အာဆင်နယ်တိုက်စစ်မှူး အူဘာမီယန်းကို ခေါ်ယူရန် ဘာစီလိုနာနှင့် အပြိုင် အင်တာမီလန် ပစ်မှတ်ထား

အာဆင်နယ်တိုက်စစ်မှူး အူဘာမီယန်းကို ခေါ်ယူရန် ဘာစီလိုနာနှင့် အပြိုင် အင်တာမီလန် ပစ်မှတ်ထား
Photos: Getty Images
Photos: Getty Images
Published 1 January 2020

အူဘာမီယန်း၏ လက်ရှိစာချုပ်သက်တမ်းမှာ ၂၀၂၁ ခုနှစ်မှသာ ကုန်ဆုံးမည်ဖြစ်သော်လည်း ၎င်းအနေဖြင့် လာမည့် နွေရာသီတွင် အသင်းမှထွက်ခွာဖွယ်ရှိကြောင်း သတင်းများထွက်ပေါ်နေသည်။

 

 

စီးရီးအေကလပ် အင်တာမီလန်အသင်းသည် အာဆင်နယ်အသင်း၏ ဂါဘွန်လက်ရွေးစင်တိုက်စစ်မှူး အူဘာမီယန်းအား ခေါ်ယူရန် ဘာစီလိုနာအသင်းနှင့် အပြိုင် ပစ်မှတ်ထားနေကြောင်း Mirror သတင်းစာက ဖော်ပြခဲ့သည်။

အူဘာမီယန်း၏ လက်ရှိစာချုပ်သက်တမ်းမှာ ၂၀၂၁ ခုနှစ်မှသာ ကုန်ဆုံးမည်ဖြစ်သော်လည်း ၎င်းအနေဖြင့် လာမည့် နွေရာသီတွင် အသင်းမှထွက်ခွာဖွယ်ရှိကြောင်း သတင်းများထွက်ပေါ်နေသည်။

အူဘာမီယန်းသည် အာဆင်နယ်အသင်းနှင့် စာချုပ်သစ်ချုပ်ဆိုရန် ငြင်းဆန်ခဲ့ခြင်းကြောင့် အသင်းတာဝန်ရှိသူများအနေဖြင့် ၎င်းအား စာချုပ်သက်တမ်းစေ့ချိန်အထိ အသင်းတွင်မထားတော့ဘဲ လာမည့် နွေရာသီတွင် ရောင်းချဖွယ်ရှိသည်ဟု ဗြိတိန်သတင်းစာများက ဖော်ပြခဲ့ခြင်းဖြစ်သည်။

လက်ရှိအချိန်တွင် အာဆင်နယ်အသင်းခေါင်းဆောင်အဖြစ် ခန့်အပ်ခြင်းခံထားရသော အူဘာမီယန်းသည် အာဆင်နယ်အသင်း လာမည့်ရာသီတွင် ချန်ပီယံလိဂ်ဝင်ခွင့်မရပါက အသင်းမှထွက်ဖွယ်ရှိသည်ဟု  အစောပိုင်းကတည်းက ဝန်ခံထားသူဖြစ်သည်။

 

 

Most Read

Most Recent