ကမ္ဘာ့ရေနံစျေး တစ်စည် ၅၉ ဒေါ်လာဝန်းကျင်အထိ ပြန်တက်ခဲ့ပြီး ပြည်တွင်းစက်သုံးဆီစျေးနှုန်းများ တစ်လီတာ ၁၀ ကျပ် ပြန်လည်မြင့်တက်

ကမ္ဘာ့ရေနံစျေး တစ်စည် ၅၉ ဒေါ်လာဝန်းကျင်အထိ ပြန်တက်ခဲ့ပြီး ပြည်တွင်းစက်သုံးဆီစျေးနှုန်းများ တစ်လီတာ ၁၀ ကျပ် ပြန်လည်မြင့်တက်
ရန်ကုန်မြို့ရှိ စက်သုံးဆီ အရောင်းဆိုင် တစ်ဆိုင်ကို တွေ့ရစဉ်
ရန်ကုန်မြို့ရှိ စက်သုံးဆီ အရောင်းဆိုင် တစ်ဆိုင်ကို တွေ့ရစဉ်
Published 11 December 2019
စည်သူအောင်

ကမ္ဘာ့ရေနံစျေး ၅၉ ဒေါ်လာဝန်းကျင် အထိ ပြန်တက်ခဲ့ပြီး ပြည်တွင်းစက်သုံးဆီ စျေးနှုန်းများ ဒီဇင်ဘာလဆန်းထက် တစ်လီ တာ ၁၀ ကျပ်အထိ ပြန်လည်မြင့်တက်ခဲ့ ကြောင်း စက်သုံးဆီ အရောင်းဆိုင်များ၏ နေ့စဉ်ရောင်းချနေသော စျေးနှုန်းများအရ သိရသည်။

ကမ္ဘာ့ရေနံစျေးနှုန်းသည် ၂၀၁၈ ခုနှစ် အောက်တိုဘာ ၃ ရက်တွင် ၇၆ ဒေါ်လာအထိ မြင့်တက်ခဲ့သည်။ ထို့နောက် ရေနံစျေးနှုန်းများ ပြန်လည်ကျဆင်းခဲ့ရာ ဒီဇင်ဘာ ၂၄ ရက် တွင် ၄၂ ဒေါ်လာဝန်းကျင်အထိ ရောက်ခဲ့ သည်။ ၂၀၁၉ ခုနစ် ဧပြီ ၂၃ ရက်တွင် ၆၆ ဒေါ်လာအထိ ပြန်တက်ခဲ့သည်။ ထို့နောက် ဇွန် ၁၂ ရက် တွင် ၅၁ ဒေါ်လာအထိ ကျဆင်း ခဲ့ပြီး ဇူလိုင် ၁၀ ရက်တွင် ဒေါ်လာ ၆၀ အ ထက် ပြန်ရောက်ခဲ့ကာ သြဂုတ် ၇ ရက် တွင် ၅၁ ဒေါ်လာအထိ ပြန်ကျခဲ့သည်။ စက်တင် ဘာ ၃ ရက်တွင် ၅၃ ဒေါ်လာဝန်းကျင်အထိ ကျဆင်းခဲ့ပြီး စက်တင်ဘာ ၁၆ ရက်တွင်     ၆၂  ဒေါ်လာဝန်းကျင်အထိ မြင့်တက်ခဲ့ကာ နိုဝင်ဘာ ၁၉ ရက်တွင် ၅၅ ဒေါ်လာ၊ နိုဝင်ဘာ ၂၉ ရက်တွင် ၅၈ ဒေါ်လာ၊ ဒီဇင်ဘာ ၄ ရက်တွင် ၅၆ ဒေါ်လာ၊ ဒီဇင်ဘာ ၁၀ ရက်တွင် ၅၉ ဒေါ်လာဝန်းကျင်ဖြစ်ပေါ်ခဲ့သည်။

