၂၀၁၉ ခုနှစ် ဇွန်တွင် ပုဂ္ဂလိကဘဏ် ၂၇ ဘဏ်က ဖွင့်လှစ်ထားသော ဘဏ်ခွဲ အရေအတွက် ၁၈၅၂ ဘဏ်ရှိပြီး သုံးနှစ်အတွင်း ဘဏ်ခွဲ အရေအတွက် ၅၄၆ ဘဏ် တိုးတက်လာ

၂၀၁၉ ခုနှစ် ဇွန်တွင် ပုဂ္ဂလိကဘဏ် ၂၇ ဘဏ်က ဖွင့်လှစ်ထားသော ဘဏ်ခွဲ အရေအတွက် ၁၈၅၂ ဘဏ်ရှိပြီး သုံးနှစ်အတွင်း ဘဏ်ခွဲ အရေအတွက် ၅၄၆ ဘဏ် တိုးတက်လာ
ရန်ကုန်မြို့ရှိ ပုဂ္ဂလိက ဘဏ်ခွဲတစ်ခုတွင် လုပ်ငန်းများ ဆောင်ရွက်နေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-စည်သူအောင်)
ရန်ကုန်မြို့ရှိ ပုဂ္ဂလိက ဘဏ်ခွဲတစ်ခုတွင် လုပ်ငန်းများ ဆောင်ရွက်နေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-စည်သူအောင်)
Published 28 November 2019
စည်သူအောင်

၂၀၁၉ ခုနှစ် ဇွန်တွင် ပုဂ္ဂလိကဘဏ် ၂၇ ဘဏ်က ဖွင့်လှစ်ထားသော ဘဏ်ခွဲ အရေအတွက် ၁၈၅၂ ဘဏ်ရှိပြီး သုံးနှစ်အတွင်း ဘဏ်ခွဲ အရေအတွက် ၅၄၆ ဘဏ် တိုးတက်လာကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ထုတ်ပြန်သည့် Quarterly Financial Statistics Bulletin (2019 Volume 1) အရ သိရသည်။

၂၀၁၆ ခုနှစ် ဇွန်လစာရင်းများအရ မြန် မာနိုင်ငံတွင် နိုင်ငံပိုင်ဘဏ်လေးဘဏ်မှ ဘဏ်ခွဲ ၅၁၅ ဘဏ်၊ အေတီအမ်စက် ၆၂ ခု၊ ပုဂ္ဂလိကဘဏ် ၂၄ ဘဏ်မှ ဘဏ်ခွဲ ၁၃၀၆ ဘဏ်၊ အေတီအမ်စက် ၁၅၈၆ ခု၊ နိုင်ငံခြား ဘဏ် ဘဏ်ခွဲ ၁၀ ခု၊ နိုင်ငံခြားဘဏ္ဍာရေး ကုမ္ပဏီ ၁၅ ခု၊ နိုင်ငံခြားဘဏ်ကိုယ်စားလှယ် ရုံး ၄၅ ခု ဖွင့်လှစ်ထားခြင်းဖြစ်သည်။

၂၀၁၉ ခုနှစ် ဇွန်လစာရင်းများအရ မြန်မာနိုင်ငံတွင် နိုင်ငံပိုင်ဘဏ်လေးဘဏ်မှ ဘဏ်ခွဲ ၅၃၃ ဘဏ်၊ အေတီအမ်စက် ၉၂ ခု၊ ပုဂ္ဂလိကဘဏ် ၂၇ ဘဏ်မှ ဘဏ်ခွဲ ၁၈၅၂ ဘဏ်၊ အေတီအမ်စက် ၂၆၉၀  ခု၊ နိုင်ငံခြား ဘဏ် ဘဏ်ခွဲ ၁၃ ဘဏ်၊ နိုင်ငံခြားဘဏ္ဍာ ရေး ကုမ္ပဏီ ၂၈ ခု၊ နိုင်ငံခြားဘဏ် ကိုယ်စားလှယ်ရုံး ၄၅ ခု၊ နိုင်ငံခြားဘဏ္ဍာရေးကုမ္ပဏီ ကိုယ်စားလှယ်ရုံး ခြောက်ခုဖွင့်လှစ်ထားခြင်း ဖြစ်သည်။

