ဆီမီးဖိုင်နယ်နှစ်ပွဲတွင် အားပေးမည့်မြန်မာပရိသတ်များအတွက် MFF လက်မှတ် စီစဉ်ပေးမည်

ဆီမီးဖိုင်နယ်နှစ်ပွဲတွင် အားပေးမည့်မြန်မာပရိသတ်များအတွက် MFF လက်မှတ် စီစဉ်ပေးမည်
Published 4 December 2019

အမျိုးသမီးဘောလုံး ဆီမီးဖိုင်နယ်ကို ဒီဇင်ဘာ ၅ ရက်၊ အမျိုးသားဘောလုံး ဆီမီးဖိုင်နယ်ကို ဒီဇင်ဘာ ၇ ရက်တွင် ကျင်းပမည် ဖြစ်ပြီး မြန်မာအမျိုးသားနှင့် အမျိုးသမီးနှစ်သင်းစလုံးသည် မနီလာမြို့ရှိ ရီဇယ်လ်ကွင်း၌ ကစားရမည်ဖြစ်သည်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) သည် ဆီးဂိမ်းစ်အမျိုးသားနှင့် အမျိုးသမီး ဘောလုံး ဆီမီးဖိုင်နယ်ပွဲများတွင် လာရောက်အားပေးမည့် မြန်မာပရိသတ်များအတွက် လက်မှတ်များ ထပ်မံစီစဉ်ပေးမည်ဖြစ်ကြောင်း သိရသည်။

အမျိုးသမီးဘောလုံး ဆီမီးဖိုင်နယ်ကို ဒီဇင်ဘာ ၅ ရက်၊ အမျိုးသားဘောလုံး ဆီမီးဖိုင်နယ်ကို ဒီဇင်ဘာ ၇ ရက်တွင် ကျင်းပမည် ဖြစ်ပြီး မြန်မာအမျိုးသားနှင့် အမျိုးသမီးနှစ်သင်းစလုံးသည် မနီလာမြို့ရှိ ရီဇယ်လ်ကွင်း၌ ကစားရမည်ဖြစ်သည်။

"ကျွန်တော်တို့အနေနဲ့  ဆီမီးဖိုင်နယ်ပွဲမှာ တစ်ခဲနက် လာရောက်အားပေးမယ့် မြန်မာပရိသတ်တိုင်းကို လက်မှတ်အခမဲ့ စီစဉ်ပေးမှာပါ။ ဖိလစ်ပိုင်နိုင်ငံမှာ လာရောက်ပညာသင်ကြားနေတဲ့သူတွေ ရှိပါတယ်။ သူတို့တွေ လာရောက်အားပေးနိုင်အောင် ကျွန်တော်တို့က ကြိုတင်စီစဉ်ပေးထားပါတယ်။ အခုလောလောဆယ် ဘယ်နှဦးရှိမလဲဆိုတာ တာဝန်ခံတွေကို မေးမြန်းထားပါတယ်။ လာရောက်အားပေးမယ့် ဦးရေအတိုင်း ကျွန်တော်တို့က စီစဉ်ပေးမှာပါ" ဟု MFF အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းက ပြောကြားခဲ့သည်။

မြန်မာဘောလုံးနှစ်သင်းစလုံးသည် အုပ်စုပထမဖြင့် ဆီမီးဖိုင်နယ်သို့ တက်ရောက်ခဲ့ပြီး အမျိုးသမီးအသင်းသည် ထိုင်းအသင်း နှင့် တွေ့ဆုံနေသော်လည်း အမျိုးသားအသင်းမှာမူ အုပ်စုပွဲအားလုံး မပြီးသေးသောကြောင့် တွေ့ဆုံမည့်အသင်း ထွက်ပေါ်လာခြင်းမရှိသေးကြောင်း သိရသည်။

Most Read

Most Recent