၂၀၁၅ -၂၀၁၆ ဘဏ္ဍာနှစ်က လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု ယူနစ် ၁၅၉၆၅ သန်းရှိခဲ့ရာမှ လက်ရှိတွင် လျှပ်စစ်ထုတ်လုပ်မှု ယူနစ်သန်းပေါင်း ၂၇၃၀၀ ရှိနေပြီး ငါးနှစ်အတွင်း ယူနစ်သန်းပေါင်း ၁၁၀၀၀ ကျော် တိုးတက်ထုတ်လုပ်

၂၀၁၅ -၂၀၁၆ ဘဏ္ဍာနှစ်က လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု ယူနစ် ၁၅၉၆၅ သန်းရှိခဲ့ရာမှ လက်ရှိတွင် လျှပ်စစ်ထုတ်လုပ်မှု ယူနစ်သန်းပေါင်း ၂၇၃၀၀ ရှိနေပြီး ငါးနှစ်အတွင်း ယူနစ်သန်းပေါင်း ၁၁၀၀၀ ကျော် တိုးတက်ထုတ်လုပ်
လောပိတရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံကို တွေ့ရစဉ်(ဓာတ်ပုံ-ဆန်းထူးအောင်)
လောပိတရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံကို တွေ့ရစဉ်(ဓာတ်ပုံ-ဆန်းထူးအောင်)
Published 6 December 2019
နီလာ

၂၀၁၅ -၂၀၁၆ ဘဏ္ဍာနှစ်က လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု ယူနစ်သန်းပေါင်း ၁၅၉၆၅ ရှိခဲ့ရာမှ လက်ရှိတွင် လျှပ်စစ်ထုတ်လုပ်မှု ယူနစ်သန်းပေါင်း ၂၇၃၀၀ အထိရှိနေပြီး ငါးနှစ်အတွင်း ယူနစ်သန်းပေါင်း ၁၁၀၀၀ ကျော် တိုးတက်ထုတ်လုပ်ခဲ့ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ နှစ်အလိုက် လျှပ်စစ်ဓာတ်အား တိုးတက်ထုတ်လုပ်နိုင်မှုအခြေအနေမှာ ၂၀၁၅ -၂၀၁၆ ဘဏ္ဍာနှစ်တွင် ယူနစ်သန်းပေါင်း ၁၅၉၆၅၊ ၂၀၁၆ -၂၀၁၇ ဘဏ္ဍာနှစ်တွင် ယူနစ်သန်း ပေါင်း ၁၇၈၆၇၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ယူနစ်သန်းပေါင်း ၂၀၀၅၅၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ယူနစ်သန်းပေါင်း ၂၂၈၇၉ နှင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ယူနစ်သန်းပေါင်း ၂၇၃၀၀ အထိ တိုးတက်ထုတ်လုပ်ခဲ့ကြောင်း သိရသည်။

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှ ၂၀၁၈- ၂၀၁၉ ဘဏ္ဍာနှစ်အထိ သုံးနှစ်အတွင်း မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုတွင် ရေအားလျှပ်စစ်မှ တစ်နှစ်လျှင် ကီလိုဝပ်နာရီသန်းပေါင်း ၁၁၀၀၀ ကျော် ထုတ်လုပ်ခဲ့ခြင်းဖြစ်ပြီး သဘာဝဓာတ်ငွေ့မှ တစ်နှစ်လျှင် ကီလိုဝပ်နာရီသန်းပေါင်း ၉၀၀၀ ဝန်းကျင် ထုတ်လုပ်သုံးစွဲခဲ့ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်ကို ကိုးကားပြီး ဗဟိုစာရင်းအင်းအဖွဲ့မှ ထုတ်ပြန်ထားသည်။

နှစ်အလိုက် လျှပ်စစ်ဓာတ်အား ထုတ်လုပ်သုံးစွဲခဲ့မှုအနေဖြင့် ၂၀၁၈ -၂၀၁၉ ဘဏ္ဍာနှစ်တွင် ရေအားလျှပ်စစ်မှကီလိုဝပ် နာရီသန်းပေါင်း ၁၁၂၂၄ သန်းကျော်၊ သဘာဝဓာတ်ငွေ့မှ ကီလိုဝပ်နာရီသန်းပေါင်း ၉၂၀၀ ကျော် ထုတ်လုပ်ခဲ့သည်။

၂၀၁၇ -၂၀၁၈ ဘဏ္ဍာနှစ်တွင် ရေအားလျှပ်စစ်မှ ကီလိုဝပ်နာရီသန်းပေါင်း ၁၁၅၅၃ သန်းကျော်၊ သဘာဝဓာတ်ငွေ့မှ ကီလိုဝပ် နာရီသန်းပေါင်း ၇၆၉၀ သန်းကျော် ထုတ်လုပ်ခဲ့သည်။

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ရေအား လျှပ်စစ်မှ ကီလိုဝပ်နာရီသန်းပေါင်း ၁၁၄၄၁ သန်းကျော်၊ သဘာဝဓာတ်ငွေ့မှ ကီလိုဝပ် နာရီသန်းပေါင်း ၇၅၇၇ သန်းကျော်ထုတ်လုပ် ခဲ့ကြောင်းသိရသည်။

