စမောလင်းအား ပေါင် (၁၃)သန်းဖြင့် အပြီးသတ်ခေါ်ယူရန် ရိုးမားအသင်း စီစဉ်

စမောလင်းအား ပေါင် (၁၃)သန်းဖြင့် အပြီးသတ်ခေါ်ယူရန် ရိုးမားအသင်း စီစဉ်
Photos: EPA & AP
Photos: EPA & AP
Published 27 November 2019

ရိုးမားအသင်းသည် မန်ယူအသင်းနောက်ခံလူ စမောလင်းအား ပေါင် (၁၃)သန်းဖြင့်ခေါ်ယူရန် စီစဉ်နေကြောင်း အီတလီမီဒီယာများက ဖော်ပြခဲ့ကြသည်။

ရိုးမားအသင်းသည် မန်ယူအသင်းနောက်ခံလူ စမောလင်းအား ပေါင် (၁၃)သန်းဖြင့်ခေါ်ယူရန် စီစဉ်နေကြောင်း အီတလီမီဒီယာများက ဖော်ပြခဲ့ကြသည်။

ရိုးမားအသင်းသည် အသက် (၃၀)နှစ်အရွယ်ရှိ အင်္ဂလန်နောက်ခံလူ စမောလင်းအား ပြီးခဲ့သည့် နွေရာသီအပြောင်းအရွှေ့ကာလအတွင်းက တစ်ရာသီအငှားဖြင့် ခေါ်ယူခဲ့သည်။

စမောလင်းသည် လက်ရှိတွင် ရိုးမားအသင်း၌ ခြေစွမ်းပြကစားနေပြီး ယခုရာသီပြိုင်ပွဲစုံ (၁၁)ပွဲတွင် (၂)ဂိုးသွင်းယူပေးထားနိုင်ခဲ့သည်။ ထို့ကြောင့် ရိုးမားအသင်းသည် စမောလင်းအား အပြီးသတ်ခေါ်ယူရန် စီစဉ်လာခြင်းဖြစ်ကြောင်း သိရသည်။

ရိုးမားအသင်းသည် စမောလင်းအား ပေါင် (၈.၅)သန်းဖြင့် အပြီးသတ်ခေါ်ယူရန် ကမ်းလှမ်းခဲ့သော်လည်း မန်ယူအသင်းက ပယ်ချခဲ့သဖြင့် ယခုအခါ ပေါင် (၁၃)သန်းအထိပေးချေကာ ခေါ်ယူရန် အသင့်ရှိနေကြောင်း အီတလီမီဒီယာများက ဖော်ပြခဲ့သည်။

စမောလင်းသည် မန်ယူအသင်းတွင် (၉)ရာသီကစားခဲ့ပြီး ပြိုင်ပွဲစုံ (၃၂၃)ပွဲ၌ (၁၈)ဂိုးသွင်းယူခဲ့သည်။ သို့သော်ပြီးခဲ့သည့်နွေရာသီအပြောင်းအရွှေ့ကာလအတွင်းတွင် မန်ယူအသင်းက လက်စတာနောက်ခံလူ မက်ဂွိုင်းယားကိုပေါင်သန်း (၈၀)ဖြင့်ခေါ်ယူပြီးနောက် စမောလင်းကို ရိုးမားအသင်းသို့ အငှားချခဲ့ခြင်းဖြစ်သည်။

 

 

Most Read

Most Recent