ပြောင်းလဲတိုးတက်မှု ဖြစ်စဉ််ဖြစ်ရပ်များအရ ဖွဲ့စည်းပုံအခြေခံဥပဒေသည် အတိုင်းအတာတစ်ခုအထိသာ ပြည့်စုံမည်ဖြစ်ပြီး ပြင်ဆင်သင့်သည့်အချက်အချို့ ရှိကောင်းရှိနေမည်ဖြစ်ကြောင်း ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဝန်ခံပြောကြား

ပြောင်းလဲတိုးတက်မှု ဖြစ်စဉ််ဖြစ်ရပ်များအရ ဖွဲ့စည်းပုံအခြေခံဥပဒေသည် အတိုင်းအတာတစ်ခုအထိသာ ပြည့်စုံမည်ဖြစ်ပြီး ပြင်ဆင်သင့်သည့်အချက်အချို့ ရှိကောင်းရှိနေမည်ဖြစ်ကြောင်း ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဝန်ခံပြောကြား
ဇန်နဝါရီ ၈ ရက်က နေပြည်တော်တွင် ကျင်းပသည့် JICM အစည်းအဝေးသို့ တက်ရောက်လာသော ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်အချို့ကို တွေ့ရစဉ်
ဇန်နဝါရီ ၈ ရက်က နေပြည်တော်တွင် ကျင်းပသည့် JICM အစည်းအဝေးသို့ တက်ရောက်လာသော ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်အချို့ကို တွေ့ရစဉ်
Published 8 January 2020
နေရိုင်း၊ အောင်မင်းသိန်း

ယနေ့ကမ္ဘာကြီး၏ Globalization ဖြစ်စဉ်များ၊ IT ခေတ်၏ ပြောင်းလဲတိုးတက်မှု ဖြစ်စဉ်ဖြစ်ရပ်များအရ ဖွဲ့စည်းပုံအခြေခံဥပဒေသည် အတိုင်းအတာတစ်ခုအထိသာ ပြည့်စုံမည်ဖြစ်ပြီး ကိုးနှစ်ခရီး ဒီမိုကရေစီ လမ်းကြောင်းပေါ် လျှောက်လှမ်းခဲ့သည့်  အတွေ့အကြုံများအရ ပြင်ဆင်သင့်သည့် အချက်အချို့ရှိကောင်း ရှိနေမည်ဖြစ်ကြောင်း ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ဝန်ခံပြောကြားသည်။

ဇန်နဝါရီ ၈ ရက်က နေပြည်တော်ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန၌ ပြုလုပ်သည့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (JICM) အဖွင့် အမှာစကားပြောကြားရာတွင် ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

“ ယနေ့ကမ္ဘာကြီးရဲ့ Globalization ဖြစ်စဉ်များ၊ IT ခေတ်ရဲ့ ပြောင်းလဲတိုးတက်မှု ဖြစ်စဉ်ဖြစ်ရပ်များအရ ဖွဲ့စည်းပုံအခြေခံ ဥပဒေဟာလည်း အတိုင်းအတာတစ်ခုအထိသာ ပြည့်စုံမှာဖြစ်ပြီး ကိုးနှစ်ခရီး ဒီမိုကရေစီ လမ်းကြောင်းပေါ် လျှောက်လှမ်းခဲ့တဲ့ အတွေ့အကြုံများအရ ပြင်ဆင်သင့်တဲ့အချက် အချို့လည်း ရှိကောင်း ရှိနေမှာဖြစ်ပါတယ်။ ဘယ်အရာမှ ပြီးပြည့်စုံတယ်ဆိုတာ မရှိတာဟာလည်း လောကရဲ့နိယာမတစ်ခုလည်း ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့လည်း တည်ဆဲအခြေခံဥပဒေကို ပြင်ဆင်သင့်တာ ပြင်ဆင်နိုင်ရေးကိုလည်း ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း ၁၂ ပါ ဥပဒေနဲ့အညီပြင်ဆင်နိုင်ရေး ဆောင်ရွက်နေတာရှိသလို တပ်မတော်ကလည်း အခန်း ၁၂ ပါ ပြင်ဆင်ရေးဥပဒေနဲ့အညီ ပြင်ဆင်နိုင်ဖို့ဆိုတာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကလည်း ထုတ်ဖော်ပြောကြားထားပြီး ဖြစ်ပါတယ်” ဟု ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောကြားသည်။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ပြည်ထောင်စုဖွား တိုင်းရင်းသားပြည်သူအားလုံး၏ ဆန္ဒနှင့်အညီ ပါတီစုံဒီမိုကရေစီစနစ်ကို လျှောက်လှမ်းခဲ့သည်မှာ ၂၀၁၉ ခုနှစ် အကုန်အထိဆိုပါက ကိုးနှစ်ပြည့်ခဲ့ပြီး ၂၀၂၀ ပြည့်နှစ်တွင် ၁၀ နှစ် ခရီးကို လျှောက်လှမ်းနေပြီဖြစ်ကြောင်း ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။ 

ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်က “ ဒီမိုကရေစီသက်တမ်း နုပင်နုငြားသော်လည်း လက်ရှိပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ ခုနှစ်ဟာ ပါတီစုံဒီမိုကရေစီနဲ့ ပတ်သက်တဲ့ တည်ဆဲအခြေခံဥပဒေဖြစ်တာနဲ့ အညီပေးထားတဲ့ ပြည်နယ်နဲ့တိုင်းဒေသကြီးအလိုက် တူညီတဲ့ရပိုင်ခွင့်တွေ၊ တူညီတဲ့လုပ်ငန်းတာဝန်တွေ၊ တူညီတဲ့ အာဏာခွဲဝေမှုနဲ့ အခွင့်အရေးများအားလုံးဟာ တစ်ကျောင်း တစ်ဂါထာ၊ တစ်ရွာတစ်ပုဒ်ဆန်း ဆိုသလို မတူညီသော ဒီမိုကရေစီအခွင့်အရေး၊ ဒေသအပေါ် အခြေခံတဲ့ဒီမိုကရေစီ၊ လူမျိုးအလိုက်ပေါ် အခြေခံတဲ့ ဒီမိုကရေစီ မဖြစ်ရလေအောင် စုပေါင်းစဉ်းစားမှု အားမှတစ်ဆင့် ရရှိလာခဲ့တဲ့ ရလဒ်ဖြစ်လို့ ကိုးနှစ်တာကာလအတွင်းမှာ ကြီးမားတဲ့ ဒီမိုကရေစီကျင့်စဉ် ဖောက်လှဲဖောက်ပြန်မှုများ၊ ဒီမိုကရေစီ နောက်ကြောင်းပြန်လှည့်မှုများ အပါအဝင်  ဒီမိုကရေစီလမ်းကြောင်းပေါ်မှ သွေဖည်မှုများဟာ လုံးဝနီးပါး မဖြစ်ပေါ်သလောက် ဖြစ်စေခဲ့တာဟာလည်း တွေ့ရမှာဖြစ်ပါတယ်” ဟု ပြောကြားသည်။

 

 

Most Read

Most Recent