ပရိသတ်များအနေဖြင့် ကစားသမားများအပေါ် အားပေးထောက်ခံရန် အမ်မရီ တိုက်တွန်း

ပရိသတ်များအနေဖြင့် ကစားသမားများအပေါ် အားပေးထောက်ခံရန် အမ်မရီ တိုက်တွန်း
Photos: Getty Images
Photos: Getty Images
Published 1 December 2019

အူနိုင်းအမ်မရီသည် နိုဝင်ဘာ ၂၈ ရက် ကကစားခဲ့သည့် ဖရန့်ဖတ်နှင့် ယူရိုပါလိဂ်ပွဲ စဉ်တွင် အိမ်ကွင်း၌အရေးနိမ့်ခဲ့ပြီးနောက် နာရီပိုင်းအကြာ နိုဝင်ဘာ ၂၉ ရက် နံနက်ပိုင်းတွင် ထုတ်ပယ်ခံခဲ့ရပြီး ၎င်းက အသင်းအား ကျေးဇူးတင်နှုတ်ဆက်စကား ဆိုခဲ့သည်။

 

အာဆင်နယ်အသင်းနည်းပြဟောင်း အူနိုင်းအမ်မရီသည် နည်းပြရာထူးမှ ထုတ်ပယ်ခံခဲ့ရပြီးနောက် အသင်းပရိသတ်များအနေဖြင့် ကစားသမားများအပေါ် အပြည့်အဝ ထောက်ခံအားပေးရန် တိုက်တွန်းခဲ့သည်။

အူနိုင်းအမ်မရီသည် နိုဝင်ဘာ ၂၈ ရက် ကကစားခဲ့သည့် ဖရန့်ဖတ်နှင့် ယူရိုပါလိဂ်ပွဲစဉ်တွင် အိမ်ကွင်း၌အရေးနိမ့်ခဲ့ပြီးနောက် နာရီပိုင်းအကြာ နိုဝင်ဘာ ၂၉ ရက် နံနက်ပိုင်းတွင် ထုတ်ပယ်ခံခဲ့ရပြီး ၎င်းက အသင်းအား ကျေးဇူးတင်နှုတ်ဆက်စကား ဆိုခဲ့သည်။

" အာဆင်နယ်အသင်းနည်းပြဖြစ်ခဲ့တာဟာ ဂုဏ်ယူစရာတစ်ခုပါပဲ။ အာဆင်နယ်အသင်းရဲ့ကြီးမြတ်မှုကို ခံစားနားလည်စေဖို့ ကူညီပေးခဲ့တဲ့ ပရိသတ်အားလုံးကို ကျွန်တော့်နှလုံးသားအနက်ရှိုင်းဆုံးနေရာကနေ ကျေးဇူးတင်စကား ဆိုချင်ပါတယ်။ သူတို့အားလုံးဟာ ကျွန်တော်တို့ကို ကမ္ဘာ့နေရာအနှံ့အပြားကနေ အားပေးခဲ့ကြပါတယ်။ သူတို့တွေဟာ အီမရိတ်စ်ကွင်းကို လာကြတယ်။ မိုးရွာပြီး အေးနေရင်တောင်မှ ပွဲအပြီး ကျွန်တော့်ကိုနှုတ်ဆက်ဖို့ စောင့်နေကြတယ်။ ကျွန်တော့်အနေနဲ့ သူတို့အားလုံးကို ပြောချင်တာက အာဆင်နယ်နည်းပြအလုပ်ကို စိတ်အားထက်သန်မှု၊  လုံးဝနစ်မြှုပ်ထားမှု၊ လုံ့လဝီရိယစိုက်ထုတ်မှု အပြည့်နဲ့ လုပ်ဆောင်ခဲ့တယ်ဆိုတာပါပဲ။ ကလပ်ကိုခေါ်ဆောင်လာတဲ့ ဂါဇီဒစ်အပြင် ဆန်လယ်ဟီ၊ အီဒူးနဲ့ ဗန်ကိတ်စ်ရှမ်တို့ကို လေးစားမှုရှိမှု၊ မိတ်ဆွေကောင်းရှိမှု၊ ကူညီမှု တွေအတွက် ကျေးဇူးတင်ကြောင်း ပြောလိုပါတယ်။ နောက်ဆုံးအချိန်အထိ ကျွန်တော်ဟာ သူတို့ရဲ့ကောင်းကောင်းမွန်မွန်ဆက်ဆံတာကို ရရှိခဲ့ပါတယ်။ အသင်းပိုင်ရှင် ကရွန်ကီ မိသားစုအပေါ်လည်း အရိုးသားဆုံးကျေးဇူး တင်ပါတယ်"ဟု အမ်မရီက ပြောကြားခဲ့သည်။