ဘရာဇီးလ်ဂန္ထဝင် ပီလီ နောက်ဆုံးဝတ်ဆင်ကစားခဲ့သည့် ဘရာဇီးလ်အသင်းဂျာစီကို လေလံတင်ရောင်းချခဲ့ရာ ယူရို ၃၀၀၀၀ ရရှိ

ဘရာဇီးလ်ဂန္ထဝင် ပီလီ နောက်ဆုံးဝတ်ဆင်ကစားခဲ့သည့် ဘရာဇီးလ်အသင်းဂျာစီကို လေလံတင်ရောင်းချခဲ့ရာ ယူရို ၃၀၀၀၀ ရရှိ
Photos: Getty Images
Photos: Getty Images
Published 8 December 2019

ဘရာဇီးလ်အသင်းနှင့်အတူ ကမ္ဘာ့ဖလားသုံးကြိမ်ရရှိခဲ့သူ ပီလီမှာ ယင်းဂျာစီကို ၁၉၇၁ ဇူလိုင်လက မာရာကာနာကွင်း၌ကစားခဲ့သော ယူဂိုဆလားဗီးယားအသင်းနှင့်ခြေစမ်းပွဲတွင် ဝတ်ဆင်ခဲ့ခြင်းဖြစ်သည်။

 

ဘရာဇီးလ်ဘောလုံးဂန္ထဝင် ပီလီ နိုင်ငံလက်ရွေးစင်အသင်းအတွက် နောက်ဆုံးပွဲတွင် ဝတ်ဆင်ကစားခဲ့သည့်ဂျာစီကို အီတလီနိုင်ငံ၊ မီလန်မြို့တွင်ပြုလုပ်ခဲ့သော လေလံပွဲတစ်ရပ်တွင် လေလံတင်ရောင်းချခဲ့ရာ ယူရို ၃၀၀၀၀ ရရှိခဲ့ကြောင်း သိရသည်။

ဘရာဇီးလ်အသင်းနှင့်အတူ ကမ္ဘာ့ဖလားသုံးကြိမ်ရရှိခဲ့သူ ပီလီမှာ ယင်းဂျာစီကို ၁၉၇၁ ဇူလိုင်လက မာရာကာနာကွင်း၌ကစားခဲ့သော ယူဂိုဆလားဗီးယားအသင်းနှင့်ခြေစမ်းပွဲတွင် ဝတ်ဆင်ခဲ့ခြင်းဖြစ်သည်။ အဆိုပါလေလံပွဲ တွင် အခြားအားကစားသမားများ၏ဂျာစီများကိုလည်း လေလံတင်ရောင်းချခဲ့ကြောင်း သိရသည်။

၁၉၈၉-၉၀ ရာသီက နာပိုလီအသင်းတွင် မာရာဒိုနာကစားစဉ်က ဝတ်ဆင်ခဲ့သောဂျာစီမှာ လေလံတင်ရာ ယူရို ၇၅၀၀ သာရရှိခဲ့သည်။ ၁၉၅၂ ပြိုင် ပွဲ Tour de France ချန်ပီယံ အီတလီစက်ဘီးသမား ဖော်စတိုကော်ပီ ဝတ်ဆင်ခဲ့သော အဝါရောင်ဂျာစီမှာ ယူရို ၂၅၀၀၀ နှင့် ၁၉၇၁ UEFA CUP ဗိုလ်လုပွဲတွင် အီတလီနောက်ခံလူ စပီနိုဆီဝတ်ဆင်ကစားခဲ့သော ဂျူဗင်တပ်စ်အသင်းဂျာစီမှာ ယူရို ၉၄၀၀ အသီးသီးရရှိခဲ့ကြောင်း သိရသည်။