ချယ်လ်ဆီးအသင်းသည် လူငယ်ကစားသမားခေါ်ယူရာတွင် ဖီဖာ၏စည်းမျဉ်းများကို ချိုးဖောက်ခဲ့ခြင်းအတွက် အပြောင်းအရွှေ့ကာလနှစ်ခု၌ ကစားသမားသစ်ခေါ်ယူခွင့် ပိတ်ပင်ခံထားရခြင်းဖြစ်သည်။
ကစားသမားခေါ်ယူခွင့် ပိတ်ပင်ခံထားရခြင်းအတွက် နိုင်ငံတကာ အားကစားခုံရုံး (CAS) သို့ အယူခံဝင်ထားခြင်းမှာ ယခုရက်သတ္တပတ်အတွင်း အဖြေတစ်စုံတစ်ရာ ထွက်ပေါ်လာမည်ဟု မျှော်လင့်ကြောင်း ချယ်လ် ဆီးအသင်းနည်းပြ လမ်းပတ်က ပြောကြားခဲ့သည်။
ချယ်လ်ဆီးအသင်းသည် လူငယ်ကစားသမားခေါ်ယူရာတွင် ဖီဖာ၏စည်းမျဉ်းများကို ချိုးဖောက်ခဲ့ခြင်းအတွက် အပြောင်းအရွှေ့ကာလနှစ်ခု၌ ကစားသမားသစ်ခေါ်ယူခွင့် ပိတ်ပင်ခံထားရခြင်းဖြစ်သည်။

CAS သို့ အယူခံဝင်ထားခြင်းအောင်မြင်ခဲ့ပါက ယခုလာမည့် ဇန်နဝါရီတွင် ကစားသမားသစ် ခေါ်ယူခွင့်ပြန်လည်ရရှိမည်ဟု ချယ်လ်ဆီးအသင်း တာဝန်ရှိသူများက မျှော်လင့်နေကြသည်။