သုံးနှစ်အတွင်း တိုးတက်မှုအနေဖြင့် နိုင်ငံပိုင်ဘဏ် ဘဏ်ခွဲ ၁၈ ဘဏ်၊ အေတီအမ် စက် ၃၀ ခု၊ ပုဂ္ဂလိကဘဏ် သုံးဘဏ်၊ ဘဏ်ခွဲ ၅၄၆ ဘဏ်၊ အေတီအမ်စက် ၁၁၀၄  ခု၊ နိုင်ငံ ခြားဘဏ် ဘဏ်ခွဲ သုံးဘဏ်၊ နိုင်ငံခြားဘဏ္ဍာ ရေးကုမ္ပဏီ ၁၃ ခု၊ နိုင်ငံခြားဘဏ္ဍာရေးကုမ္ပ ဏီကိုယ်စားလှယ်ရုံး ခြောက်ခုတိုးတက်ခဲ့ပြီး နိုင်ငံခြားဘဏ်ကိုယ်စားလှယ်ရုံးမှာ ထပ်မံ တိုးတက်မလာဘဲ ၂၀၁၆ ခုနှစ် ဇွန်လအတိုင်း  ၄၅ ခုသာ ဆက်ရှိခဲ့သည်။

ပုဂ္ဂလိကဘဏ်များ၏ လုပ်ငန်းဆောင် ရွက်မှုအခြေအနေသည် ဘဏ်ခွဲအရေအ တွက်အားဖြင့်လည်းကောင်း၊ အပ်ငွေလက် ခံရရှိမှု၊ ချေးငွေထုတ်ချေးထားမှုနှင့် စုစုပေါင်း ရရန်ပိုင်ခွင့်များ တိုးတက်လာမှုအနေအ ထားဖြင့် လည်းကောင်း၊ လုပ်ငန်းအရွယ်အ စား တဖြည်းဖြည်းတိုးတက်လာသည်ကို တွေ့ရှိရသည်ဟု မြန်မာနိုင်ငံတော်ဗဟို ဘဏ်၏ ၂၀၁၈ ဘဏ္ဍာနှစ်အကူးအပြောင်း ကာလအစီရင်ခံစာအရ သိရသည်။

ပြည်တွင်းပုဂ္ဂလိကဘဏ်များ၏ စုစုု ပေါင်းအပ်ငွေမှာ ၂၀၁၇ ခုနှစ် စက်တင်ဘာ ၃၀ ရက်နှင့် နှိုင်းယှဉ်ပါက ကျပ် ၂၆၅၆၀၈၂၆ ဒသမ ၈၇ သန်းမှ ၂၀၁၈ ခုနှစ် စက်တင်ဘာ ၃၀ ရက်တွင် ကျပ် ၃၁၁၂၉၈၄၆ ဒသမ ၇၄  သန်းအထိ တိုးတက်ခဲ့သည်။ ပမာဏအား ဖြင့် ကျပ် ၄၅၆၉၀၀၉ ဒသမ ၈၇ သန်း၊ ရာ ခိုင်နှုန်းအားဖြင့် ၁၇ ဒသမ ၂၀ ရာခိုင်နှုန်းတိုး တက်ခဲ့ခြင်းဖြစ်သည်။

ထို့အတူ ပုဂ္ဂလိကဘဏ်များ၏ ချေးငွေ နှင့် စာရင်းပိုထုတ်ချေးငွေမှာလည်း ယခင် ၂၀၁၇ ခုနှစ် စက်တင်ဘာ ၃၀ ရက်နှင့် နှိုင်း ယှဉ်ပါက ပမာဏအားဖြင့် ကျပ် ၃၄၃၅၄၅၆ ဒသမ ၆၅ သန်း၊ ရာခိုင်နှုန်းအားဖြင့် ၁၉ ဒသမ ၅၅ ရာခိုင်နှုန်း၊ ရရန်ပိုင်ခွင့်များတွင် ကျပ် ၅၃၉၁၂၂၇ ဒသမ ၂၀ သန်း၊ ရာခိုင်နှုန်း အားဖြင့် ၁၈ ဒသမ ၀၃ ရာခိုင်နှုန်း တိုးတက် လာခဲ့သည်။

