ပြီးခဲ့သည့်စနေနေ့က ကစားခဲ့သော ပရီးမီးယားလိဂ်ပွဲစဉ် ဘန်လေ (၀-၂) မန်ယူပွဲတွင် ကွင်းလယ်လူ ပေါ့ဘာကို အသုံးမပြုခဲ့ခြင်းအတွက် မန်ယူအသင်းနည်းပြ ဆိုးလ်ရှားက ပြန်လည်ရှင်းလင်းပြောကြားခဲ့သည်။
ပေါ့ဘာသည် Boxing Day နေ့က ကစားခဲ့သော မန်ယူ (၄-၁) နယူးကာဆယ်ပွဲတွင်လည်း ပွဲထွက်စာရင်း၌ မပါဝင်ဘဲ ဒုတိယပိုင်းမှသာ လူစားထိုးကစားသမားအဖြစ် ပါဝင်ကစားခဲ့သည်။
၎င်းအနေဖြင့် ခြေချင်းဝတ်ဒဏ်ရာပြဿနာ ရှိနေဆဲဖြစ်ပြီး စွန့်စားအသုံးမပြုလို၍ အနား ပေးခဲ့ခြင်းဖြစ်သည်ဟု ဆိုးလ်ရှားက MUTV ရုပ်သံသို့ပြောကြားခဲ့သည်။
''ပေါလ် (ပေါ့ဘာ)ဟာ အသင်းအတွက် (၂)ပွဲသာ ကစားပေးနိုင်ပါသေးတယ်။ သူ့ကို ဒီပွဲမှာ အနားပေးခဲ့ပါ တယ်။ သူ့ရဲ့ဒဏ်ရာအခြေအနေက စိတ်မချရသေးတာကြောင့် သူ့ကို ဒီနေ့ အသုံးပြုဖို့ မသင့်တော်သေးဘူးလို့ ယူဆခဲ့ပါတယ်''ဟု ဆိုးလ်ရှားက ပြောကြားခဲ့သည်။