လာမည့်ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် အာဆင်နယ်အသင်းမှထွက်ခွာရန် အူဘာမီယန်း စီစဉ်နေကြောင်း Mirror ဖော်ပြ

လာမည့်ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် အာဆင်နယ်အသင်းမှထွက်ခွာရန် အူဘာမီယန်း စီစဉ်နေကြောင်း Mirror ဖော်ပြ
Photo: Getty Images
Photo: Getty Images
Published 20 December 2019

အာဆင်နယ်အသင်းခေါင်းဆောင် အူဘာမီယန်းသည် လာမည့်ဇန်နဝါရီအပြောင်းအရွှေ့ကာလအတွင်း အသင်းမှထွက်ခွာရန် စီစဉ်နေကြောင်း ဗြိတိန်သတင်းစာ Mirror က ဖော်ပြခဲ့သည်။ 

အာဆင်နယ်အသင်းခေါင်းဆောင် အူဘာမီယန်းသည် လာမည့်ဇန်နဝါရီအပြောင်းအရွှေ့ကာလအတွင်း အသင်းမှထွက်ခွာရန် စီစဉ်နေကြောင်း ဗြိတိန်သတင်းစာ Mirror က ဖော်ပြခဲ့သည်။ 

Mirror ၏ ဖော်ပြချက်အရ အူဘာမီယန်းသည် အာဆင်နယ်အသင်း၏ လက်ရှိအခြေအနေများကို စိတ်ပျက်နေပြီး အသင်းဘက်က စာချုပ်သစ်ချုပ်ဆိုရန် ကမ်းလှမ်းမှုကို တုံ့ပြန်ခြင်းမရှိသေးကြောင်း သိရသည်။

အာဆင်နယ်အသင်းနှင့် အူဘာမီယန်း၏ လက်ရှိစာချုပ်မှာ (၁၈)လသာ ကျန်ရှိတော့ကြောင်း သိရသည်။ ထို့ကြောင့် အာဆင်နယ်အသင်းသည် စာချုပ်သစ်ကမ်းလှမ်းမှု အဆင်မပြေပါက အူဘာမီယန်းကို အလွတ်လက်မလွှတ်ရရေးအတွက် ရောင်းချသွားဖွယ်ရှိနေကြောင်း ဗြိတိန်မီဒီယာများက ဖော်ပြနေကြသည်။ 

အသက် (၃၀) နှစ်အရွယ်ရှိ ဂါဘွန်တိုက်စစ်မှူး အူဘာမီယန်းသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီတွင် ဒေါ့မွန်အသင်းမှ အာဆင်နယ်အသင်းသို့ ပေါင် (၅၆)သန်း (ထိုစဉ်က ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး)ဖြင့် ရောက်ရှိလာသူ ဖြစ်သည်။ 

ယခုရာသီတွင် အာဆင်နယ်အသင်း ရလဒ်များ ဆိုးရွားနေသော်လည်း အူဘာမီယန်းသည် အသင်းအတွက် ပြိုင်ပွဲစုံ (၁၉)ပွဲတွင် (၁၃) ဂိုး သွင်းယူပေးထားသည်။ 

အူဘာမီယန်းအနေဖြင့် ပြဿနာများနှင့် ရင်ဆိုင်နေရသည့် အာဆင်နယ်အသင်းကို စွန့်ခွာရန် စီစဉ်လာခြင်းဖြစ်ပြီး လာကာဇက်နှင့် အိုဇေးလ်တို့မှာလည်း အသင်းမှထွက်ခွာဖွယ်ရှိနေသည်ဟု ဗြိတိန်မီဒီယာများက ဖော်ပြနေကြသည်။ 

 

 

Most Read

Most Recent