အပြစ်မဲ့ အရပ်သားပြည်သူများ ထိခိုက်မှုနှင့် သေဆုံးမှု မရှိစေရေး ယခင်ထက် ပိုမိုထိရောက်သောကာကွယ်စောင့်ရှောက်မှုများ စီမံဆောင်ရွက်ပေးရန် ပြည်နယ်အစိုးရအား တိုက်တွန်းကြောင်းအဆို ရခိုင်ပြည်နယ်လွှတ်တော်တွင် ဆွေးနွေးမည်

အပြစ်မဲ့ အရပ်သားပြည်သူများ ထိခိုက်မှုနှင့် သေဆုံးမှု မရှိစေရေး ယခင်ထက် ပိုမိုထိရောက်သောကာကွယ်စောင့်ရှောက်မှုများ စီမံဆောင်ရွက်ပေးရန် ပြည်နယ်အစိုးရအား တိုက်တွန်းကြောင်းအဆို ရခိုင်ပြည်နယ်လွှတ်တော်တွင် ဆွေးနွေးမည်
Published 28 December 2019
သန်းလှိုင်

ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများ ကြောင့် အပြစ်မဲ့အရပ်သားပြည်သူများ ထိ ခိုက်ဒဏ်ရာရမှုနှင့် သေဆုံးမှုမရှိစေရေးအ တွက် ယခင်ထက်ပိုမိုထိရောက်သော ကာ ကွယ်စောင့်ရှောက်မှုများကို စီမံဆောင်ရွက် ပေးရန် ရခိုင်ပြည်နယ်အစိုးရအား တိုက်တွန်း ကြောင်းအဆိုအား ရခိုင်ပြည်နယ်လွှတ်တော် ဆွေးနွေးမည်ဖြစ်သည်။

ယင်းအဆိုအား ဒီဇင်ဘာ ၂၇ ရက်က ပြုလုပ်သော ရခိုင်ပြည်နယ်လွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် ဘူးသီး တောင်မြို့နယ်မှ ပြည်နယ်လွှတ်တော်ကိုယ် စားလှယ် ဦးထွန်းအောင်သိန်းက တင်သွင်း ခဲ့ခြင်းဖြစ်ကာ အဆိုအား မင်းပြားမြို့နယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလှ သိန်းအောင်က ထောက်ခံဆွေးနွေးခဲ့ပြီး အ ဆိုအား လက်ခံဆွေးနွေးရန် သင့်မသင့်ကို လွှတ်တော်၏အဆုံးအဖြတ်ရယူရာတွင် ကန့် ကွက်သူမရှိသဖြင့် အဆိုအားဆွေးနွေးရန် အတည်ပြုခဲ့သည်။

“ကျွန်တော် ဒီအဆိုကိုတင်ရတာက တစ်ဆက်တည်း တိုက်ပွဲဖြစ်တာ အခုဆိုရင် တစ်နှစ်ပြည့်တော့မယ်။ ၂၀၁၅ -၁၆ လောက် ကတည်းက ပလက်ဝဘက်ကစပြီး ဖြစ်လာခဲ့ တယ်။ အဲဒီတော့ တိုက်ပွဲက မူလအခြေအ နေထက် စစ်ဘောင်ကျယ်လာတယ်။ အခု ဆိုရင် ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏား ကျွန်း၊ မင်းပြား၊ မြေပုံ၊ အမ်းတွေအထိဖြစ် လာတဲ့အတွက် အရပ်သားပြည်သူသေဆုံးမှု ဟာ ဒီနှစ်တစ်နှစ်အတွင်းမှာ ၁၀၀ လောက် သေဆုံးမှုရှိနေပြီး ထိခိုက်မှုကလည်း နှစ်ရာ ကျော်အထိ ရောက်လာတဲ့အတွက် အရပ် သားပြည်သူတွေကို ထိထိရောက်ရောက်ကာ ကွယ်ပေးဖို့အတွက်ကို ကျွန်တော်တို့ ရခိုင် ပြည်နယ်အစိုးရကို တိုက်တွန်းကြောင်း အဆို ဖြစ်ပါတယ် ခင်ဗျ။ ကန့်ကွက်သူမရှိတဲ့အ တွက် ဆွေးနွေးဖို့အတည်ဖြစ်သွားပါတယ်” ဟု အဆိုရှင် ဦးထွန်းအောင်သိန်းက ပြောကြားသည်။

လက်ရှိအနေအထားတွင် တိုက်ပွဲရှောင် စခန်းများနှင့် ကျေးရွာများတွင် လက်နက်  ကြီးကျည်ကျရောက်သည့်အတွက် ပိုမိုလုံခြုံ ရန်လိုအပ်နေကြောင်း၊ အရပ်သားများလုံခြုံ ရေးသည် လွန်စွာအရေးကြီးသည့်ကိစ္စဖြစ်ပြီး ပြည်သူများအနေဖြင့် လက်နက်ကြီး၊ လက် နက်ငယ်များကျရောက်မည်ကို စိုးရိမ်နေကြ ရကြောင်းလည်း ဦးထွန်းအောင်သိန်းက ဆက်လက်ပြောကြားသည်။

ယင်းအဆိုအား ဆွေးနွေးလိုသူများအနေဖြင့် ဒီဇင်ဘာ ၂၉ ရက် နောက်ဆုံးထားပြီး လွှတ်တော်သို့ တင်သွင်းရမည်ဖြစ်သည်။

ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများ ကြောင့် နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင် နေရသူအရေအတွက်မှာ ယခုလအတွင်း စာရင်းများအရ ၉၆၀၀၀ ကျော်အထိရှိလာခဲ့ပြီဖြစ်ကြောင်းလည်း ရခိုင်တိုင်းရင်းသား မျိုးနွယ်များအစည်းအရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။

 

 

Most Read

Most Recent