၂၀၁၉ ခုနှစ် နိုဝင်ဘာလအတွင်း လေဆိပ်များနှင့် နယ်စပ်ဝင်ထွက်ပေါက်များမှ နိုင်ငံခြားသားဝင်ရောက်မှု ၁၄၃၃၈၆ ဦးရှိပြီး ယမန်နှစ်ကာလတူထက် ခရီးသွားလေးသောင်းကျော် ပိုမိုဝင်ရောက်

၂၀၁၉ ခုနှစ် နိုဝင်ဘာလအတွင်း လေဆိပ်များနှင့် နယ်စပ်ဝင်ထွက်ပေါက်များမှ နိုင်ငံခြားသားဝင်ရောက်မှု ၁၄၃၃၈၆ ဦးရှိပြီး ယမန်နှစ်ကာလတူထက် ခရီးသွားလေးသောင်းကျော် ပိုမိုဝင်ရောက်
ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မှလိုက်ပါလာသည့် နိုင်ငံခြားသားခရီးသည်များအား ရန်ကုန်လေဆိပ်တွင် တွေ့ရစဉ်
ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မှလိုက်ပါလာသည့် နိုင်ငံခြားသားခရီးသည်များအား ရန်ကုန်လေဆိပ်တွင် တွေ့ရစဉ်
Published 11 December 2019
ရွှန်းလဲ့ဝင်း

၂၀၁၉ ခုနှစ် နိုဝင်ဘာလအတွင်း ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်များနှင့် နယ်စပ်ဝင်ထွက်ပေါက်များမှ နိုင်ငံခြားသားဝင်ရောက်မှု ၁၄၃၃၈၆ ဦးရှိပြီး ယမန်နှစ်ကာလတူထက် ခရီးသွား လေးသောင်းကျော် ပိုမိုဝင်ရောက်ခဲ့ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ သတင်းရရှိသည်။

၂၀၁၉ ခုနှစ် နိုဝင်ဘာလအတွင်း ရန်ကုန်လေဆိပ်နှင့် ရေဆိပ်များမှ နိုင်ငံခြားသားများ ဝင်ရောက်မှုမှာ ကမ္ဘာလှည့်ဗီဇာဖြင့် ဝင်ရောက်မှု ၇၀၁၉၇ ဦးရှိပြီး လုပ်ငန်း ဗီဇာဖြင့်ဝင်ရောက်မှု ၁၇၆၉၇ ဦးရှိကြောင်း သိရသည်။ မန္တလေးလေဆိပ်မှနိုင်ငံခြားသားများ ဝင်ရောက်မှုမှာ ကမ္ဘာလှည့်ဗီဇာဖြင့် ဝင်ရောက်မှု ၃၇၇၃၆ ဦးရှိပြီး လုပ်ငန်းဗီဇာဖြင့် ဝင်ရောက်မှု ၄၅၉၅ ဦးရှိကြောင်း သိရသည်။ နေပြည်တော်လေဆိပ်မှ နိုင်ငံခြားသားများဝင်ရောက်မှုတွင်  ကမ္ဘာလှည့်ဗီဇာဖြင့် ၁၃၈၀ ရှိပြီး လုပ်ငန်းဗီဇာဖြင့် ဝင်ရောက်မှု ၃၄၄ ဦးရှိကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် နိုဝင်ဘာတွင် ရန်ကုန်လေဆိပ်နှင့် ရေဆိပ်များမှ နိုင်ငံခြားသားများဝင်ရောက်မှုမှာ ကမ္ဘာလှည့်ဗီဇာဖြင့် ဝင်ရောက်မှု ၅၇၂၁၄ ဦးရှိပြီး လုပ်ငန်း ဗီဇာဖြင့် ဝင်ရောက်မှု ၁၆၃၀၈ ဦးရှိကြောင်း သိရသည်။ မန္တလေးလေဆိပ်မှ နိုင်ငံခြားသားများ ဝင်ရောက်မှုမှာ ကမ္ဘာလှည့်ဗီဇာဖြင့် ဝင်ရောက်မှု ၁၃၄၃၁ ဦးရှိပြီး လုပ်ငန်း ဗီဇာဖြင့်ဝင်ရောက်မှု ၄၀၃၇ ဦးရှိကြောင်း သိရသည်။ နေပြည်တော်လေဆိပ်မှ နိုင်ငံခြားသားများ ဝင်ရောက်မှုတွင် ကမ္ဘာလှည့် ဗီဇာဖြင့် ၂၇၃ ဦးရှိပြီး လုပ်ငန်းဗီဇာဖြင့် ဝင်ရောက်မှု ၂၆၇ ဦးရှိကြောင်း သိရသည်။

