စီးရီးအေပြိုင်ပွဲတာဝန်ရှိသူများသည် လူမျိုးရေးခွဲခြားမှု ပြဿနာများ ပိုမိုကြီးထွားလာသည့်အတွက် ပရိသတ်များအား ပညာပေးနိုင်ရန် မျောက်ရုပ်ပိုစတာများကို စတင်အသုံးပြုသွားမည်ဖြစ်ကြောင်း သိရှိရသည်။
စီးရီးအေပြိုင်ပွဲတွင် လူမည်းကစားသမားများကို မျောက်ဟု အော်ဟစ်လှောင်ပြောင်ကာ လူမျိုးရေးခွဲခြားမှုများ ပိုမိုမြင့်တက်လာခြင်းကြောင့် ပန်းချီပညာရှင် ဖူဂတ်ဇော့တိုနှင့်ပူးပေါင်းကာ ယခုအစီအစဉ်ကို စတင်ခဲ့ခြင်းဖြစ်ကြောင်းလည်း သိရှိရသည်။
အဆိုပါ မျောက်ရုပ်ပိုစတာများကို တနင်္လာနေ့က စီးရီးအေရုံးချုပ်တွင် စတင်ပြသခဲ့ပြီး ဖူဂတ်ဇော့တိုက ''လူတွေရဲ့ သဘောထား အမြင်ကို ပြောင်းလဲပေးနိုင်ဖို့ ရည်ရွယ်ပါတယ်။ ကျွန်တော်တို့အားလုံးရဲ့ မူလအစဟာ မျောက်တွေက ဆင်းသက်လာတာပါပဲ။ နောက်ဆုံးတစ်နေ့မှာ အဆုံးအဖြတ်ခံရမှာကလည်း အသားအရောင်အပေါ် မူမတည်ပါဘူး''ဟု ပြောကြားခဲ့သည်။
ရိုးမားအသင်းသည် အသင်း၏ Twitter စာမျက်နှာမှတစ်ဆင့် ယင်းလှုပ်ရှားမှုကို ဝေဖန်ခဲ့ကြောင်း သိရသည်။