ခေတ်ပေါ်စတိတ်ရှိုးမပါဝင်ဘဲ တင်ဆက်မည်ဆိုသည့် ဖိုးချစ် ဇာတ်သဘင်အဖွဲ့

ခေတ်ပေါ်စတိတ်ရှိုးမပါဝင်ဘဲ တင်ဆက်မည်ဆိုသည့် ဖိုးချစ် ဇာတ်သဘင်အဖွဲ့
Published 31 December 2019
စုမှူးနိုင်

၂၀၁၉ ခုနှစ်အတွက် Weekly Eleven ဂျာနယ်ကဖော်ပြမည့် ထင်ရှားကျော်ကြားကဏ္ဍတွင် မြန်မာ့ဇာတ်သဘင် လောကတွင် ကာလကြာရှည်စွာတင်ဆက်ခဲ့သည့် ဖျော်ဖြေမှုတစ်ခုဖြစ်သည့် ခေတ်ပေါ်စတိတ်ရှိုးအစီအစဉ်အား ထည့်သွင်းတင်ဆက်ခြင်း မပြုလုပ်တော့သည့် ဖိုးချစ်ဇာတ်သဘင်အဖွဲ့၏ ဖျော်ဖြေမှုပုံစံအကြောင်းကို မြန်မာ့ဇာတ်သဘင်၏ ထူးခြားသည့်ပြောင်းလဲမှုတစ်ခုအဖြစ် တင်ပြအပ်ပါသည်။

ဖိုးချစ်ဇာတ်သဘင်အဖွဲ့အနေဖြင့် နိုဝင်ဘာလအတွင်း ရန်ကုန်မြို့၌ ကပြလျက်ရှိသည့် ပွဲစဉ်များမှစ၍ စတိတ်ရှိုး အစီအစဉ်မပါဝင်ဘဲ ကပြခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ အဆိုပါတင်ဆက်မှုအစီအစဉ်များ ပြောင်းလဲခြင်းကို ရန်ကုန်မြို့တွင် ကပြခဲ့သည့် ပွဲတော်များ၌ စတင်ကာ ကျင့်သုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ စတင်ပြောင်းလဲသည့် ကာလများတွင် ပရိသတ်များအား ကြိုတင်အကြောင်းကြားမှု နည်းခဲ့သည့်အတွက် ဖျော်ဖြေရက်များ၏ စနေနေ့တစ်ည၌သာ ခေတ်ပေါ်စတိတ်ရှိုး အစီအစဉ်ထည့်သွင်းတင်ဆက်ခဲ့ပြီး ကျန်ပွဲများတွင် ဖျော်ဖြေခြင်းမရှိဘဲစတင်ခဲ့သည်။            

“ ကျွန်တော့်အနေနဲ့ ခေတ်ပေါ်သီချင်းတွေကို အရမ်းကြိုက်ပါတယ်။ ဒါပေမဲ့လည်း ကျွန်တော်ရဲ့ ဇာတ်သဘင် တင်ဆက်မှုမှာ ဒီအစီအစဉ်ကိုချန်ထားဖို့အရင်တည်းက ဆန္ဒရှိနေတာပါ။ ဒီနိုဝင်ဘာမှ ရန်ကုန်မှာ စပြတဲ့ပွဲတွေကစပြီး စတိတ်ရှိုးအစီအစဉ်ကို စနေနေ့တစ်ရက်ပဲ တင်ဆက်ပါမယ်။ ဒါလည်း ပွဲအစီအစဉ် အပြောင်းအလဲကာလဖြစ်တဲ့ အတွက်ပါ။ နောက်ထပ်လက်ခံထားတဲ့ ပွဲတွေကလည်း ဒီအစီအစဉ်ကို ကြိုမပြောဖြစ်တာဖြစ်တဲ့အတွက် တောင်းဆိုလို့ရရင်တော့ စတိတ်ရှိုးမပါဘဲ ကပြမှာပါ။ မရဘူးဆိုရင်တော့လည်း ထည့်သွင်းတင်ဆက်ပါမယ်။ ဒါပေမဲ့ နောက်ပိုင်းပွဲတွေအားလုံးမှာတော့ ဖိုးချစ်ဇာတ်သဘင်ဆိုရင် ခေတ်ပေါ်စတိတ်ရှိုးအစီအစဉ်မပါဘဲ ကပြမှာပါ။ တောင်းဆို မှုရှိရင်လည်း အဲဒီအစီအစဉ်ကို တင်ဆက်ဖြစ်မှာ မဟုတ်တော့ပါဘူး” ဟု ဖိုးချစ်က ဆိုသည်။

မြန်မာ့ဇာတ်သဘင် ဖျော်ဖြေမှုအစီအစဉ်များတွင် ခေတ်ပေါ်စတိတ်ရှိုး ဖျော်ဖြေမှုအစီအစဉ်များ နေရာယူခဲ့သည်မှာ ဆယ်စုနှစ် နှစ်ခုစာမက ရှိခဲ့ပြီဖြစ်သည်။                                                       

 

Most Read

Most Recent