၂၀၁၉ ခုနှစ် မေမှ အောက်တိုဘာအထိ ကျပ်တစ်ဘီလျံကျော်၏ အထက် လစဉ်အရောင်းအဝယ် ဖြစ်ပေါ်နေသည့် ရန်ကုန်စတော့အိတ်ချိန်း၏ အရောင်းအဝယ်ဖြစ်မှု နိုဝင်ဘာတွင် ကျပ်တစ်ဘီလျံအောက်သို့ ပြန်လည်ကျဆင်း

၂၀၁၉ ခုနှစ် မေမှ အောက်တိုဘာအထိ ကျပ်တစ်ဘီလျံကျော်၏ အထက် လစဉ်အရောင်းအဝယ် ဖြစ်ပေါ်နေသည့် ရန်ကုန်စတော့အိတ်ချိန်း၏ အရောင်းအဝယ်ဖြစ်မှု နိုဝင်ဘာတွင် ကျပ်တစ်ဘီလျံအောက်သို့ ပြန်လည်ကျဆင်း
  ရန်ကုန်စတော့အိတ်ချိန်း အရောင်းအဝယ်ဖြစ်မှုအား စောင့်ကြည့်လေ့လာနေသူများကို တွေ့ရစဉ်
ရန်ကုန်စတော့အိတ်ချိန်း အရောင်းအဝယ်ဖြစ်မှုအား စောင့်ကြည့်လေ့လာနေသူများကို တွေ့ရစဉ်
Published 9 December 2019
ဖြိုးဝေ

၂၀၁၉ ခုနှစ် မေလမှ အောက်တိုဘာလအထိ လစဉ်ကျပ်တစ်ဘီလျံကျော်အထက် အရောင်းအဝယ်ဖြစ်ပေါ်နေသည့် ရန်ကုန်စတော့အိတ်ချိန်း၏ အရောင်းအဝယ်ဖြစ်မှုမှာ နိုဝင်ဘာလတွင် ပြန်လည်ကျဆင်းလာပြီး ကျပ်သိန်း ၉၉၂၆ သို့ ပြန်လည်ကျဆင်းခဲ့ကြောင်း ရန်ကုန်စတော့အိတ်ချိန်းက လအလိုက်ထုတ်ပြန်ပေးသည် အရောင်းအဝယ်ဖြစ်မှုစာရင်းအရ သိရသည်။

ကာလရှည်ကြာအရောင်းအဝယ်ကျ ဆင်းမှုဖြစ်ပေါ်နေသည့် ရန်ကုန်စတော့အိတ်ချိန်းတွင် ၂၀၁၇ မတ်လက ကျပ် ၃ ဒသမ ၃ ဘီလျံအထိ အရောင်းအဝယ်ဖြစ်ခဲ့ပြီနောက် လပေါင်း ၃၀ အတွင်း အရောင်းအဝယ်ဖြစ်မှု အမြင့်ဆုံးအဖြစ် ယခုနှစ်စက်တင်ဘာတွင် ကျပ် ၂ ဒသမ ၄ ဘီလျံကျော်အထိ အရောင်းအဝယ် ပြန်လည်မြင့်တက်ခဲ့သည်။

ရန်ကုန်စတော့အိတ်ချိန်းတွင် ၂၀၁၉ နှစ်စမှစတင်ပြီး ဧပြီအထိ ကျပ်သိန်းထောင်ဂဏန်းသာ အရောင်းအဝယ်ဖြစ်နေခဲ့ပြီး မေလမတွင် ကျပ် ၁ ဒသမ ၄ ဘီလျံကျော်၊ ဇွန်လတွင် ကျပ် ၁ ဒသမ ၃ ဘီလျံကျော်၊ ဇူလိုင်တွင် ကျပ် ၁ ဒသမ ၂ ဘီလျံကျော်၊ သြဂုတ်တွင် ကျပ် ၁ ဒသမ ၉ ဘီလျံကျော်၊ စက်တင်ဘာတွင် ကျပ် ၂ ဒသမ ၄ ဘီလျံကျော်၊ အောက်တိုဘာတွင် ကျပ် ၁ ဒသမ ၃ ဘီလျံကျော် အရောင်းအဝယ်ဖြစ်ခဲ့ရာမှ နိုဝင်ဘာတွင် ကျပ် ၉၉၂၆ သိန်းကျော်သို့ ကျဆင်းလာခဲ့ခြင်းဖြစ်သည်။

၂၀၁၇ ခုနှစ် မတ်လက ကျပ် ၃ ဒသမ ၃ ဘီလျံအထိ အရောင်းအဝယ်ဖြစ်ခဲ့ပြီးနောက် ရန်ကုန်စတော့အိတ်ချိန်းတွင် ကျပ်နှစ်ဘီလျံကျော် အရောင်းအဝယ်ဖြစ်မှုအဖြစ် ၂၀၁၇ ခုနှစ် သြဂုတ်တွင် ကျပ် ၂ ဒသမ ၂ ဘီလျံကျော် အရောင်းအဝယ်ဖြစ်မှုမှာ အမြင့်ဆုံးဖြစ်ပြီး ၂၀၁၈ ခုနှစ်နှင့် ၂၀၁၉ ခုနှစ် သြဂုတ်လအထိ ကျပ်နှစ်ဘီလျံကျော်သည့် အရောင်းအဝယ်ဖြစ်ပေါ်မှု မရှိခဲ့ရာမှ ယခုစက်တင်ဘာလကုန်တွင် ကျပ် ၂ ဒသမ ၄၇ ဘီလျံကျော်အထိ အရောင်းအဝယ်ဖြစ်မှု ပြန်လည်မြင့်တက်လာခဲ့ခြင်းဖြစ်သည်။

