လက်စတာအသင်းတွင်သာ ဆက်ရှိနေမည်ဟု ဘရန်ဒန်ရော်ဂျာ အတည်ပြု

လက်စတာအသင်းတွင်သာ ဆက်ရှိနေမည်ဟု ဘရန်ဒန်ရော်ဂျာ အတည်ပြု
Photo: Getty Images
Photo: Getty Images
Published 4 December 2019

လက်စတာအသင်းနှင့်အတူ ကောင်းမွန်သည့် ရာသီအစရလဒ်များကို ပိုင်ဆိုင်ထားသည့် နည်းပြ ဘရန်ဒန်ရော်ဂျာက အာဆင်နယ် အသင်းနည်းပြရာထူးအတွက် သတင်းများထွက်ပေါ်နေသော်လည်း လက်စတာအသင်း၏ စီမံကိန်းများအပေါ် ယုံကြည်မှုအပြည့်ရှိကြောင်းနှင့် အသင်းတွင်သာ ဆက်ရှိနေမည် ဖြစ်ကြောင်း အတည်ပြုပြောကြားခဲ့သည်။ 

လက်ရှိအချိန်တွင် အာဆင်နယ်အသင်းသည်  ၎င်းတို့အသင်း၏ နည်းပြဖြစ်သူ အူနိုင်းအမ်မရီအား ရာထူးမှထုတ်ပယ်ကာ ယာယီနည်းပြ ယွန်းဘတ်နှင့် အစားထိုးထား သည်။ 

အာဆင်နယ်အသင်းတာဝန်ရှိသူများသည် အမြဲတမ်းနည်းပြရာထူးအတွက် ဘရန်ဒန်ရော်ဂျာကို လျော်ကြေးပေးခေါ်ယူမည်ဟု သတင်းများထွက်ပေါ်နေသည်။ 

ရော်ဂျာကမူ "လက်စတာအသင်းရဲ့ အနာဂတ်စီမံကိန်းတွေက စိတ်လှုပ်ရှားစရာပါ။ ဒီအသင်းမှာ ကျွန်တော့်ရဲ့ ရည်မှန်းချက်က ရှင်းပါတယ်။ ကလပ်အသင်းကို ထိပ်တန်းအဆင့်ကို ပို့ဆောင်ပေးဖို့ပါ။ ရှေ့လျှောက် တိုးတက်လာမယ့်အရာတွေ အများ ကြီးရှိပြီး လက်စတာနည်းပြရာထူးမှာရှိနေတာကို ကျွန်တော် အရမ်းကျေနပ်ပါတယ်။ အသင်းနဲ့အတူ ဆက်ရှိသွားမှာပါ"ဟု ပြောကြားခဲ့သည်။ 

ဘရန်ဒန်ရော်ဂျာက ယခုရာသီတွင် ချန်ပီယံလိဂ်ဝင်ခွင့်ရရှိရေးမှာ မိမိတို့အသင်း၏ အဓိကရည်မှန်းချက်ဖြစ်ပြီး အမှန်တကယ်လုပ်ဆောင်နိုင်ရန်အတွက်မူ အခက်အခဲများစွာကြုံတွေ့ရနိုင်သည်ဟုလည်း ဝန်ခံပြောကြားခဲ့သည်။ 

ရော်ဂျာက "အခုအချိန်မှာ လာမယ့်ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲဝင်ခွင့်အတွက် အခြေအနေကောင်းတွေ ပိုင်ဆိုင်ထားပေမယ့် ဘောလုံးရာသီကုန်ဆုံးဖို့ အဝေးကြီးလိုအပ်နေပါသေးတယ်။ နောက်ထပ် (၁၀)ပွဲလောက် အနိုင်ကစားပြီးရင်တော့  ရည်မှန်းချက်တွေ ရုပ်လုံးပေါ်လာဖို့ ပိုပြီးနီးစပ်လာနိုင်ပါတယ်။ ပြိုင်ဘက်တွေက အလွန်အားကောင်းကြလို့ ခက်ခဲတဲ့ရာသီတစ်ခုကို ဖြတ်သန်းရဦးမှာပါ။ ဒါပေမဲ့ ကျွန်တော်တို့ ယုံကြည်မှုအပြည့်ရှိပါတယ်"ဟု ဆိုခဲ့သည်။

Most Read

Most Recent