လာမည့်ဇန်နဝါရီအပြောင်းအရွှေ့တွင် ကစားသမားသစ်များခေါ်ယူရန် အသင့်ရှိကြောင်း ကလော့ပ် ပြောကြား

လာမည့်ဇန်နဝါရီအပြောင်းအရွှေ့တွင် ကစားသမားသစ်များခေါ်ယူရန် အသင့်ရှိကြောင်း ကလော့ပ် ပြောကြား
Photo: Getty Images
Photo: Getty Images
Published 4 December 2019

လီဗာပူးလ်အသင်းနည်းပြ ယာဂန်ကလော့ပ်က မိမိတို့အနေဖြင့် လာမည့်ဇန်နဝါရီအပြောင်းအရွှေ့စျေးကွက်တွင် အသင်းနှင့်သင့်တော်သည့် ကစားသမားသစ်များကို အဆင်ပြေပါက ခေါ်ယူရန် အသင့်ရှိနေကြောင်း ပြောကြားခဲ့သည်။ 

လီဗာပူးလ်အသင်းနည်းပြ ယာဂန်ကလော့ပ်က မိမိတို့အနေဖြင့် လာမည့်ဇန်နဝါရီအပြောင်းအရွှေ့စျေးကွက်တွင် အသင်းနှင့်သင့်တော်သည့် ကစားသမားသစ်များကို အဆင်ပြေပါက ခေါ်ယူရန် အသင့်ရှိနေကြောင်း ပြောကြားခဲ့သည်။ 

ကလော့ပ်က "ထုံးစံအတိုင်းပါပဲ။ ကျွန်တော်တို့အနေနဲ့ ကစားသမားသစ် ခေါ်ယူမယ့်ကိစ္စနဲ့ ပတ်သက်ပြီး ဘာမှမပြောချင်ပါဘူး။ ဒါပေမဲ့ အသင်းကို ကူညီနိုင်မယ့် ကစားသမားတွေကို ခေါ်ယူဖို့အတွက် ကျွန်တော် အမြဲတမ်းအသင့်ရှိနေပါတယ်။ ဇန်နဝါရီအပြောင်းအရွှေ့စျေးကွက်က နွေရာသီအပြောင်းအရွှေ့စျေးကွက်လောက် ခက်မယ်လို့ ကျွန်တော် မထင်ဘူး။ ဘာလို့လဲဆိုတော့ အင်္ဂလန်မှာ နွေရာသီအပြောင်းအရွှေ့စျေးကွက် ပိတ်သိမ်းချိန်က ဥရောပနဲ့ ကွာခြားပါတယ်။ နွေရာသီအပြောင်းအရွှေ့စျေးကွက်မှာ ပရီးမီးယားလိဂ်ကလပ်တွေက အချိန်တိုအတွင်းမှာ ကစားသမားတွေကို ခေါ်ယူရပြီး တခြားဥရောပကလပ်တွေ ပရီးမီးယားလိဂ်ကစားသမားတွေကို ထိုင်ကြည့်နေရတယ်။ ဒါက ပရီးမီးယားလိဂ်ကို အထိနာစေပါတယ်။ အနာဂတ်ပြောင်းလဲလာမလားတော့ ကျွန်တော်တို့ စောင့်ကြည့်ရမယ်"ဟု ပြောကြားခဲ့သည်။ 

လီဗာပူးလ်အသင်းသည် ဒေါ့မွန်အသင်းမှ အင်္ဂလန်လူငယ်တောင်ပံကစားသမား ဆန်ချိုကို ခေါ်ယူရန်စိတ်ဝင်စားနေကြောင်း ဗြိတိန်သတင်းစာ Daily Mail က ဖော်ပြခဲ့ပြီး ၎င်းကိုခေါ်ယူရန် ဥရောပထိပ်တန်းအသင်းကြီးများကလည်း စိတ်ဝင်စားနေကြကြောင်း သိရသည်။ 

ဆန်ချိုသည် ယခုရာသီတွင် ဒေါ့မွန်အသင်း၌ မပျော်မရွှင်ဖြစ်နေပြီး အသင်းမှထွက်ခွာဖွယ်ရှိနေသည်ဟု ဥရောပမီဒီယာများက ဖော်ပြနေကြပြီး ၎င်း၏တန်ကြေး ပေါင်သန်း (၁၀၀) ရှိကြောင်း သိရသည်။ 

လီဗာပူးလ်အသင်းသည် ပြီးခဲ့သည့်နွေရာသီအပြောင်းအရွှေ့ကာလအတွင်း ကစားသမားသစ် (၄)ဦးခေါ်ယူခဲ့ပြီး ပေါင် (၁.၃)သန်းသာ အသုံးပြုခဲ့ကြောင်း သိရသည်။