နည်းပြသစ် မော်ရင်ဟိုကို ဆွန်ဟောင်မင် ချီးကျူး

နည်းပြသစ် မော်ရင်ဟိုကို ဆွန်ဟောင်မင် ချီးကျူး
Photo: Getty Images
Photo: Getty Images
Published 4 December 2019

စပါးအသင်း၏ တောင်ကိုရီးယားတောင်ပံကစားသမား  ဆွန်ဟောင်မင်က အသင်း၏နည်း ပြဖြစ်သူ မော်ရင်ဟို အား ချီးကျူးစကားဆိုခဲ့သည်။ 

စပါးအသင်း၏ တောင်ကိုရီးယားတောင်ပံကစားသမား  ဆွန်ဟောင်မင်က အသင်း၏နည်း ပြဖြစ်သူ မော်ရင်ဟို အား ချီးကျူးစကားဆိုခဲ့သည်။ 

မိမိတို့အသင်းသည် ပိုမိုကောင်းမွန်သည့် စိတ်ပိုင်းဆိုင်ရာခံစားမှုကို ရရှိနေပြီဟု ပြော ကြားခဲ့သည်။ 

ဆွန်ဟောင်မင်က "သူက အရမ်းကြင်နာတတ်ပါတယ်။ အမြဲတမ်းပြုံးရွှင်နေပြီး ကစားသမားတွေနဲ့လည်း ရင်းရင်းနှီးနှီး နောက်ပြောင်နေလေ့ရှိပါတယ်။ ကစားသမားတွေနဲ့ နည်းပြကြားမှာ ဒီလိုဆက်ဆံရေးမျိုးရှိနေတာ ကျွန်တော် သဘောကျပြီး စိတ်ပိုင်းဆိုင်ရာခံစားချက်တွေ ပိုမိုကောင်းမွန်လာပါတယ်။ ဒါကြောင့်လည်း ရလဒ်ပိုင်းအပြောင်းအလဲတွေရှိလာတာလို့ ကျွန်တော်ထင်ပါတယ်။ ကစားသမားတိုင်းဟာ မော်ရင်ဟိုနဲ့ လက်တွဲခွင့်ရတာကို အရမ်း ပျော်ရွှင်နေကြပါတယ်" ဟု ပြောကြားခဲ့သ

ည်။

စပါးအသင်းသည် ယခုရာသီတွင် ပိုချက်တီနို ကိုင်တွယ်စဉ်က ရလဒ်များ ဆိုးရွားခဲ့သော်လည်း မော်ရင်ဟို ကိုင်တွယ်ပြီးနောက် ကစားခဲ့သည့်ပွဲစဉ် (၃)စလုံးတွင် အနိုင်ရရှိထားပြီး ပရီးမီးယားလိဂ်ပွဲစဉ် (၁၄)အပြီးတွင် ရမှတ် (၂၀)ဖြင့် အဆင့် (၅)နေရာ၌ ရပ်တည်နေသည်။

စပါးအသင်းသည် ပရီးမီးယားလိဂ်ပွဲစဉ် (၁၅)အဖြစ် ဒီဇင်ဘာ (၄)ရက်တွင် မန်ယူအသင်းနှင့် အဝေးကွင်းပွဲစဉ် ကစားရမည်ဖြစ်သည်။ 

 

Most Read

Most Recent