UNA နှင့် NBF ကို ပူးပေါင်း၍ တိုင်းရင်းသား မဟာမိတ်အဖွဲ့တစ်ခုတည်းဖြစ်ရေး ပြည်နယ်ငါးခုမှ ပေါင်းစည်းတိုင်းရင်းသားပါတီများ ကြိုးပမ်းနေ

UNA နှင့် NBF ကို ပူးပေါင်း၍ တိုင်းရင်းသား မဟာမိတ်အဖွဲ့တစ်ခုတည်းဖြစ်ရေး ပြည်နယ်ငါးခုမှ ပေါင်းစည်းတိုင်းရင်းသားပါတီများ ကြိုးပမ်းနေ
ပြည်နယ်ငါးခုမှ ပေါင်းစည်းပါတီ ငါးပါတီနှင့် UNA အဖွဲ့ တာဝန်ရှိသူများ ၂၀၁၉ ခုနှစ် စက်တင်ဘာအတွင်းက တွေ့ဆုံစဉ် (Photo: UNA)
ပြည်နယ်ငါးခုမှ ပေါင်းစည်းပါတီ ငါးပါတီနှင့် UNA အဖွဲ့ တာဝန်ရှိသူများ ၂၀၁၉ ခုနှစ် စက်တင်ဘာအတွင်းက တွေ့ဆုံစဉ် (Photo: UNA)
Published 6 January 2020
ဥာဏ်လင်းထွန်း

UNA (စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးမဟာမိတ်) နှင့် NBF (ညီနောင်တိုင်းရင်းသား ပါတီများ ဖက်ဒရေးရှင်း) ကို ပူးပေါင်း၍ တိုင်းရင်းသားမဟာမိတ်အဖွဲ့တစ်ခုတည်းဖြစ်ရေး ပြည်နယ်ငါးခုမှ ပေါင်းစည်း တိုင်းရင်းသားပါတီများ စုပေါင်းကြိုးပမ်းလျက်ရှိသည်ဟု ချင်းအမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (CNLD) ဥက္ကဋ္ဌ ပူဇိုဇမ်က The Daily Eleven သတင်းစာကို ပြောကြားသည်။

ချင်း၊ ကချင်၊ ကရင်၊ ကယား၊ မွန် စသည့် ပြည်နယ်ငါးခုမှ တိုင်းရင်းသားပါတီများသည် ဒေသတူပါတီအချင်းချင်း ပေါင်းစည်းမှုကို ယခင်နှစ်များအတွင်း ဆောင်ရွက်ခဲ့ကြပြီး ပါတီချင်းတွေ့ဆုံဆွေးနွေးမှုများရှိကြောင်း သိရသည်။

“UNA နဲ့ NBF ကို ပေါင်းစည်းဖို့ပါပဲ။ ကျွန်တော်တို့ရည်ရွယ်ချက်က ဒါပဲ။ တိုင်း ရင်းသားအင်အားအကြီးကြီးတစ်ခု တည် ဆောက်ဖို့ပဲ။ ဒီငါးပါတီပေါင်းပြီး တစ်စင်ထောင်ဖို့မဟုတ်ဘူး။ လောလောဆယ် ရှိနေ တဲ့ UNA နဲ့ NBF ကို ပေါင်းစည်းဖို့ပဲ။ ကျွန်တော်တို့ ကြိုးစားနေတယ်}}ဟု ပူဇိုဇမ်က ပြော ကြားသည်။

ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီ၊ ချင်းတိုးတက်ရေးပါတီနှင့် ချင်းဒီမိုကရေစီ အဖွဲ့ချုပ်တို့ ပူးပေါင်းတည်ထောင်သည့် ပါတီ ဖြစ်ပြီး ပါတီမပူးပေါင်းမီက ချင်းအမျိုးသား ဒီမိုကရက်တစ်ပါတီမှာ NBF အဖွဲ့ဝင်ဖြစ်ပြီး ကျန် ချင်းနှစ်ပါတီမှာ UNA အဖွဲ့ဝင်ဖြစ် သည်။

ကချင်၊ ကရင်၊ ကယား၊ မွန်စသည့် ပြည် နယ်များရှိ တိုင်းရင်းသားပါတီများသည်လည်း ဒေသတူပါတီအချင်းချင်း ပေါင်းစည်းမှုကို ယခင်နှစ်များအတွင်း ဆောင်ရွက်ခဲ့ပြီး ပါတီ မပေါင်းစည်းခင်က UNA နှင့် NBF အဖွဲ့ဝင် များဖြစ်ကြသည်။

သို့ရာတွင် ပါတီပေါင်းစည်းရေး ဆောင် ရွက်ကြပြီးနောက် မည်သည့်မဟာမိတ်အဖွဲ့ကိုမှ ပြန်လည်ဝင်ရောက်ခြင်းမရှိဘဲ လေ့လာသူအဖြစ်သာ အဖွဲ့နှစ်ခု၏ အစည်းအဝေးများ သို့ တက်ရောက်လေ့ရှိကြောင်း သိရသည်။

တိုင်းရင်းသားမဟာမိတ်တစ်ခုတည်း ဖြစ်ရေး ရည်ရွယ်၍ တိုင်းရင်းသားပါတီပေါင်း စုံပါဝင်သည့် ညီလာခံတစ်ခု မကြာမီအချိန် အတွင်း ကျင်းပနိုင်ရန် စီစဉ်နေပြီး UNA နှင့် NBF ကို တွေ့ဆုံညှိနှိုင်းလျက်ရှိကြောင်း ချင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(CNLD)ဥက္ကဋ္ဌ ပူဇိုဇမ်နှင့် ကချင်ပါတီ သုံးပါတီပေါင်း စည်းထားသည့် ကချင်ပြည်နယ်ပြည်သူ့ပါတီ ဒုတိယဥက္ကဋ္ဌ ကွမ်ဂေါင်အောင်ခမ်းက ပြောကြားသည်။

ထိုသို့ဆောင်ရွက်ရာတွင် UNA နှင့် NBF အဖွဲ့တွင် မပါဝင်သည့် တိုင်းရင်းသားပါတီများလည်း ပူးပေါင်းပါဝင်နိုင်ပြီး ဖက်ဒရယ်ကို ထောက်ခံသည့် မူဝါဒရှိရမည်ဟု ပူဇိုဇမ်က ပြောကြားသည်။

“ညီလာခံဖြစ်အောင် ဦးဆောင်တယ် ဆိုတာထက် ကမကထပြုတယ်လို့တော့ ပြောလို့ရပါတယ်။ ငွေရေးကြေးရေးရှာဖွေတာတို့ Organize လုပ်တာတို့ကို ငါးပြည်နယ်က ကြိုးစားနေတဲ့ အခြေအနေဖြစ်ပါတယ်” ဟု ကချင်ပြည်နယ်ပြည်သူ့ပါတီ ဒုတိယဥက္ကဋ္ဌ ကွမ်ဂေါင်အောင်ခမ်းက ၂၀၁၉ ခုနှစ် နိုဝင် ဘာလကုန်ပိုင်းတွင် ပြောကြားထားသည်။

UNA တွင် ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD)၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) အပါအဝင် တိုင်းရင်းသားပါတီ ၁၅ ပါတီပါဝင်ပြီး NBF တွင် ၂၀၁၀ ရွေးကောက် ပွဲ အနိုင်ရပါတီများဖြစ်သည့် ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ (SNDP)၊ ရခိုင် အမျိုးသားပါတီ (ယခင် ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ) အပါအဝင် ပါတီ ၂၀ ဝန်းကျင်ပါဝင်သည်။

 

 

Most Read

Most Recent