ဂျာမန်ဘွန်ဒစ်လီဂါပွဲစဉ် (၁၃) ပွဲကြိုသုံးသပ်ချက်

ဂျာမန်ဘွန်ဒစ်လီဂါပွဲစဉ် (၁၃) ပွဲကြိုသုံးသပ်ချက်
Published 30 November 2019

ဟော်ဖန်ဟင်မ် - ဒစ်ဆယ်ဒေ့ါဖ် (စနေည ၉းဝ၀ နာရီ)

အိမ်ကွင်းမှာ မိန့်ဇ်ကို ဟော်ဖန်ဟင်မ် ဂိုးပြတ်ရှုံးခဲ့တာက အားလုံးကို shock ရစေခဲ့တယ်။ ဒီတစ်ပွဲတော့ ဟော်ဖန်ဟင်မ် အနိုင်ပြန်ယူလိမ့်မယ်။

ဟာသာဘာလင် - ဒေါ့မွန် (စနေည ၉းဝ၀ နာရီ)

ဒေါ့မွန်အသင်းအဖို့ ဘိုင်ယန်နဲ့ပွဲဂိုးပြတ်အရှုံးက ပါဒါဘွန်း ပွဲကိုပါ ရိုက်ခတ်သွားသလိုပါပဲ။ ကြားရက်မှာလည်း ဘာစီလိုနာ နဲ့ ပွဲကျပ်ကစားထားရလို့ ဒေါ့မွန်အသင်း အဝေးကွင်းနိုင်ပွဲဝေး နေမှုကို အဆုံးသတ်နိုင်မယ်မထင်ဘူး။

ကိုလုံး - အော့စ်ဘတ် (စနေည ၉းဝ၀ နာရီ)

လတ်တလောခြေစွမ်းပိုင်းမှာ အော့စ်ဘတ်က အသာစီးရ ထားပြီး ကိုလုံးအဖို့ အမှတ်အလွန်အမင်းလိုအပ်တဲ့အချက်ပဲ ရှိပါတယ်။ အော့စ်ဘတ် မရှုံးလောက်ဘူး။

ပါဒါဘွန်း - လိုက်ပ်ဇစ် (စနေည ၉းဝ၀ နာရီ)

လိုက်ပ်ဇစ်အသင်းက ပြိုင်ပွဲစုံ(၅)ပွဲဆက် အနိုင်ရထားပြီး သွင်းဂိုးပေါင်းကလည်း (၂၄)ဂိုးအထိ ရှိလာတယ်။ ဒါပေမဲ့ အ ဝေးကွင်းမှာ လိုက်ပ်ဇစ် ဂိုးပြတ်ဖို့တော့ခက်မယ်။

ဘိုင်ယန်မြူးနစ် - လေဗာကူဆင် (စနေည ၁၂းဝ၀ နာရီ)

ဘိုင်ယန်မြူးနစ်က ယာယီနည်းပြ ဟန်းစ်ဒီတာဖလစ်ခ်လက်ထဲမှာ အတော်လေးဟုတ်နေတယ်။ ပြိုင်ပွဲစုံ(၄)ပွဲစလုံး ဂိုးပြတ် နိုင်ထားပြီး တိုက်စစ်မှူး လီဝန်ဒေါစကီးက ဒီ(၄)ပွဲမှာ (၇)ဂိုးအထိ သွင်းယူပေးထားတာတွေ့ရတယ်။ ဘိုင်ယန်အနေနဲ့ ချန်ပီယံ လိဂ်မှာ ဖိအားမရှိပေမယ့် ပွဲတွေဆက်တိုက်ကစားနေရလို့ ဖလစ်ခ်က ပွဲတိုင်းမှာ အပြောင်းအလဲအနည်းငယ်လုပ်လေ့ရှိတာ တွေ့ရတယ်။ လီဝန်ဒေါစကီး၊ နော်ယာ၊ ပါဗာတို့လောက်ပဲ ဖလစ်ခ်က ပွဲတိုင်းကစားခိုင်းထားတာပါ။ လေဗာကူဆင်က ဘိုင်ယန်နဲ့ နောက်ဆုံးတွေ့ဆုံမှုမှာ အရေးနိမ့်ထားပေမယ့် အဲဒီပွဲမတိုင်မီ(၆)ပွဲမှာ (၄)ပွဲနိုင်၊ (၂)ပွဲသရေနဲ့ အသာစီးရယူထားတယ်။ လေဗာ ကူဆင် ခြေကျနေလို့ ဘိုင်ယန်အသင်း ဂိုးပြတ်ဖို့များပါတယ်။