ချန်ပီယံလိဂ်ရှုံးထွက် လက်ကျန်ရှစ်နေရာအတွက် ၁၅ သင်းအပြိုင်လုရမည်

ချန်ပီယံလိဂ်ရှုံးထွက် လက်ကျန်ရှစ်နေရာအတွက် ၁၅ သင်းအပြိုင်လုရမည်
Photos : UEFA Champions League Facebook
Photos : UEFA Champions League Facebook
Published 10 December 2019

ချန်ပီယံလိဂ်ပြိုင်ပွဲ ရှုံးထွက် ၁၆ သင်းအ ဆင့် ယှဉ်ပြိုင်ကစားခွင့် လက်ကျန်ရှစ်နေရာအတွက် အသင်းပေါင်း ၁၅ သင်းအပြိုင်လုရမည့် အုပ်စုနောက်ဆုံးပွဲစဉ်များကို ယခုတစ်ပတ် အင်္ဂါ၊ ဗုဒ္ဓဟူးနေ့များတွင် ယှဉ်ပြိုင်ကစားသွားမည်ဖြစ်သည်။

အုပ်စုနောက်ဆုံးပွဲစဉ်များတွင် အုပ်စု(E)မှ လက်ရှိချန်ပီယံ လီဗာပူးလ်အသင်း လည်း အမှားမခံသည့်အခြေအနေရောက်နေပြီး သြစတြီးယားမြေ၌ကစားသည့်ပွဲတွင် ဆာလ်ဇ်ဘာ့ဂ်ကို အရေးနိမ့်လျှင် တစ်ဖက်မှာ နာပိုလီအသင်း အမှတ်ရရှိရုံဖြင့် အုပ်စုမှထွက်ခွာရမည့် အန္တရာယ်ရှိနေသည်။

အုပ်စု(A)နှင့် (B)မှ ၁၆ သင်းအဆင့် တက်ခွင့်ရမည့် အ သင်းနှစ်သင်းစလုံး စာရင်းထွက်ပေါ်ထားပြီး ပထမနေရာနှင့် ဒုတိယနေရာများအတွက်ပါ အမည်ပေါက်ပြီးသားဖြစ်နေသည်။

အုပ်စု (C)မှ မန်စီးတီးအသင်း ပထမနေရာ သေချာနေပြီး ကျန်သုံးသင်း ဒုတိယနေရာအတွက် အပြိုင်လုရဖွယ်ရှိနေသည်။

အက်သလက်တီကိုနှင့် လေဗာကူဆင်အသင်း အုပ်စု(D)တွင် ဒုတိယနေရာအတွက် အခွင့်အရေးရှိနေသော်လည်း နောက်ဆုံးပွဲစဉ်တွင် လိုကိုမိုးတစ်မော်စကိုအသင်းနှင့် အိမ်ကွင်းကစားရမည့် အက်သလက်တီကိုအသင်းသာလျှင် ရယူသွားနိုင် ခြေများနေသည်။

အုပ်စု(F)တွင် အင်တာမီလန်အသင်းသည် ဘာစီလိုနာနှင့်ပွဲကျပ်ကစားရမည်ဖြစ်သော်လည်း ပထမနေရာသေချာနေပြီးသောကြောင့် ဒေါ့မွန်အသင်းထက် အခွင့်အရေးပိုကောင်းနေသည်။

အုပ်စု(G) တွင် ဇင်းနစ်နှင့် လိုင်ယွန် နှစ်သင်းအနက် Head to Head သာသည့် ဇင်းနစ်အသင်းက တစ်ပန်းသာနေပြီး အုပ်စု(H)တွင်မူ အေဂျက်စ်-ဗလင်စီယာ ထိပ်တိုက်တွေ့နေသောကြောင့် ချယ်လ်ဆီးအသင်းမှာ အခွင့်အလမ်း ပိုသာလျက်ရှိသည်။    

မျှော်လင့်ချက်ရှိနေသည့်အသင်းများ

C - ရှက်တာဒိုးနက်၊ ဒိုင်နမိုဇာဂရက်၊ အတ္တလန်တာ

D - အက်သလက်တီကို၊ လေဗာကူဆင်

E - လီဗာပူးလ်၊ နာပိုလီ၊ ဆာလ်ဇ်ဘာ့ဂ်

F - အင်တာမီလန်၊ ဒေါ့မွန်

G - ဇင်းနစ်၊ လိုင်ယွန်

H - အေဂျက်စ်၊ ဗလင်စီယာ၊ ချယ်လ်ဆီး

နောက်တစ်ဆင့်တက်ပြီးအသင်းများ

အုပ်စုပထမ

PSG၊ ဘိုင်ယန်မြူးနစ်၊ မန်စီးတီး၊

ဂျူဗင်တပ်စ်၊ ဘာစီလိုနာ

အုပ်စုဒုတိယ

ရီးယဲလ်မက်ဒရစ်၊ စပါး

အခြား

လိုက်ပ်ဇစ်

(ရှုံးထွက် ၁၆ သင်းအဆင့်ပွဲစဉ်များကို ဒီဇင်ဘာ ၁၆ ရက်တွင် ရေးဆွဲမည်ဖြစ်သည်။)