၂၀၁၉ ခုနှစ် အောက်တိုဘာ ၁  ရက်မှ စတင်ကာ သြစတြေးလျ၊ အီတလီ၊ စပိန်၊ ဂျာမနီ၊ ရုရှားနှင့် ဆွစ်ဇာလန်နိုင်ငံများမှသာ မန်နိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူ ကမ္ဘာလှည့်ခရီးသည်များအား ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်လေဆိပ်သုံးခုမှ ဆိုက်ရောက်ဗီဇာဖြင့် ဝင်ရောက်ခွင့်အား စတင်ခွင့်ပြုခဲ့ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ သတင်းရရှိသည်။

အဆိုပါနိုင်ငံများမှ ကမ္ဘာလှည့်ခရီးသည်များအား ဆိုက်ရောက်ဗီဇာဖြင့် ဝင်ရောက်ခွင့်အား စမ်းသပ်ကာလ တစ်နှစ်အနေဖြင့် ခွင့်ပြုခြင်းဖြစ်ပြီး ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်အပြည်ပြည်ဆိုင်ရာ လေဆိပ်သုံးခုမှသာ လျှောက်ထား ဝင်ရောက်ခွင့် ရရှိမည်ဖြစ်ကြောင်း သိရသည်။ ဆိုက်ရောက်ဗီဇာလျှောက်ထားလိုသူ ခရီးသည် များအနေဖြင့် အမေရိကန်ဒေါ်လာ ၅၀ အား ပေးဆောင်ရမည်ဖြစ်ပြီး ရက်ပေါင်း ၃၀ နေထိုင်ခွင့် ရရှိမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ ဆိုက်ရောက် ဗီဇာအမျိုးအစားသည် အလည်အပတ်ဝင်ရောက်ခြင်း (ကမ္ဘာလှည့် ဗီဇာ- Tourist Visa) ကိုသာခွင့်ပြုမည်ဖြစ် ပြီး နေထိုင်ခွင့်သက်တမ်းတိုး လျှောက်ထားခြင်းအား ခွင့်မပြုဘဲ နိုင်ငံတွင်းနေထိုင်စဉ် လုံခြုံရေးအရ ကန့်သတ်နယ်မြေများအား သွားရောက်ခွင့်ရှိမည်မဟုတ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် အောက်တိုဘာ ၁ ရက်က ဂျပန်နှင့် တောင်ကိုရီးယားနိုင်ငံသား ကမ္ဘာလှည့်ခရီးသည်များအား ဗီဇာ ကင်းလွတ်ခွင့်ပြုခဲ့ပြီး လေကြောင်းဖြင့် လာရောက်မည့် တရုတ်နိုင်ငံသား (ဟောင်ကောင်နှင့် မကာအိုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နိုင်ငံသားများ အပါအဝင်) ကမ္ဘာလှည့် ခရီးသည်များအား ဆိုက်ရောက်ဗီဇာဖြင့် မြန်မာနိုင်ငံသို့ အောက်တိုဘာ  ၁ ရက်မှ စတင်ကာ ဝင်ရောက်ခွင့်ပြုခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံအနေဖြင့် နိုင်ငံပေါင်း ၁၀၀ ကျော်အား E Visa လျှောက်ထားခြင်းအား ခွင့်ပြုထားပြီး ၅၄ နိုင်ငံအား ဆိုက်ရောက် ဗီဇာဖြင့် ဝင်ရောက်ခွင့်ပြုထားခြင်းဖြစ်သည်။                                       

 

 

Most Read

Most Recent