၂၀၁၉ ခုနှစ် စက်တင်ဘာ ၃၀ ရက်တွင် ပုဂ္ဂလိကဘဏ်များသည် ဘဏ်စနစ်တစ်ခု လုံးရှိ စုစုပေါင်းရရန်ပိုင်ခွင့်များ၏ ၅၇ ဒသမ ၆၇ ရာခိုင်နှုန်းပိုင်ဆိုင်ပြီး နိုင်ငံပိုင်ဘဏ်များ သည် ၃၁ ဒသမ ၁၄ ရာခိုင်နှုန်း၊ နိုင်ငံခြား ဘဏ်ခွဲများသည် ၁၁ ဒသမ ၁၉ ရာခိုင်နှုန်း ပိုင်ထားသည်။

ပုဂ္ဂလိကဘဏ်များစုစုပေါင်းရပိုင်ခွင့် များတွင် ဘဏ်အလိုက်ပါဝင်သည့်ရာခိုင်နှုန်း များမှာ ကမ္ဘောဇဘဏ်က ၃၃ ဒသမ ၀၅ ရာ ခိုင်နှုန်း၊ ဧရာဝတီဘဏ်က ၁၆ ဒသမ ၀၂ ရာ ခိုင်နှုန်း၊ သမဝါယမဘဏ်  ဘဏ်) က ၁၁ ဒသမ ၉၇ ရာခိုင်နှုန်း၊ မြန်မာ့ရှေ့ဆောင် ဘဏ်က ၉ ဒသမ ၃၁ ရာခိုင်နှုန်း၊ မြဝတီ ဘဏ်က ၅ ဒသမ ၄၄ ရာခိုင်နှုန်း၊ ရိုးမဘဏ် က ၆ ဒသမ ၅၆ ရာခိုင်နှုန်း၊ ယူနိုက်တက်အမ ရဘဏ်က ၂ ဒသမ ၉၇ ရာခိုင်နှုန်း၊ ကမ္ဘာ့ရ တနာဘဏ်က ၂ ဒသမ ၃၄ ရာခိုင်နှုန်း၊ အာရှ စိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်က ၂ ဒသမ ၅၁ ရာခိုင်နှုန်း၊ မြန်မာအရှေ့တိုင်းဘဏ်က ၁ ဒသမ ၄၇ ရာခိုင်နှုန်း၊ နေပြည်တော်စည်ပင် ဘဏ်က ၁ ဒသမ ၂၂ ရာခိုင်နှုန်း၊ အင်းဝဘဏ် က ၁ ဒသမ ၁၅ ရာခိုင်နှုန်း၊ မြန်မာနိုင်ငံသား များဘဏ်က ၁ ဒသမ ၀၈ ရာခိုင်နှုန်း၊ ဆောက် လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်က ၁ ဒသမ ၀၃ ရာခိုင်နှုန်း၊ ပထမပုဂ္ဂလိကဘဏ် က ၀ ဒသမ ၇၇ ရာခိုင်နှုန်း၊ ရွှေ (ကျေးလက် နှင့် မြို့ပြ) ဖွံ့ဖြိုးတိုးတက်ရေးဘဏ်က ၀ ဒသ မ ၇၁ ရာခိုင်နှုန်း၊ အသေးစားနှင့် အလတ်စား စက်မှုလုပ်ငန်းဖွံ့ဖြိုးရေးဘဏ် က ၀ ဒသမ ၆၃ ရာခိုင်နှုန်း၊ ထွန်းကော်မာရှယ်ဘဏ်က  ၀ ဒသမ ၅၂ ရာခိုင်နှုန်း၊ ဧရာဝတီတောင်သူ လယ်သမားများဖွံ့ဖြိုးရေးဘဏ်က ၀ ဒသမ ၄၈ ရာခိုင်နှုန်း၊ ရန်ကုန်မြို့တော်ဘဏ်က ၀ ဒသမ ၂၆ ရာခိုင်နှုန်းတို့ဖြစ်သည်။

Most Read

Most Recent