ရန်ကုန်စတော့အိတ်ချိန်း သမိုင်းတစ်လျှောက် အရောင်းအဝယ်ဖြစ်မှု ယခုနှစ်အတွင်း စံချိန်တင်ကျဆင်းနေပြီး အရောင်းအဝယ်ဖြစ်မှု အနိမ့်ဆုံးအဖြစ်မူ မတ်လတွင် ကျပ် ၃၉၆၂ သိန်းကျော်သာ အရောင်းအဝယ်ဖြစ်ခဲ့ရာမှ ပထမဆုံးအဖြစ် မေလတွင် ကျပ် ၁ ဒသမ ၄ ဘီလျံကျော် အရောင်းအဝယ်ဖြစ်ပေါ်ခဲ့သော်လည်း ဇွန်လတွင် ကျပ် ၁ ဒသမ ၃ ဘီလျံ နှင့် ဇူလိုင်လတွင် ကျပ် ၁ ဒသမ ၂ ဘီလျံကျော်သာ အရောင်းအဝယ်ဖြစ်ပေါ်ခဲ့ပြီး စတော့အိတ်ချိန်းအရောင်းအဝယ် နှစ်လဆက်တိုက် ပြန်လည်ကျဆင်းခဲ့ရာမှ သြဂုတ်လတွင် စံချိန်တင်အမြင့်ဆုံးအဖြစ် ကျပ် ၁ ဒသမ ၉၄ ဘီလျံအထိ ပြန်လည်မြင့်တက်လာခဲ့ပြီး စက်တင်ဘာတွင် ကျပ် ၂ ဒသမ ၄၇ ဘီလျံအထိ ပြန်လည်မြင့်တက်ခဲ့ရာမှ အောက်တိုဘာတွင် ပြန်လည်ကျဆင်းခဲ့ခြင်း ဖြစ်သည်။

ရန်ကုန်စတော့အိတ်ချိန်း၏ အစုရှယ်ယာ အရောင်းအဝယ်ဖြစ်မှုတွင် ဇူလိုင်လ၌ FMI ရှယ်ယာမှာ အမြင့်ဆုံး ကျပ် ၁၂၀၀၀ ဖြစ်ခဲ့ပြီး အနိမ့်ဆုံး ကျပ် ၁၁၀၀၀ အထိ ပြန်လည်ကျဆင်းသွားပြီး သီလဝါရှယ်ယာမှာ ကျပ် ၃၃၀၀ သို့ ကျဆင်းခဲ့သော်လည်း fmi နှင့် သီလဝါရှယ်ယာရောင်းချမှုမှာ ကျပ် တစ်ဘီလျံကျော် အရောင်းအဝယ်ဖြစ်ခဲ့ပြီး သြဂုတ်လတွင်မူ ပထမပုဂ္ဂလိကဘဏ်၏ ရှယ်ယာအရောင်းအဝယ်ဖြစ်မှု သုံးဆခန့်မြင့် တက်လာခြင်းနှင့် TMH တယ်လီကွန်းမှာ ယခင်လထက်အရောင်းအဝယ်ဖြစ်မှု မြင့်တက်လာခြင်းတို့ကြောင့်ဖြစ်ပြီး အမြတ်ဝေစုပေးမည့် သီလဝါရှယ်ယာမှာ ကျပ် ၄၄၀၀ အထိ စျေးနှုန်းပြန်လည်မြင့်တက်ခဲ့မှုများကြောင့် သြဂုတ်လတွင် ကျပ် ၁ ဒသမ ၉၄ ဘီလျံအထိ အရောင်းအဝယ်ဖြစ်ခဲ့သည်။ စက်တင်ဘာတွင် သီလဝါရှယ်ယာမှာ ကျပ် ၄၅၀၀ အထိ မြင့်တက်ပြီး စုစုပေါင်း ကျပ် ၁ ဒသမ ၃၇ ဘီ လျံအထိ အရောင်းအဝယ်ဖြစ်ခဲ့သောကြောင့် လပေါင်း ၃၀ အတွင်း အမြင့်ဆုံး အရောင်းအဝယ်ဖြစ်ခဲ့ခြင်းဖြစ်သော်လည်း အောက်တိုဘာတွင်မူ သီလဝါရှယ်ယာ၏ စျေးနှုန်း ကျပ် ၃၆၀၀ အထိ ကျဆင်းခဲ့ခြင်းနှင့် စာရင်းဝင်ကုမ္ပဏီအားလုံး၏ ရှယ်ယာစျေးနှုန်းများ ကျဆင်းခဲ့ခြင်းကြောင့် ကျပ် ၁ ဒသမ ၃ ဘီလျံကျော်သာ အရောင်းအဝယ်ဖြစ်ခဲ့ခြင်းဖြစ်ပြီး နိုဝင်ဘာတွင်မူ အရောင်းအဝယ်ဖြစ်သည့် အစုရှယ်ယာအရေအတွက် ကျဆင်းခြင်းကြောင့် ကျပ်သိန်း ၉၉၂၆ ကျော်သာ အရောင်းအဝယ် ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။

 

 

Most Read

Most Recent