အာဆင်နယ်ပရိသတ်များ ပျော်ရွှင်စေရမည်ဟု ယွန်းဘတ် ကတိပေး

အာဆင်နယ်ပရိသတ်များ ပျော်ရွှင်စေရမည်ဟု ယွန်းဘတ် ကတိပေး
Photos: Getty Images
Photos: Getty Images
Published 29 November 2019

အာဆင်နယ်အသင်း ယာယီနည်းပြ ယွန်းဘတ်က မိမိအနေဖြင့် အသင်းပရိသတ်များကို ပျော်ရွှင်မှုရအောင်စွမ်းဆောင်ပေးသွားမည်ဖြစ်ကြောင်း ကတိပေးပြောကြားခဲ့သည်။

အာဆင်နယ်အသင်း ယာယီနည်းပြ ယွန်းဘတ်က မိမိအနေဖြင့် အသင်းပရိသတ်များကို ပျော်ရွှင်မှုရအောင်စွမ်းဆောင်ပေးသွားမည်ဖြစ်ကြောင်း ကတိပေးပြောကြားခဲ့သည်။

အာဆင်နယ်အသင်းသည် နိုဝင်ဘာ (၂၉)ရက်တွင် နည်းပြ အမ်မရီကို ရာထူးမှထုတ်ပယ်ခဲ့ပြီး သူ၏ လက်ထောက်နည်းပြအဖြစ် ဆောင်ရွက်နေသည့် အသင်းကွင်းလယ်ကစားသမားဟောင်း ဖရက်ဒီယွန်းဘတ်ကို ယာယီနည်းပြအဖြစ် ခန့်အပ်ခဲ့သည်။ 

ယွန်းဘတ်သည် နိုဝင်ဘာ (၂၉)ရက် (သောကြာနေ့နံနက်)တွင် အသင်းနှင့်အတူ ပထမဆုံးအကြိမ် လေ့ကျင့်ရေးအစီအစဉ် ပြုလုပ်ခဲ့ပြီး မိမိအနေဖြင့် အာဆင်နယ်ပရိသတ်များ ပြုံးရွှင်နိုင်အောင် စွမ်းဆောင်ပေးသွားမည်ဟု သူ၏ Twitter တွင် ရေးသားခဲ့သည်။

ယွန်းဘတ်က "အာဆင်နယ်အသင်းမှာ ရှိနေသမျှကာလပတ်လုံး အသင်းပရိသတ်တွေ ပြုံးရယ်နိုင်အောင် ကျွန်တော် အကောင်းဆုံးကြိုးစားသွားမှာပါ။ အသင်းအနေနဲ့ လာမယ့်ရက်သတ္တပတ်တွေမှာ ပွဲတွေအများကြီး ကစားရမှာဖြစ်ပြီး ကျွန်တော်တို့အသင်းဟာ ပရိသတ်တွေရဲ့ အားပေးမှုကို လိုအပ်ပါတယ်။ ကျွန်တော်တို့ အားလုံးပူးပေါင်းပြီး လုပ်ဆောင်ရအောင်ပါ"ဟု သူ၏ Twitter တွင် ရေးသားခဲ့သည်။ 

အသက် (၄၂)နှစ်အရွယ်ရှိ ယွန်းဘတ်သည် အာဆင်နယ်အသင်းတွင် ၁၉၉၈ ခုနှစ်မှာ ၂၀၀၇ ခုနှစ်အထိ ကစားခဲ့ပြီး အသင်းနှင့်အတူ အောင်မြင်မှုများ ရယူနိုင်ခဲ့သူဖြစ်သည်။ 

၎င်းသည် ၂၀၁၆ ခုနှစ်တွင် အာဆင်နယ်ယူ-၁၅ အသင်း နည်းပြအဖြစ် ခန့်အပ်ခံရပြီး ယင်းမှတစ်ဆင့် ယူ-၂၃ အသင်းကို ကိုင်တွယ်ခဲ့ကာ ယခုနှစ်တွင်မှ အမ်မရီက သူ၏လက်ထောက်နည်းပြအဖြစ် ခန့်အပ်ခဲ့ခြင်းဖြစ်သည်။ 

 

Most Read

Most Recent