၂၀၁၉ -၂၀၂၀ ဘဏ္ဍာနှစ်တွင် ကျပ် ၆၉၅ ဘီလျံကျော်အသုံးပြုကာ မဂ္ဂါဝပ် ၁၄၀၀ ကျော်ရရှိမည့် ဓာတ်အားပေးစက်ရုံစီမံကိန်း အသစ်ရှစ်ခု စတင်ဆောင်ရွက်မည်ဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်း မဂ္ဂါဝပ် ၁၁၇၀ ရရှိမည့် စီမံကိန်းလေးခုအထိ ပါဝင်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။

၂၀၁၉ -၂၀၂၀ ဘဏ္ဍာနှစ်တွင် ထပ်မံဆောင်ရွက်မည့် စီမံကိန်းအသစ်များအနေဖြင့် အလုံမဂ္ဂါဝပ် ၁၂၀ ဓာတ်အားပေး စက်ရုံစီမံကိန်း၊ ကျွန်းချောင်း မဂ္ဂါဝပ် ၂၀ ဓာတ် အားပေးစက်ရုံစီမံကိန်း၊ သန်လျင် မဂ္ဂါဝပ် ၃၅၀ ဓာတ်အားပေးစက်ရုံစီမံကိန်း၊ သာကေတ မဂ္ဂါဝပ် ၄၀၀ ဓာတ်အားပေးစက်ရုံစီမံကိန်း၊ ကျောက်ဖြူ မဂ္ဂါဝပ် ၁၅၀ ဓာတ်အားပေးစက်ရုံစီမံကိန်း၊ မကွေး ၆၆ မဂ္ဂါဝပ်ဓာတ်အားပေး စက်ရုံစီမံကိန်း၊ ရွှေတောင် ၂၈ မဂ္ဂါဝပ် ဓာတ်အားပေးစက်ရုံစီမံကိန်း၊ ဆိပ်ကြီးခနောင်တို မဂ္ဂါဝပ် ၃၀၀ ဓာတ်အားပေးစက်ရုံစီမံကိန်း ရှစ်ခုကို စတင်ဆောင်ရွက်သွားရန် လျာထားကြောင်း သိရသည်။

 

စီမံကိန်းတစ်ခုချင်းအလိုက် အလုံမဂ္ဂါဝပ် ၁၂၀ ဓာတ်အားပေးစက်ရုံ စီမံကိန်းအတွက် ကျပ် ၁၃ ဒသမ ၂၈၂ ဘီလျံ၊ ကျွန်းချောင်းမဂ္ဂါဝပ် ၂၀ ဓာတ်အားပေးစက်ရုံစီမံကိန်းအတွက် ကျပ် ၂ ဒသမ ၁၄၈ ဘီလျံ၊ သန်လျင် မဂ္ဂါဝပ် ၃၅၀ ဓာတ်အားပေးစက်ရုံစီမံကိန်းအတွက် ၂၃၃ ဒသမ ၆၅၄ ဘီလျံ၊ သာကေတ မဂ္ဂါဝပ် ၄၀၀ ဓာတ်အားပေးစက်ရုံစီမံကိန်းအတွက် ၂၆၇ ဒသမ ၀၃၄ ဘီလျံ၊ ကျောက်ဖြူမဂ္ဂါဝပ် ၁၅၀ ဓာတ်အားပေးစက်ရုံစီမံကိန်းအတွက် ကျပ် ၁၀၀ ဒသမ ၁၃၈ ဘီလျံ၊ မကွေး ၆၆ မဂ္ဂါဝပ် ဓာတ်အားပေးစက်ရုံစီမံကိန်းအတွက် ကျပ် ၆၄ ဒသမ ၂၃၀ ဘီလျံ၊ ရွှေတောင် ၂၈ မဂ္ဂါဝပ် ဓာတ်အားပေးစက်ရုံစီမံကိန်းအတွက် ကျပ် ၀ ဒသမ ၉၉၇ ဘီလျံ၊ ဆိပ်ကြီးခနောင်တို မဂ္ဂါဝပ် ၃၀၀ ဓာတ်အားပေးစက် ရုံစီမံကိန်းအတွက် ကျပ် ၁၄ ဒသမ ၁၇၃ ဘီ လျံရှိကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က ပြောကြားသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအချို့တွင် စတင်ဆောင်ရွက်မည့် ဓာတ်အားပေးစက်ရုံ စီမံကိန်းများအနက် ရန်ကုန်တိုင်းဒေသကြီးတွင် အလုံ မဂ္ဂါဝပ် ၁၂၀ ဓာတ်အားပေးစက်ရုံစီမံကိန်း၊ သန်လျင် မဂ္ဂါဝပ် ၃၅၀ ဓာတ်အားပေးစက်ရုံစီမံကိန်း၊ သာကေတ မဂ္ဂါဝပ် ၄၀၀ ဓာတ်အားပေးစက်ရုံစီမံကိန်းနှင့် ဆိပ်ကြီးခနောင်တို မဂ္ဂါဝပ် ၃၀၀ ဓာတ်အားပေးစက်ရုံစီမံကိန်းတို့ ပါဝင်သည်။

 

 

Most Read

Most Recent