ဒီဇင်ဘာ ၁၁ ရက်တွင် ရန်ကုန်မြို့ရှိ စက်သုံးဆီဆိုင်အချို့တွင် ရောင်းချခဲ့သော စျေးနှုန်းမှာ ဒီဇယ် တစ်လီတာ ၉၅၅ ကျပ် (တစ် ဂါလန် ၄၃၄၁ ကျပ်)၊ ပရီမီယံဒီဇယ် တစ်လီ တာ ၉၆၅  ကျပ် (တစ်ဂါလန်  ၄၃၈၆ ကျပ်)၊ အောက်တိန်း 92 Ron တစ်လီတာ ၈၈၅ ကျပ် (တစ်ဂါလန် ၄၀၂၃ ကျပ်) အောက် တိန်း 95 Ron တစ်လီတာ  ၉၇၅ ကျပ် (တစ်ဂါလန် ၄၄၃၂ ကျပ်) ဖြစ်ပြီး ဒီဇင်ဘာ ၉ ရက်တွင် ဖြစ်ပေါ်ခဲ့သော စျေးနှင့်နှိုင်းယှဉ်ပါက စက်သုံးဆီစျေးနှုန်းများ တစ်လီတာ ကျပ် ၁၀ အထိ ပြန်လည်မြင့်တက်ခဲ့သည်။

ဒေါ်လာစျေးနှင့် ကမ္ဘာ့ရေနံစျေးနှုန်း အပြိုင်မြင့်တက်ခဲ့သည့် ၂၀၁၈ ခုနှစ် ဇွန်လမှ အောက်တိုဘာအထိ လေးလကျော်အတွင်း ပြည်တွင်းစက်သုံးဆီစျေးနှုန်း ၂၁ ရာခိုင်နှုန်း ကျော်အထိ မြင့်တက်ခဲ့ပြီး  တစ်လီတာ စံချိန် တင်စျေးနှုန်းများအနေဖြင့် ၂၀၁၈ ခုနှစ် အောက်တိုဘာ ၁၀ ရက်တွင် 92 Ron ၁၀၆၅ ကျပ်၊ 95 Ron ၁၁၁၅ ကျပ်၊ ဒီဇယ် ၁၀၉၅ ကျပ်၊ ပရီမီယံဒီဇယ် ၁၁၀၅ ကျပ်အထိဖြစ်ပေါ် ခဲ့သည်။

၂၀၁၈ ခုနှစ် အောက်တိုဘာလအတွင်း ဖြစ်ပေါ်ခဲ့သည့် စံချိန်တင်စျေးနှုန်းနောက်ပိုင်း ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၃ ရက်တွင် အနိမ့် ဆုံးစျေးနှုန်းအဖြစ် ဒီဇယ်တစ်လီတာ ကျပ် ၈၅၀ (တစ်ဂါလန် ၃၈၅၉ ကျပ်) ပရီမီယံဒီ ဇယ်တစ်လီတာ ကျပ် ၈၅၅ (တစ်ဂါလန် ၃၈၈၁ ကျပ်)၊ အောက်တိန်း 92 Ron တစ်လီတာ ၆၇၀ ကျပ် (တစ်ဂါလန် ၃၀၄၁ ကျပ်) အောက်တိန်း 95 Ron တစ်လီတာ ၇၃၀ ကျပ် (တစ်ဂါ လန် ၃၃၁၄ ကျပ်) အထိ ကျဆင်းခဲ့သည်။

ပြည်တွင်းစျေးကွက်တွင် ၂၀၁၆ ခုနှစ် ဧပြီ ၁ ရက်တွင်ဖြစ်ပေါ်သော စက်သုံးဆီ လက်လီစျေးများမှာ ဒီဇယ်တစ်လီတာ ကျပ် ၅၀၀ (တစ်ဂါလန် ၂၂၇၀ ကျပ်) ပရီမီယံဒီ ဇယ်တစ်လီတာ  ကျပ် ၅၄၀ (တစ်ဂါလန် ၂၄၅၁ ကျပ်)၊ အောက်တိန်း 92 Ron တစ်လီတာ  ကျပ် ၅၅၀ (တစ်ဂါလန် ၂၄၉၇ ကျပ်) အောက် တိန်း 95 Ron တစ်လီတာ ၆၅၀ ကျပ် (တစ် ဂါလန် ၂၉၅၁ ကျပ်) ဖြစ်ရာ ၂၀၁၈ ခုနှစ် အောက်တိုဘာ ၁၀ ရက်စျေးနှုန်း နှိုင်းယှဉ်ပါက လပေါင်း ၃၀ ကျော်အတွင်း ဒီဇယ် ၁၁၉  ရာ ခိုင်နှုန်း၊ ပရီမီယံဒီဇယ် ၁၀၅ ရာခိုင်နှုန်း၊ 92 Ron ၉၄ ရာခိုင်နှုန်း၊ 95 Ron ၇၂ ရာခိုင်နှုန်း စျေးနှုန်းမြင့်တက်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent