အပြောင်းအရွှေ့စည်းမျဉ်းများကို ချိုးဖောက်မှုကြောင့် ချယ်လ်ဆီးအသင်းမှာ အပြောင်းအရွှေ့ကာလနှစ်ခု ကစားသမားဝယ်ယူခွင့် ပိတ်ပင်ခံခဲ့ရပြီး နိုင်ငံတကာအားကစားခုံရုံး(CAS)သို့ အယူခံဝင်ခဲ့ရာတွင် နိုဝင်ဘာ ၆ ရက်က ပြစ်ဒဏ်ကို ထက်ဝက်သို့လျှော့ချရန် အမိန့်ချမှတ်ခဲ့သောကြောင့် လာမည့် ဇန်နဝါရီလတွင် ကစားသမားခေါ်ယူခွင့် ပြန်လည်ရရှိမည်ဖြစ်သည်။
ချယ်လ်ဆီးအသင်းသည် အပြောင်းအရွှေ့ပိတ်ပင်ခံရသည့်ပြစ်ဒဏ်မှ ပြန်လည်လွတ်မြောက်လာသော်လည်း ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) ၏ အရေးယူမှုများမှာ မျှတမှုမရှိဘဲ ပြင်းထန်လွန်းကြောင်း ကြေညာချက် ထုတ်ပြန်ကာ ပြစ်တင်ဝေဖန်ခဲ့သည်။
အပြောင်းအရွှေ့စည်းမျဉ်းများကို ချိုးဖောက်မှုကြောင့် ချယ်လ်ဆီးအသင်းမှာ အပြောင်းအရွှေ့ကာလနှစ်ခု ကစားသမားဝယ်ယူခွင့် ပိတ်ပင်ခံခဲ့ရပြီး နိုင်ငံတကာအားကစားခုံရုံး(CAS)သို့ အယူခံဝင်ခဲ့ရာတွင် နိုဝင်ဘာ ၆ ရက်က ပြစ်ဒဏ်ကို ထက်ဝက်သို့လျှော့ချရန် အမိန့်ချမှတ်ခဲ့သောကြောင့် လာမည့် ဇန်နဝါရီလတွင် ကစားသမားခေါ်ယူခွင့် ပြန်လည်ရရှိမည်ဖြစ်သည်။ ထို့ပြင် CAS သည် ချယ်လ်ဆီးအသင်းအပေါ် ဒဏ်ငွေ ပေါင် (၄၆၂၀၀၀)တပ်ရိုက်ထားမှုကိုလည်း တစ်ဝက်လျှော့ချပေးခဲ့သည်။
သို့သော် ချယ်လ်ဆီးအသင်းက FIFA သည် မန်စီးတီးအသင်းထက် ပိုမိုပြင်းထန်သည့်ပြစ်ဒဏ်ကို ချမှတ်ခဲ့သည်ဟု အတိအလင်းစွပ်စွဲခဲ့သည်။ မန်စီးတီးအသင်းသည် ချယ်လ်ဆီးအသင်းကဲ့သို့ လူငယ် ကစားသမား များခေါ်ယူရာတွင် စည်းမျဉ်းချိုး ဖောက်ခဲ့သော်လည်း အပြောင်းအရွှေ့ပိတ်ပင်သည့်ပြစ်ဒဏ်မျိုး ချမှတ်ခံရခြင်းမရှိခဲ့ကြောင်း သိရသည်။
ချယ်လ်ဆီးအသင်းမှာ အသက် ၁၈ နှစ်အောက်ကစားသမား ၂၇ ဦးခေါ်ယူရာတွင် စည်းမျဉ်းများချိုးဖောက်ခဲ့သည်ဟု FIFA က စွပ်စွဲခဲ့ပြီး ချယ်လ်ဆီးအသင်းကမူ ယင်းထဲမှ ၁၆ ဦးမှာ FIFA မှ FA သို့ပေးပို့ထားသည့် စည်းမျဉ်းနှင့်အညီ စာရင်းသွင်းခဲ့သည်ဟု တုံ့ပြန်ခဲ့သည်။