City Football Group ကို အဘူဒါဘီယူနိုက်တက်အုပ်စု (ADUG) က အဓိကပိုင်ဆိုင်ထားပြီး CFG လက်အောက်တွင် မန်စီးတီး (အင်္ဂလန်)၊ နယူးယောက်စီးတီး (အမေရိကန်)၊ မဲလ်ဘုန်းစီးတီး (သြစတြေးလျ)၊ ယို ကိုဟားမားမာရီနို့စ် (ဂျပန်)၊ ကလပ်အက်သလက်တီကိုတော်ကေး (ဥရုဂွေး)၊ ဟီရိုနာ (စပိန်)၊ ဆီရွှမ်းချင်းညူ (တရုတ်) အသင်းတို့ကို ဝယ်ယူထားသည်။
မန်စီးတီးအသင်းကို ပိုင်ဆိုင်ထားသည့် City Football Group သည် ရှယ်ယာ (၁၀) ရာခိုင်နှုန်းကို အမေရိကန်ကုမ္ပဏီထံ ရောင်းချပြီးနောက် ကုမ္ပဏီတစ်ခုလုံး၏ စုစုပေါင်းတန်ဖိုးမှာ ပေါင် ၃ ဒသမ ၇၃ ဘီလီယံ အထိ မြင့်တက်လာပြီး ကမ္ဘာတစ်ဝန်း တန်ဖိုးအမြင့်ဆုံး အားကစားအသင်းများအနက် တစ်သင်းအပါအဝင်ဖြစ်လာကြောင်း သိရသည်။

City Football Group ကို အဘူဒါဘီယူနိုက်တက်အုပ်စု (ADUG) က အဓိကပိုင်ဆိုင်ထားပြီး CFG လက်အောက်တွင် မန်စီးတီး (အင်္ဂလန်)၊ နယူးယောက်စီးတီး (အမေရိကန်)၊ မဲလ်ဘုန်းစီးတီး (သြစတြေးလျ)၊ ယို ကိုဟားမားမာရီနို့စ် (ဂျပန်)၊ ကလပ်အက်သလက်တီကိုတော်ကေး (ဥရုဂွေး)၊ ဟီရိုနာ (စပိန်)၊ ဆီရွှမ်းချင်းညူ (တရုတ်) အသင်းတို့ကို ဝယ်ယူထားသည်။

CFG သည် ၂၀၁၅ ခုနှစ် ဒီဇင်ဘာတွင် ရှယ်ယာ (၁၂) ရာခိုင်နှုန်းကို တရုတ်အခြေစိုက် China Media Capital ထံ ရောင်းချထားပြီးနောက် ယနေ့တွင် ရှယ်ယာ (၁၀) ရာခိုင်နှုန်းကို အမေရိကန်အခြေစိုက် Silver Lake ကုမ္ပဏီထံ ထပ်မံရောင်းချရန် သဘောတူညီမှုရခဲ့ခြင်းဖြစ်သည်။ Silver Lake အနေဖြင့် ရှယ်ယာ (၁၀) ရာခိုင်နှုန်းအတွက် ပေါင် ၃၈၉ ဒသမ ၄ သန်း (ဒေါ်လာသန်း ၅၀၀) ပေးချေရမည်ဖြစ်ကြောင်း သိရသည်။

သို့ဖြစ်ရာ CFG ၏ တန်ဖိုးစုစုပေါင်းမှာ ပေါင် ၃ ဒသမ ၇၃ ဘီလီယံ (ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ) အထိရှိလာပြီး မြို့ခံပြိုင်ဘက် မန်ယူအသင်းထက် ဒေါ်လာတစ်ဘီလီယံ ပိုများနေကြောင်း သိရသည်။