဦးတည်းဝင်ရောက်လာခဲ့ခြင်းဖြစ်ကာ ၎င်းနှင့် ပက်ပင်းတိုးခဲ့သည့် လုံခြုံရေးအစောင့်တစ်ဦးကို သေနတ်ဖြင့်ပစ်ခတ်ခဲ့ပြီးနောက် စိတ်လွတ်လက်လွတ် ပစ်ခတ်မှုလုပ်ဆောင်ခဲ့ရာ လူသုံးဦးသေဆုံးခဲ့ပြီး လေးဦး ဒဏ်ရာအပြင်းအထန်ရခဲ့ကြောင်း ဒေသ တွင်းရဲတပ်ဖွဲ့မှူး ဒုဗိုလ်ချုပ်ကြီး အမ်ပိုလ်ဘွာ ရူပွန်က သတင်းထောက်များကို ပြောကြားခဲ့ သည်။

“ ဓားပြက သနားကြင်နာစိတ်မရှိဘူး။ ကျွန်တော်တို့ သူ့ကို နေရာတိုင်းမှာ လိုက်လံ ရှာဖွေနေပါတယ်။ ကျွန်တော်တို့ အဲ့သေနတ်သမားကို လက်ရဖမ်းဆီးပြီးတော့ တရားမျှတမှုကို ယူဆောင်ပေးပါမယ်။ သေနတ်သ မားကို ဖမ်းဆီးရာမှာ သူ့ဘက်က ပြန်လည် ခုခံခဲ့ရင် အသေပစ်ခတ်ဖမ်းဆီးဖို့ ရဲတပ်ဖွဲ့ ကို တရားဝင် လုပ်ပိုင်ခွင့် ပေးအပ်ထားပါ တယ် “ ဟု အမ်ပိုလ်က ဆိုသည်။

သေနတ်သမားအား ဖမ်းဆီးနိုင်ရန် ထိုင်းရဲတပ်ဖွဲ့က ဘတ်ငွေ ၁၀၀၀၀၀ (ဒေါ် လာ ၃၃၀၀) ဆုကြေးထုတ်ထားသည်။ ပစ်ခတ်မှုအတွင်း အသက် နှစ်နှစ်အရွယ် ကလေး တစ်ဦး၊ လုံခြုံရေးဝန်ထမ်းတစ်ဦး၊ အရောင်း ဝန်ထမ်းတစ်ဦးသေဆုံးခဲ့ပြီး အသက် နှစ်နှစ် အရွယ်ကလေး၏ မိဘများသည် ၎င်းတို့၏ Facebook စာမျက်နှာတွင် ကလေးငယ်သေ ဆုံးခြင်းအတွက် ဝမ်းနည်းကြေကွဲကြောင်း စာကို တင်ထားကြသည်။

သေနတ်သမား၏ပစ်ခတ်တိုက်ခိုက်မှု သည် တစ်မိနစ်မျှ ကြာမြင့်ပြီး ရွှေထည်များ ကို လုယူသွားပြီးနောက် သေနတ်သမား သည် မော်တော်ဆိုင်ကယ်ဖြင့် ထွက်ပြေးသွားခြင်းဖြစ်ကြောင်း ဒုတပ်မှူး ဆူမတ်ပွန် ဆရီက ဆိုသည်။

ထိုင်းနိုင်ငံတွင် လိုင်စင်ဖြင့်သေနတ် ကိုင်ဆောင်သူများပြားနေပြီး ယခုဖြစ်ရပ်သည် မကြာသေးမီလများအတွင်း သတင်း ခေါင်းစီးဖြစ်ခဲ့သည့် သေနတ်ကိုင်ဆောင် သောရာဇဝတ်မှုများတွင် နောက်ဆုံးဖြစ်ရပ် ဖြစ်သည်။

ပြီးခဲ့သည့်နှစ်နှောင်းပိုင်းတွင် တရားရုံးများ၌ ပစ်ခတ်မှုအများအပြားဖြစ်ပွားခဲ့ခြင်းက သေနတ်ကိုင်အကြမ်းဖက်မှု နှင့်ပတ်သက် သောစိုးရိမ်စိတ်ကို တစ်ဖန်ပေါက်ပွားစေခဲ့ သည်။ ထိုင်းနိုင်ငံတောင်ပိုင်းရှိ တရားရုံး၌ နယ်မြေပိုင်ဆိုင်မှုအငြင်းပွားသည့်အမှုကို ကြားနာစစ်ဆေးနေစဉ်အတွင်း ရုံးစာရေးက ရှေ့နေနှစ်ဦးအား သေနတ်ဖြင့်ပစ်သတ်မှု သည် လူသိများသည့်အမှုအခင်းတစ်ခုဖြစ် ခဲ့သည်။

 

 

Most Read

Most Recent